6

2K 157 7
                                    

"အဖေ ကျတော်စဉ်းစားပါဦးမယ်
ဒီကိစ္စကို ဂျယ်အီ့ကိုပြောရဦးမှာမို့...'

၀န်ကြီးချုပ်ကဂျောင်ကုကိုဘာမှမပြောဖို့
လက်ကာပြကာ သူသိပြီဆိုကာ
ဂျယ်အီကိုစိုက်ကြည့်တာ ပြန်သွားသည်။

"ဂျောင်ကု ၀န်ကြီးကဘာတွေ
ပြောသွားတာလဲဟင်'

ဂျောင်ကုကဂျယ်အီ့ပုခုံးနှစ်ဖက်ကို
သေချာကိုင်ကာ။

"ဂျယ်အီကိုပြောတာသေချာ
နားထောင်နော် ကိုရှင်းပြ...'

ဂျယ်အီကဂျောင်ကုလက်ကို
အကြမ်းခါထုတ်ကာဖြင့်။

"ဂျောင်ကုဘာတွေရှင်းပြဦးမှာလဲ!
၀န်ကြီးကတောင်လက်ထက်ဖို့ထိ
ပြောနေတာမလား ဂျောင်ကု ကျတော့်ကို
လှည့်စားနေတာ!'

"မဟုတ်ဘူး တစ်ကယ်မဟုတ်ဘူး
ကိုပြောတာနားထောင်'

ဂျောင်ကုကသေချာသူ့အဖေပြောတာတွေ
ဂျယ်အီ့ကိုပြန်ပြောပြမှ စိတ်လျှော့ရှာသည်။

"ကိုတောင်းပန်ပါတယ်
ကို့ကိုနားလည်ပေးပါနော်'

ဂျယ်အီလည်းဂျောင်ကုကလက်ထပ်ရင်
ကျွန်းကိုရမည်ဆိုတော့ ဂျောင်ကုထက်ငွေကို
ပိုမက်မောတဲ့ဂျယ်အီအတွက် ဟန်ဆောင်အပြုံး
လေးပြုံးကာ စိတ်ထားကောင်းဟန်ဆောင်
လိုက်သည်။

"ရပါတယ် ဂျောင်ကုကိုနားလည်ပါတယ်
ဂျောင်ကုအမေရဲ့မြတ်နိုးရတဲ့ကျွန်းပဲကို
သေချာပေါက်ရအောင်ယူသင့်တာပေါ့'

"ကျေးဇူးတင်လိုက်တာကွာ
ဂျယ်အီကဒါကြောင့်ကို့ချစ်မ၀လေး
ဖြစ်နေခဲ့တာ'

ဂျောင်ကုကဂျယ်အီကိုဖက်ကာ
ရယ်နေပေမယ့် ဂျယ်အီကတော့သူ့စိတ်ထဲ
ဂျောင်ကုရမယ့်ကျွန်းကို‌သာစိတ်ရောက်နေသည်။

"အဲ့တော့ ထယ်ယောင်းကို
လိုက်မှာလား'

"အာ..ကိုထယ်ယောင်းကိုမယူပါဘူး
ဒီတိုင်းတခြားတစ်ယောက်ကို ပိုက်ဆံပေးပြီး
ဟန်ဆောင်လက်ထပ်ခိုင်းလိုက်မယ်'

ဂျယ်အီကတော့ ဂျောင်ကုအပေါ်ထယ်ယောင်း
စိတ်ရောက်နေတယ်ရိပ်မိတာမို့ သူ့ရဲ့ငွေထုပ်
ကိုလာလုမယ့်လူလို့သာမြင်နေတာကြောင့်
ထယ်ယောင်းကိုသူခံစားစေချင်နေသည်။

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Où les histoires vivent. Découvrez maintenant