2

2.7K 208 11
                                    

"လုပ်ကြံဇာတ်ဟုတ်လား ဂျောင်ကု'

"အင်း ဟုတ်တယ်
ဖန်တီးရမယ်'

"ဘလို..ဘလိုမျိုးလဲ'

"ကိုပြောသလိုသာလုပ်ပါ
အိတ်သွားယူ'

ဂျယ်အီ အိတ်သွားယူနေစဉ်
ဂျောင်ကု တခြားအကြံရသွားသည်။

"ရပြီ ဂျောင်ကု
ဒီမှာအိတ်'

"အိတ်မယူနဲ့တော့
ပေနေတဲ့သွေးတွေကိုသုတ်လိုက်'

"ဟမ်ဘာလို့လဲ'

"ကိုတို့ကလမ်းပေါ်မှာသေနေတာကို
တွေ့သလို ဆေးရုံကိုခေါ်သွားရမယ်'

"ဂျောင်ကု!ရူးသွားပြီလား
ဘသူကအဲ့တာကိုယုံမှာလဲ'

"ဒီနားမှာ CCTV လည်းမရှိဘူး
ဘသူ့မှမမြင်ခင် ကိုပြောသလိုလုပ်ပါ'

ဂျယ်အီလည်းကြောက်ကြောက်နဲ့
ဂျောင်ကုပြောသလိုကားပေါ်ကသတင်းစာ‌
တွေကိုယူကာ တိုက်ခံထားရတဲ့မိန်းမကြီး
ကိုယ်ပေါ်ကသွေးတွေကိုသုတ်လိုက်သည်။
ပြီးတာနှင့်သူကောဂျောင်ကုကော
အလောင်းကိုတစ်ဖက်ဆီမကာ
ဆေးရုံသို့ခေါ်သွားလိုက်တော့သည်။

_____________________________________

"လူနာကအသက်ငင်ခံနီးနေပြီ
သွေးအရမ်းလျှံနေတာ သွေးလိုတယ်
AB သွေး'

ဂျောင်ကုတို့ဆေးရုံကိုခေါ်သွားပြီး
ဆရာ၀န်တွေကိုကားပတ်မောင်းရင်း
လမ်းမှာမေ့လဲနေတာတွေ့လို့ခေါ်လာသည်ဟု
ပြောလိုက်သည်။

သေပြီထင်ထားပေမယ့် ကယ်လို့ရမယ့်
နည်းလမ်းတစ်ခုရှိနေတာကြောင့်
ဂျောင်ကုနဲ့ဂျယ်အီအံ့ဩသွားသည်။

"ကျတော့်သွေးကိုယူပါ'

"ဂျောင်ကု!'

ဂျယ်အီ ဂျောင်ကုကို တစ်ဖက်သို့
ခနခေါ်လိုက်ပြီး သွေးလှူပြီးကယ်မလို့လုပ်နေ
တာကြောင့် တားမို့ပြင်လိုက်သည်။

"ဘာလို့ကယ်မှာလဲ ဂျောင်ကု
သူအသက်ပြန်ရှင်ရင် ကျနော့်ကိုတရားစွဲမှာပေါ့'

"ဂျယ်အီ သူမမြင်လိုက်ပါဘူးမင်းကို
သူသတိရလာရင်တောင်ဘာမှသိမှာ
မဟုတ်ဘူး'

"ဟင့်အင်း မကယ်နဲ့'

"ဂျယ်အီ ကိုကယ်မှရမယ်
လူကြီးတစ်ယောက်ပါ သူ့မှာမိသားစုရှိနေရင်
သူ့မိသားစုသူ့အတွက် ဘလောက်တောင်
ခံစားရမလဲ'

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now