Chapter 47 The Ugly Duckling 47

290 17 2
                                    


နင်ရှောင် က ချူစန် ကို ကြည့်ကာ ပြုံးပြီး
"မစ္စချူ ရဲ့မိဘတွေက အရမ်းတော်တာကို ငါမြင်တယ်"

ချူစန် ထိတ်လန့်သွားပြီး နင်ရှောင် ဘာကိုဆိုလိုသည်ကို နားမလည်နိုင်ပါ။
"ကျွန်မမိသားစုက တကယ်ကို တင်းကျပ်တယ်။ သူတို့က အရမ်းတော်တဲ့သူတွေပါ။"

နငရှောင် က ခေါင်းညိတ်ပြီး
"မစ္စချူ က ငါတို့ဆက်ဆံရေးတွေကို နှိုးဆွတာ အံ့သြစရာတော့ မရှိပါဘူး။ မိသားစုက မင်းကို ကောင်းကောင်း သင်ပေးခဲ့တာ အံ့သြစရာ မရှိပါဘူး။"

"မင်း!"
ချူစန် ၏ အပြုံးသည် ရုတ်တရက် အေးခဲသွားပြီး သူမ၏ နှုတ်ခမ်းများသည် အချိန်အတော်ကြာ တုန်ခါသွားကာ ဘာမှ ပြန်မပြောနိုင်ပေ။

နင်ရှောင် က
"မစ္စချူ ၊ မင်း ကီနာ ကို  မယှဉ်နိုင်ပါဘူး၊ ဒီလိုမိဘရှိတယ်ဆိုတာကို ဒီနေ့ပဲ မြင်တယ်"

ချူစန် ၏ မျက်နှာသည် ဖြူဖျော့လာပြီး
"မင်းငါ့မိဘတွေကို ဘာလို့ စော်ကားတာလဲ!"

ချူစန် ၏ မိဘများသည် အမြဲတမ်း လေးစားမှုခံရသည်။ "ဒီနေ့ ငါပြောတဲ့စကားအတွက် ဘယ်တုန်းကမင်းကို စော်ကားဖူးလဲ။ မင်းသမီးဇာတ်ရုပ်ကို ယွန်ကီနာ က အင်တာဗျူးနိုင်မယ်လို့ မင်းထင်လား။ အိပ်မက်မက်နေတာပဲ၊ ငါပြောမယ်  မင်းသမီးဇာတ်ရုပ်နေရာက ငါပဲ ၊ ယွန်ကီနာ က
ဒီမှာဘဲ ဇာတ်သိမ်းပြီ!"

" မင်းသမီးဇာတ်ဆောင်ကို ခန့်ထားတာငါတောင် မသိခဲ့ဘူး၊ ဒါ မင်းသိလား"
ချူစန် ၏နောက်မှ ယောက်ျားအသံတစ်ခုထွက်ပေါ်လာ သည်။

ချူစန် က ဒေါသအရမ်းထွက်ပြီး တွေးဖို့ နောက်ကျသွားကာ  "မင်းက မိုက်မဲတဲ့လူလား။ ငါ မင်းသမီးဖြစ်ခွင့်ရဖို့ မင်းရဲ့ သဘောတူညီချက်ကို တောင်းရဦးမှာလား?"

ချူစန် သည် နင်ရှောင် ကဲ့သို့ အေးစက်စက်ပြောရဲသော သူကိုတွေ့ချင်ပြီး သူမခေါင်းကို လှည့်ကြည့်လိုက်တော့ လုရန်၊ တန်ဝေရှောင် နှင့် ယွန်ကီနာ တို့က သူမကိုဂရုမစိုက်ဘဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ချူစန် သည် ချက်ချင်းပင် အံ့အားသင့်သွားပြီး တန်ဝေရှောင် ၏လက်ကို ကိုင်ကာ စိတ်အားထက်သန်ဖြင့် "ဒါရိုက်တာတန်၊ ဒါ မင်းကြားတဲ့စကားမဟုတ်ဘူး၊ ငါရှင်းပြတာကို နားထောင်!"

You've reached the end of published parts.

⏰ Last updated: Jun 15, 2023 ⏰

Add this story to your Library to get notified about new parts!

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now