4

2.2K 179 7
                                    

"အာ..ဒီနေ့ဂျောင်ကုဓာတ်ပုံရိုက်ရမှာမလား
ကျတော့်ဆီဒီဇိုင်းအပ်ထားတာလေး
ဂျောင်ကုတို့ကိုလည်းတွေ့ချင်တာနဲ့
ကိုယ်တိုင်လာပေးလိုက်တာ'

အချိန်ကောင်းလေးဖြတ်ခံလိုက်ရတဲ့
ဂျယ်အီကတော့ စိတ်တိုသွားသည်။

"ဟုတ်လား ကျတော်ယူထားလိုက်မယ်'

ဘေးကနေဂျယ်အီက ထယ်ယောင်း
လက်ထဲကအ၀တ်ဖာကိုယူလိုက်သည်။
ထယ်ယောင်းက ဂျောင်ကုတို့ကိုကြည့်ပြီး
တစ်ချက်ဟန့်လိုက်သည်။ အခြေအနေကို
ရိပ်မိတဲ့ဂျောင်ကုကပင်။

"အာဂျယ်အီနဲ့ကျတော်က
ငယ်ငယ်တည်းကပေါင်းလာကြတာလေ
အရမ်းခင်ကြတာ'

ဂျောင်ကုရှင်းပြချက်ကို
ထယ်ယောင်းကြားပြီး အနည်းငယ်
စိတ်အေးသလိုရှိသွားသည်။
ဘာကြောင့်လဲသူမသိပေမယ့်ပေါ့။

ဂျယ်အီကတော့ ဒီဇိုင်နာကို
ဇွတ်တွေသူငယ်ချင်းဆိုပြီးရှင်းပြနေတဲ့
ဂျောင်ကုကိုဒေါသထွက်သလို ထယ်ယောင်း
ကိုလည်းအနည်းငယ်မနာလိုဖြစ်လာသည်။
ဂျောင်ကုက ဒီဇိုင်နာထယ်ယောင်းရှေ့ဆို
တည်တည်ငြိမ်ငြိမ်ပြန်ပြန်ဖြစ်သွားလို့ပင်။

"ဟုတ်လား ကောင်းတာပေါ့
ငယ်ငယ်တည်းကခင်လာကြတာဆိုတော့လေ'

"ဒါနဲ့အန်တီအဆင်ပြေရဲ့လား'

စကားကြောမဖြတ်သေးတဲ့အပြင်
လေကြောရှည်ကာ အန်တီကြီးအကြောင်း
မေးနေပြန်တဲ့ဂျောင်ကုကို ဂျယ်အီမပြောဖို့
အရိပ်အကဲပြလိုက်သည်။
‌ထယ်ယောင်းကိုသာကြည့်နေတဲ့
ဂျောင်ကုကတော့ သတိမရပေ။

"ပြေပါတယ် ဂျောင်ကုတို့သာမကူညီရင်
ကျတော့်အမေဘာဖြစ်သွားမလဲ
တွေးတောင်မတွေးရဲဘူးရယ်'

အရမ်းရိုးပြီးအလွန်းနေတဲ့ ထယ်ယောင်း
ကြောင့်ဂျယ်အီကလှောင်ပြုံးမသိမသာ
ပြုံးလိုက်သည်။

စကားအနည်းငယ်ပြောပြီးတော့
ထယ်ယောင်းကပြန်သွားသည်။

"ဂျောင်ကု ဘာလို့အဲ့အန်တီကြီးအကြောင်း
သွားမေးတာလဲ'

"အဆင်ပြေလားမပြေလားသိချင်လို့လေ
ဂျယ်အီရဲ့'

"ဘာလို့သိချင်နေရတာလဲ တစ်ကယ်ပဲ
ကျတော်တို့ကိစ္စမှမဟုတ်ပဲ'

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now