Chapter 2 The Ugly Duckling 2

158 10 1
                                    

နောက်တစ်စက္ကန့်မှာ နင်ရှောင် ရဲ့ ခန္ဓာကိုယ်ကို ထိန်းထားသည်။

နင်ရှောင် က သူမလက်ကို ဆန့်တန်းပြီး
ယွန်ကီနာ ကို ပြင်းပြင်းထန်ထန်တွန်းလိုက်သည်။
ယွန်ကီနာ သည် နောက်သို့ခြေလှမ်းအနည်းငယ်
ယိမ်းယိုင်ပြီး ဝါးပင်နှင့်ရိုက်မိရာနာကျင်မူကြောင့် မျက်လုံးနက်များက ချက်ချင်းဝမ်းနည်းမျက်ရည်ဖုံးလွှမ်းကာ သူမရဲ့မျက်နှာက စက္ကူကဲ့သို့ဖြူဝင်းနေသည်။

နင်ရှောင် ကယွန်ကီနာ ရဲ့နာကျင်နေသော
အမူအရာကိုကြည့်ကာသရော်လိုက်သည်။
" ငါကသူတို့လိုမိုက်မဲသောသူ မဟုတ်ဘူး
   သနားချင်စရာကောင်းအောင် ဟန်မရှောင်နဲ့၊
   ရယ်စရာကောင်းလိုက်တာ ငါ့ဆီကရှန်ရှာတန်
   ကို လုယူဖို့ သတ္တိရှိလိုက်တာ"

ယွန်ကီနာ က နင်ရှောင်ကို အုံ့ဆိုင်းပြီးမြူခိုး
သောမျက်လုံးဖြင့်ကြည့်ကာ သူမရဲ့ဖြူဖျော့‌သော
နှုတ်ခမ်းများက တုန်ရီသောအသံဖြင့်
" ငါမလုဘူး "
" မင်းမဝန်ခံဘူးလား " နင်ရှောင်က
ယွန်ကီနာ ရဲ့လက်ကောက်ဝတ်ကို ဖမ်းယူပြီး
ကြမ်းတမ်းစွာ လှုပ်ခါလိုက်သည်။ ယွန်ကီနာ
သေးသွယ်ပိန်လှီသောခန္ဓာကိုယ်က မထိန်းနိုင်ဘဲ လဲကျသွား
သည်။

[ ဒင်း....တစ်မိနစ်ပြည့်ပါပြီ ၊ ပထမဇာတ်ကွက်ကို ပြီးမြှောက်သောကြောင့် ၁၀ မှတ်ရရှိသည့်အတွက်
အိမ်ရှင်အား ဂုဏ်ပြုပါတယ်၊ ၁၀မှတ်ကို စုဆောင်းပါ ]

နင်ရှောင်သည် သူမ၏ခန္ဓာကိုယ်ကို
ပြန်လည်ထိန်းချုပ်ပြီး လဲနေသော ယွန်ကီနာကို
ချက်ချင်းကိုင်လိုက်သည်။ ယွန်ကီနာ သည်
ကြီးမားသောအင်အားဖြင့်ဆွဲခံရပြီး နင်ရှောင်
လက်မောင်းနှစ်ဖက်သို့ လှဲကျသွားသည်။
ယွန်ကီနာသည် ထိတ်လန့်လျက် ခေါင်းကိုမော့ပြီး
သူမနှင့်အလွန်နီးကပ်စွာရှိပြီး ဆွဲဆောင်မူရှိသောမိန်းကလေး
၏ ချစ်စရာမျက်လုံးနှင့် နှုတ်ခမ်းနီနီများကို ကြည့်လိုက်
သည်။ ရုတ်တရက်သူမကို ပြန်ဆွဲတာက နားမလည်နိုင်ပါ။

နင်ရှောင် သည်ယွန်ကီနာ၏ခါးကိုကိုင်ကာ မကူညီနိုင်ဘဲ မျက်မှောင်ကြုပ်လိုက်သည်။ ယွန်ကီနာ
သည် အလွန်ပိန်လှီပြီး သူမခါးကို လက်တစ်ဖက်ဖြင့် ဝန်းရံထားနိုင်သည်။
နင်ရှောင် က
" မင်းနောက်ဆိုရင် ငါနဲ့နေ့လည်စာအတူစားရမယ် "

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now