Chapter 44 The Ugly Duckling 44

93 12 1
                                    


စာသင်နှစ် ပထမနှစ်ဝက်တွင် တက်ကသိုလ်တစ်ခုလုံးတွင် နင်ရှောင် ကို သိကြပြီး သူမတွင် ဘေဂျင်းရုပ်ရှင် သရုပ်ဆောင်ဌာနမှရည်းစားတစ်ယောက်ရှိကြောင်း အားလုံး သိကြသည်။ ယွန်ကီနာ ဝန်းကျင်ကအတန်းဖော်တွေကလည်း သူမတွင် ကောင်မလေးရှိကြောင်း သိကြပြီးဖြစ်သည်။

တစ်ယောက်က အရပ်ရှည်ကာ ရုပ်ရည်ချောမောပြီး
နောက်တစ်ယောက်က သေးသေးလေးနဲ့ လှသည်။ သူတို့သည် အလွန်လိုက်ဖက်ကြသည်။

နင်ရှောင် သည်သောကြာနေ့မွန်းလွဲပိုင်းတွင် ယွန်ကီနာ ကို ကျောင်းအပြင်ဘက် သီးသန့်ဆိုင်တွင် ချိန်းသည်။ ကျန်းယွမ်ရီ က တစ်ခုခုဖြစ်နေပြီဟု ပြောပြီး နင်ရှောင် နှင့် ယွန်ကီနာ အားကျောင်းအပြင်ဘက်ရှိ သီးသန့်ဆိုင်တွင် လာတွေ့ရန်ပြောထားသောကြောင့်ဖြစ်သည် ။

ခဏကြာတော့ ယွန်ကီနာ ရောက်လာတယ်။

သူမက နင်ရှောင် ဘေးမှာထိုင်ပြီး
"ဘာလို့ဒီနေ့ ရုတ်တရက်ထွက်လာတာလဲ။"

များသောအားဖြင့် သူတို့သည် တိုက်ခန်းသို့ ပြန်သွားကြသည်၊ ဒါမှမဟုတ် ကန်တင်း တွင် တိုက်ရိုက်စားကြသည်၊  ဤနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။

နင်ရှောင် က ယွန်ကီနာ ကို
"ကျန်းယွန်ရီ က ငါ့ကို ဘာလို့ခေါ်တာလဲမသိဘူး၊ သူက အလျင်လိုနေတယ်လို့ ပြောတယ်။"

ယွန်ကီနာ ဒါကိုကြားတော့ သူမစိတ်ထဲ တုန်လှုပ်သွားပြီး "ကျန်းယွမ်ရီ က မင်းအတွက်နောက်ထပ်သရုပ်ဆောင်ဖို့ ကမ်းလှမ်းမလို့လား"

လွန်ခဲ့သည့်နှစ်အတွင်း ကျန်းယွမ် သည် ဖျော်ဖြေရေး နယ်ပယ်တွင် ပါ၀င်ခဲ့ပြီး အကောင်းဆုံးအမျိုးသား ပြိုင်ပွဲအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သည်။ ယခု ကျန်းယွမ် သည် သူ့မိဘများ၏ ဆက်ဆံရေးကို အားမကိုးဘဲ သူ့ကိုယ်ပိုင်ကွန်ရက်ကို ထူထောင်နေပြီဖြစ်သည်။
နာမည်ကြီး ဒါရိုက်တာ တော်တော်များများက သူနဲ့ သူငယ်ချင်းဖြစ်နေကြပြီ။

ယွန်ကီနာ သက်ပြင်းချရင်း
"ဟေး နင်နင် ၊ မင်းက လှ‌ပေမယ့် သရုပ်ဆောင်မလုပ်တာ သနားစရာပဲ"

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now