15

2.3K 158 6
                                    

အလုပ်နားရက်လေးဂျောင်ကုတစ်ယောက်
ထယ်ယောင်းနဲ့ဆေးရုံလိုက်သွားမလို့
လုပ်နေတုန်းရှိသေး ဂျယ်အီကဖုန်းဆက်
တာကြောင့် ထယ်ယောင်းနဲ့လိုက်မသွားတော့ပဲ
အလုပ်ရှိတယ်ဆိုကာအေဂျင်စီကသူ့နားနေ
ခန်းသို့ရောက်လာခဲ့သည်။

ဂျယ်အီမလာသေးတာကြောင့်
ဂျောင်ကုဖုန်းကြည့်နေလိုက်သည်။
မကြာပါတက်လာတဲ့သတင်းများကို
မြင်ပြီးဂျောင်ကုစိတ်တိုနေခဲ့သည်။

ထိုသတင်းက "မော်ဒယ်ယူဝွန်းနဲ့မော်ဒယ်ဂျွန်
ဂျောင်ကုရဲ့မန်နေဂျာတို့ တွဲနေကြတာလား?'
ဟူသောသတင်းခေါင်းစဉ်အောက်မှာ
ဒယ်ချွန်းကပုံတွေနဲ့...။

ဒါဆိုသေချာနေတာပဲအဲ့ညစားသောက်ဆိုင်မှာ
ရလိုက်တဲ့ရေမွှေးနံ့နဲ့ဆို။

"တောက်ခ်!'

"ဂျောင်ကု ဂျယ်အီနောက်ကျသွားတယ်'

"အေ မင်းနဲ့ငါရှင်းစရာရှိတယ်'

ဂျောင်ကု အပြင်ကတခြားနာမည်ကြီး
တွေအတွက် အလုပ်ရှုပ်နေကြတဲ့
၀န်ထမ်းတွေကြားမှာစိုးတာကြောင့်
တံခါးကိုလုံအောင်ပိတ်ကာ
ဂျယ်အီကို သူ့ဖုန်းထဲကသတင်းကိုပြ
လိုက်သည်။ ထိုသတင်းကိုမြင်တော့
အံ့ဩသွားတဲ့ဂျယ်အီကိုကြည့်ပြီး
သတင်းမှန်နေပြီဆိုတာဂျောင်ကုသိလိုက်သည်။

"ဂျောင်ကု အဲ့တာက...'
_______________________________________

"အမေ စားလို့ကောင်းလား'

ဂျောင်ကုအဖေက ထယ်ယောင်းအမေအတွက်
နေ့လယ်စာအကြိုက်ပို့ပေးလိုက်တာမို့
ထယ်ယောင်းအမေ မှာသဘောတွေကျနေတာ
ကြောင့်ထယ်ယောင်းမေးလိုက်ခြင်း။

"အင်းကွယ် သားမက်လေးကော
ခမည်းခမက်ကကောက သိပ်ကို
ဂရုဏာတရားရှိကြတယ် ငါ့သားလေး
ကံကောင်းလိုက်တာ'

နေ့လယ်စာတွေကအရမ်းများတာမို့
ဂျယ်ယွန်းတို့ဟီဆွန်းတို့ကိုပါထယ်ယောင်း
တူတူစားဖို့ခေါ်ထားတော့ အစားပုပ်တဲ့
ဂျယ်ယွန်းလေးကိုကြည့်ပြီးဟီဆွန်းမှာ
ကြိတ်ကြိတ်ရယ်နေသည်။

"ဒီအချိန် ဂျောင်ကုလေးကောဘာမှ
မစားရသေးဘူးမလား သားသွားပို့လိုက်ပါလား'

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Où les histoires vivent. Découvrez maintenant