16

2.4K 161 7
                                    

ထယ်ယောင်း အခုချိန်မှာ
ရင်သိပ်နာသလို မုန်းချင်သော်လည်း
မမုန်းရက်နိုင်သလိုဖြစ်နေသည်။

ဂျောင်ကုကသူ့အပေါ်ဘလိုတောင်
လုပ်ရက်ရတာလဲဆိုတဲ့မေးခွန်းတွေသာ
ခေါင်းထဲတဝဲဝဲလည်နေတော့သည်။

ဟန်မြစ်ဘေးမှာထိုင်ကာဆိုဂျူပုလငိးတွေ
နဲ့သူ့ကိုသွားလာနေတဲ့လူတွေက ကွက်ကြည့်
ကွက်ကြည့်နဲ့ပင်။ နာမည်ကြီးနေတဲ့လူမို့
သူ့မှာ ခေါင်းစွပ်ပါတဲ့အနွေးထည်ကို၀တ်ထားရသေးသည်။ စိတ်နာနာနဲ့ ဆိုဂျူတွေဘလောက်
ပဲမော့မော့ ရင်ထဲကအပူဟာငြိမ်းမနေခဲ့။
ဒါတွေကိုအမှန်မဟုတ်ပါစေနဲ့ရင်ထဲက
ဆုတောင်းနေပေမယ့် အကုန်လုံးက
အဖြစ်မှန်တွေဆိုတဲ့အမှန်တရားကပြောင်းလဲ
လို့မရပေ။

"ထယ်...ဘယ်တွေသွားနေတာလဲ'

ထယ်ယောင်းစိတ်ပျက်လက်ပျက်ဖြင့်
အိမ်ကိုပြန်လာတော့ဧည့်ခန်းထဲမှာ
ထိုင်နေတဲ့ဂျောင်ကုကိုမြင်ပေမယ့်
ကျော်သွားတော့ ဂျောင်ကုကထလာကာ
သူ့ပုခုံးကိုကိုင်ကာစိတ်ပူတဲ့မျက်၀န်းတွေနဲ့
လာကြည့်သည်။

မကြည့်နဲ့ဂျောင်ကု အတုအယောင်တွေကို
ငါမလိုချင်ဘူး။

"ငါ့ကိုလွှတ်စမ်းပါ မင်းနဲ့ဘာဆိုင်လဲ'

ဂျောင်ကုကိုင်ထားတဲ့လက်ကို
ထယ်ယောင်းခါထုတ်လိုက်သည်။

"ကိုကဘာလို့မင်းနဲ့မဆိုင်ရမှာလဲ
ကိုကမင်းရဲ့...'

"အယောင်ဆောင်တွေပဲဖြစ်ခဲ့တာကို!'

".......'

"မင်းကိုယ်တိုင်ဖန်တီးခဲ့တာ!'

ထယ်ယောင်းဂျောင်ကုကိုအော်ပြောရင်း
မျက်ရည်များကျလာသည် ဂျောင်ကုရှေ့တင်
ထိုင်ချလိုက်ကာငိုမိတော့သည်။

"ငါချစ်တဲ့လူကမှငါ့နောက်ကျောကို
ဓားနဲ့ထိုးသွားတာ ခံပြင်းတယ်!အရမ်းကို
ခံပြင်းတယ်'

ဂျောင်ကုဒီအခြေအနေမှာဘာမှ
မပြောနိုင်ခဲ့ ထယ်ယောင်းပြောနေတာတွေက
မှန်သည်မဟုတ်ပါလား။

"ငါမင်းကိုချစ်ခဲ့တာလေဂျောင်ကုရဲ့
မင်းကတော့ဂျယ်အီနဲ့....'

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now