3

2.4K 185 5
                                    

"သတ်ပစ်မှာ ခွေးလိုကောင်တွေ'

ဂျယ်ယွန်းဆီကအကြောင်းစုံသိပြီးတဲ့
ထယ်ယောင်း စိတ်တိုတိုနဲ့ကျိန်းလိုက်သည်။
ထယ်ယောင်းကနာမည်ကြီးဒီဇိုင်နာတစ်ဦး
ပေမယ့်သူ့အမေကျန်းမာရေးကြောင့် အိမ်ကနေပဲ
အလုပ်တွေအကုန်လုပ်ပြီးလူယုံတွေနဲ့
ပို့ပေးတတ်သည်။အခုအမေပျောက်သွားရတာ
ကလည်း အလုပ်ကိစ္စမဖြစ်မနေထွက်တွေ့
ရမှာမို့ထွက်တွေ့နေတုန်းအမေကရအောင်
ထွက်သွားတာပင် သူ့အိမ်ကအိမ်စေတွေ
စောက်သုံးမကျတာလည်းပါသည်။

ထယ်ယောင်းကျိန်းမှုကြောင့်
ဂျောင်ကုနဲ့ဂျယ်အီကျောချမ်းသွားသည်။
သူတို့ပြစ်မှုမကင်းဘူးမဟုတ်ပါလား။

ဒေါသထွက်နေတဲ့ထယ်ယောင်းက
အခုမှသူ့ရှေ့ကလူနှစ်ယောက်ကိုကြည့်မိသည်။
ဒါကသူ့ဒီဇိုင်းတွေအမြဲ၀တ်တဲ့ မော်ဒယ်
ဂျွန်ဂျောင်ကုမဟုတ်လား ဘေးကဂျောင်ကု
နားမှာခနခနတွေ့ရတဲ့မန်နေဂျာဆိုသူ။

"အာထယ်ယောင်း ငါပြောတယ်လေ
လုနှစ်ယောက်ကမင်းအမေကိုတွေ့လို့
ဆေးရုံခေါ်လာတာဆိုတာ ဒါသူတို့တွေ'

ဂျယ်ယွန်းမိတ်ဆက်ပေးတော့ ထယ်ယောင်း
ဂျောင်ကုတို့ကိုစကားဟလိုက်သည်။

"အာဒီက မော်ဒယ်မဟုတ်လား
ဘေးကခနခနတွေ့နေရတဲ့ဂျောင်ကုမန်နေဂျာ'

ထယ်ယောင်းကဆိုရှယ်‌သုံးသူမို့
ဂျောင်ကုတို့ကိုသိပုံပေါ်တာကြောင့်
ဂျောင်ကုနဲ့ဂျယ်အီလည်း နှုတ်ဆက်လိုက်သည်။

"ဟုတ်ပါတယ်ကျတော်တို့ပါပဲ'

"ကျေးဇူးတင်ပါတယ် ဂျောင်ကုနဲ့ဂျယ်အီ
မင်းတို့သာမကယ်ရင်ကျတော့်အမေ
အသက်ဆုံးရှုံးနေမှာ ကျေးဇူးတင်ပါတယ်'

အဖြစ်မှန်တွေကိုမသိတဲ့ထယ်ယောင်းက
ဂျောင်ကုတို့ကိုဇွတ်တွေ
ကျေးဇူးတင်နေတာကြောင့် ဂျယ်အီကတော့
စိတ်ပျက်သလိုဖြစ်နေတာဒီကမြန်မြန်ပြန်ချင်
ပေမယ့် ဂျောင်ကုကတစ်ကယ်ကို
စိတ်မလုံသလိုခံစားနေရသလို ထယ်ယောင်းကို
အရမ်းအားနာနေမိသည်။

"အာမလိုတာဗျာ
ကျတော်တို့ကူညီရမှာပေါ့'

ဂျယ်အီကပြန်ပြောတော့
ထယ်ယောင်းကပြုံးပြသည်။

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now