17

2.4K 156 9
                                    

"ဒဲ့ပဲမေးမယ် မင်းဆီကို
ဂျယ်အီရောက်နေတာလား'

စားသောက်ဆိုင်တစ်ခုမှာ
ဂျောင်ကု ယူဝွန်းနဲ့မတွေ့ချင်ပေမယ့်
တွေ့ဖို့ချိန်းလိုက်ရသည်။

ဂျယ်အီပျောက်နေတာကိုယူဝွန်းက
တုတ်တုတ်မျှမလှုပ်လို့ပင်။

"မရှိဘူး'

ယူဝွန်း သူ့ကိုဂျောင်ကုချိန်းတည်းက
ဂျယ်အီကိစ္စမေးမယ်ဆိုတာသိပြီးသားမို့
အဆန်းတော့မဟုတ်ပေ။

"သေချာလို့လားယူဝွန်း
မင်းဂျယ်အီ့ကိုရှာနေတယ်လည်း
မကြားဘူး မင်းချစ်သူလေးကို ရှာနေမယ်
ထင်တာ'

"မင်းသိဖို့မလိုပါဘူး ဂျွန်ဂျောင်ကု
ပြောစရာဒါပဲဆို ငါသွားပြီ'

"မင်းကအမှားကိုလက်၀ယ်ပိုက်
ကြည့်မနေတတ်တာငါသိတယ်ယူဝွန်း'

သွားတော့မလို့လုပ်နေတဲ့ယူဝွန်းမှာ
ဂျောင်ကုစကားကြောင့် ရပ်သွားသည်။

"မင်းသူ့ကိုတွေ့သည်ဖြစ်စေမတွေ့သည်
ဖြစ်စေ ကိစ္စတွေကိုမင်းသိထားပြီ‌ဆိုတာတော့
ငါသိတယ်'

"အင်း'

"အဲ့အန်တီနေရာမှာမင်းအမေသာဖြစ်ခဲ့ရင်'

ယူဝွန်းဟာလည်းအမေမရှိတော့သူပင်
သူ့အမေလည်း ကားတိုက်ခံရပြီးသေဆုံး
သွားတာပင်။အကြောင်းသိတဲ့ဂျောင်ကုက
ယူဝွန်းကိုသေချာပြောပြသည်။

"ငါသွားပြီ'

ယူဝွန်းပြန်လာတဲ့
တစ်လျှောက်လုံးဂျောင်ကုပြောခဲ့တာတွေ
စဉ်းစားနေမိသည်။ ဂျယ်အီ ကိုသူချစ်သည်
ဒါပေမယ့်သူကိုယ်တိုင်ကျရဲလက်မအပ်
ချင်တာကြောင့် ယူဝွန်းအကြံတစ်ခုခုလုပ်ရ
တော့မည်လေ။

"ယူဝွန်း ဂျောင်ကုဘာပြောတာလဲ'

ယူဝွန်းအိမ်ပြန်လာတော့ ဂျယ်အီက
အပြေးထွက်လာကာလှမ်းမေးသည်။
ယူဝွန်းလည်းမဟုတ်သောလိမ်ဆင်ကို
ထွင်ရတော့သည်။

"ဂျယ်အီမင်းဆီမှာရှိနေလားတဲ့
ဂျောင်ကုကိုတော့ထယ်ယောင်းကခွင့်လွှတ်
တယ်တဲ့ ဂျယ်အီ့ကိုတော့ခွင့်မလွှတိဘူးတဲ့'

"အဲ့ကောင်ကအဲ့စောက်ချိုးလား
ဂျွန်ဂျောင်ကုပါကြံရာပါဖြစ်ခဲ့တာပဲလေ'

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now