13

2K 143 4
                                    

"တစ်ကယ်ပါဂျောင်ကုရဲ့
ဂျယ်အီကအခုတိုက်ခန်းမှာပဲရှိတာ'

ယူဝွန်းကကုတင်ပေါ်မှာ
ဂျယ်အီကိုနောက်ကဖက်ကာ ပြောတာ
နားထောင်နေလိုက်သည်။

ဖုန်းကျသွားမှ....

"ဂျောင်ကုဆက်တာလား'

"ဟုတ်တယ် သူကအခုဘယ်မှာလဲတဲ့
တိုက်ခန်းမှာဆိုတာသေချာရဲ့လားတဲ့
မသင်ကာသလိုမေးလာတာ'

"ထူးဆန်းတာပဲ သူပြည်ပကိုခရီးထွက်တာရော
ဟုတ်ရဲ့လား'

"ဟုတ်ပါတယ်ဂျောင်ကုကလိမ်မလား
ဂျယ်အီ့ကို'

"အင်းပါကွာအဲ့ကောင်အကြောင်းမပြောနဲ့တော့
အိပ်ကြမယ်'

ဒီလိုနဲ့တစ်ဖက်ကဂျောင်ကုတို့လည်း
နောက်တစ်နေ့ မနက်ခင်းနဲ့နေ့လည်ဘက်ကို
ကမ်းခြေမှာရေကူးပြီးအပန်းဖြေရင်း
သူတို့အခန်းဘေးက နိုင်ငံခြားသား
အတွဲက ညဘက်မီးပုံပွဲလုပ်မှာ
လာဖိတ်ထားတာမို့ မီးပုံပွဲသို့ညဘက်သွားကြသည်။

"ဂျွန် မိုက်တယ်နော် အဲ့အတွဲ'

အမေရိကန်ခပ်ချောချောမလေးနဲ့
မျိုးတူခပ်ချောချောကောင်လေးတို့
အတွဲကိုကြည့်ပြီးထယ်ယောငိးကပြောနေသည်။
ဂျောင်ကုကလည်းခေါင်းတငြိမ့်ငြိမ့်နဲ့ပင်။

"ဂျွန် ထယ်ရေဆာတယ်'

ထယ်ယောင်းကအရမ်းရေဆာတဲ့ပုံ
ပေါက်နေတာကြောင့် ဟိုအတွဲမှာထားတဲ့
ဝိုင်ကိုယူကာ ဂျောင်ကုထယ်ယောင်းကို
ပေးသောက်လိုက်သည်။

ထိုအခါနိုင်ငံခြားကောင်လေးက
ခေါင်းတခါခါဖြင့်စိတ်ညစ်ကာသူတို့နား
ရောက်လာသည်။

"သွားပြီ အဲ့ခွက်ကိုမှတိုက်လိုက်တာလား'

နိုင်ငံခြားသားပေမယ့် ကိုရီးယားမှာ
ကျောင်းတက်တည်းကနေလာတဲ့ကောင်လေးမို့
သူတို့နားလာကာအဲ့ခွက်ကိုသောက်လို့
မဖြစ်ကြောင်းပြောပေမယ့် ထယ်ယောင်းက
သောက်ပြီးပြီပဲလေ။

"ဘာဖြစ်လို့လဲ'

ဂျောင်ကုကသိချင်သလိုမေးတော့
ထိုနိုင်ငံခြားသားကဖြေဖို့လုပ်နေတုန်း
ထယ်ယောင်းကဂျောင်ကုလက်ကိုဆွဲကု
ဟိုတယ်ထဲ၀င်သွားတာကြောင့် ဘာမှ
မပြောလိုက်ရ။

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now