14

2.3K 141 8
                                    

နေ့ရက်တွေဟာပုံမှန်ပင်
ထယ်ယောင်းဟာလည်းသူ့အမေနိုးလာဖို့ကို
အမြဲတမ်းဆေးရုံမှာမျှော်လင့်တကြီး
စောင့်နေသလို ဂျောင်ကုလည်းသူ့အလုပ်တွေကို
ဆက်တိုက်လုပ်သည် အားရင်အားသလို
ထယ်ယောင်းဆီသွားသည်။ ပုံမှန်မဟုတ်တာက
ဂျယ်အီ့အပေါ်ထားတဲ့ဂျောင်ကုခံစားချက်တွေပင်
တဖြည်းဖြည်းစိတ်ကုန်လာကာ ဂျောင်ကုဂျယ်အီ
အပေါ်လုံးလုံးခံစားချက်ကင်းမဲ့သွားသည်။

"ဂျောင်ကု ဂျယ်အီဒီမှာ
ဂျောင်ကုအတွက်မနက်စာလုပ်လာတာ'

ဂျယ်အီပေးတဲ့မနက်စာဘူးကို
ဂျောင်ကုယူကာ ဖုန်းသာပြန်ကြည့်နေလိုက်သည်။

"ဂျောင်ကု'

ဂျယ်အီကဂျောင်ကုလက်ထဲကဖုန်းကိုဆွဲယူကာ
နမ်းမလို့ပြင်တော့ ဂျောင်ကုကရှောင်ထွက်သည်။

"အဲ့တာဘာလုပ်တာလဲဂျောင်ကု
ဂျယ်အီ့ကိုအခုတလောပစ်ထားပြီး
တွေ့လည်းရှောင်နေတယ် အလုပ်ကိစ္စ
လောက်ပဲစကားပြောတော့ပြီး ကျန်တဲ့အချိန်
ဘာမှမပြောဘူး'

ဂျယ်အီ့စကားကြောင့်ဂျောင်ကု
စိတ်ပျက်လက်ပျက်ဖြစ်သွားပေမယ့်
ထယ်ယောင်းကိုစိတ်ရောက်သွားတဲ့သူ့ကိုသူ
ဂျယ်အီ့အပေါ်ဖောက်ပြန်မိသလိုခံစားရကာ
စိတ်လျှော့လိုက်ပြီး။

"အဲ့လိုမဟုတ်ပါဘူးဂျယ်အီရဲ့
ကိုပင်ပန်းနေလို့ပါ'

ဂျောင်ကုကပြုံးကာပြောတော့မှ
ဂျယ်အီကမျက်မှောင်မကြုံ့တော့ပဲ
ဂျောင်ကုပေါင်ပေါ်ထိုင်ကာဖက်သည်။
ဂျောင်ကုလည်းပြန်ဖက်ကာ
ငြိမ်နေလိုက်သည်။

မဖြစ်တော့ဘူး ဒီတိုင်းဆိုသူဂျယ်အီ့ကို
မြန်မြန်ဖြတ်မှဖြစ်မည်လေ။

*တီ တီ *

ဂျောင်ကုဖုန်းမြည်လာတာကြောင့်
ကြည့်လိုက်တော့ထယ်ယောင်းဖုန်းမို့
ဂျယ်အီကိုဖယ်လိုက်ကာကိုင်လိုက်သည်။

"ဟယ်လို ထယ်ပြောလေ'

"ဂျွန်..ဂျွန် ထယ့်အမေသတိရလာပြီ
စိတ်ဖောက်တာမျိုးမဟုတ်ပဲသာမန်လူလို
ပြန်ကောင်းသွားတာ'

‌ဂျောင်ကု speaker ဖွင့်ထားတာမို့
ဘေးကဂျယ်အီကဂျောင်ကုစကားကြားပြီး
ထိတ်လန့်သွားသည်။ဂျောင်ကုကိုယ်တိုင်ကတော့
ချစ်ရသူရဲ့အမေကပြန်သတိရလာမို့
၀မ်းသာနေသည်။

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now