11

1.9K 151 3
                                    

"အာဒီနေ့ အချိန်ဇယားဘာလုပ်စရာရှိလဲ
ကျတော့်ကိုလာမေးတာထယ်ယောင်း
မရှိဘူးဆိုရင်သူထယ်ယောင်းနဲ့ ဆေးရုံ
လိုက်မလို့တဲ့'

ဂျောင်ကုဖြေစရာရှာနေတုန်း
ဂျယ်အီ၀င်ဖြေပေးလိုက်တာကြောင့်
ထယ်ယောင်းလည်းယုံသွားကာ
နှစ်ယောက်လုံးကိုမနက်စာစားဖို့
ခေါ်လိုက်တော့သည်။

ဒီလိုနဲ့ဂျယ်အီလည်းမနက်စာစားလို့အပြီး
ပြန်သွားတော့ ထယ်ယောင်းဂျောင်ကုကို
စကားဟလိုက်သည်။

"ဂျွန်နဲ့ဂျယ်အီကတော်တော်ခင်ကြတာပဲ'

"ဟုတ်တယ်လေထယ်ရဲ့
ကိုတို့ကအရမ်းခင်ကြတာ'

"အာဒါနဲ့ ဒီနေ့ဘာအချိန်ဇယားမှ
မရှိဘူးမဟုတ်လား'

"မရှိဘူး ထယ်ကိုဒီနေ့
ထယ်နဲ့ဆေးရုံလိုက်စောင့်ပေးမလို့
ဟီဆွန်းနဲ့လည်းတွေ့ချင်သေးတယ် ဟီဆွန်း
အဖေနဲ့ကောမတွေ့ရတာကြာပြီမို့'

ဂျောင်ကုလိုက်ခဲ့မယ်ပြောတာကြောင့်
ထယ်ယောင်းပျော်သွားသည်။

ဒီလိုနဲ့ထယ်ယောင်းတို့ဆေးရုံအရောက်
ဟီဆွန်းနဲ့ဂျယ်ယွန်းကသူ့အမေအခန်းထဲမှာ
ထိုင်နေကာရန်ဖြစ်နေကြပြန်သည်။

"မင်းတို့ဘလိူဖြစ်လို့မတည့်ရဲ့သားနဲ့
အတူတူထိုင်နေကြတာလဲ'

ဂျယ်ယွန်းကထယ်ယောင်းတို့လာတာ
မြင်တာနဲ့ထိုင်နေရာကပင်ထကာ။

"လီဟီဆွန်းပေါ့ ဆေးရုံအုပ်ကိုဘာသွားပြော
လိုက်လဲမသိဘူး အမိန့်ကျလာတယ်လေ
ငါနဲ့သူမင်းအမေကိုစောင့်ပေးရမယ်ဆိုပြီး'

ဂျယ်ယွန်းစကားကြောင့်ဘေးက
ဟီဆွန်းကတော့ရယ်နေကာထယ်ယောင်း
လည်းထိုနည်းတူပင်။

"ဂျောင်ကု အဖေနဲ့သွားတွေ့မလား
သူအခုအားတယ်'

"သွားကြမယ်လေ
ထယ်ကိုခနသွားတွေ့လိုက်ဦးမယ်နော်'

"ဟုတ်ပြီ ဂျွန်'

ဂျောင်ကုဟီဆွန်းနဲ့လိုက်သွားတော့
အခန်းထဲမှာဂျယွန်းနဲ့စကားပြောနေရင်းပင်
ဂျယ်အီ့အကြောင်းဘက်ရောက်သွားသည်။

"ညက ဂျယ်အီလာသွားတာပေါ့'

"ဟုတ်တယ် ညပါအိပ်သွားတယ်'

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Unde poveștirile trăiesc. Descoperă acum