Chapter 16 The Ugly Duckling 16

91 12 1
                                    


နင်ရှောင် ရဲ့ မျက်နှာမကောင်းတာကို ချန်ယုဝေ က မြင်တော့ ယွန်ကီနာ ဘက်ကို လှည့်ကြည့်လိုက်ပြီး
"မင်း **** မိန်းကလေး၊ မင်းက သူမနဲ့အိမ်ပြန်ရောက်ရင် ငါတို့ကို ခေါ်ရမှန်းမသိဘူး၊ မင်းကို ပြုစုပျိုးထောင်ရတာ ဘယ်လောက်အကျိုးရှိလဲ"

ချန်ယုဝေ က သူမကို မျက်ရည်များဝဲကာ ကြိမ်းမောင်းပစ်လိုက်သည်။

နင်ရှောင် သည် ယွန်ကီနာ ရှေ့မှာ ရပ်လိုက်ပြီး 
"ကီနာ ကိုငါ့က ကျူရှင်သင်ခိုင်းထားတာ ငါဒီကိုရောက်တာကို ဘာလို့မင်းကိုပြောရမလဲ"

နင်ရှောင် သည် ထိုသို့သောလူကို ယဉ်ကျေးမည်မဟုတ်ပေ။

ချန်ယုဝေ သည်ချက်ချင်းပင်မျက်နှာပြောင်းကာ ပြုံးလိုက်ပြီး "နင်ရှောင် ပြောတာမှန်တယ်"

ချန်ယုဝေ သည် သူ့ရှေ့တွင် ယွန်ကီနာ ကို အော်ငေါက်ပြီး ဧည့်သည်မရှိသောအခါ ယွန်ကီနာ ကိုမည်မျှ လွန်လွန်ကဲကဲ ဆက်ဆံမည်ကို တွေးကြည့်နိုင်သည်။

ဒါကိုတွေးရင်း နင်ရှောင် မျက်မှောင်ကြုတ်လိုက်တယ်။

နင်ရှောင် က ယွန်ကီနာ ရဲ့လက်ကို ကိုင်လိုက်ပြီး "ပစ္စည်းတွေထုပ်ပိုးလိုက်၊ ငါ့အိမ်ကိုလိုက်လာပြီး ကျူရှင်ကူပေး "

ယွန်ကီနာ သည်ကြားသောအခါ သူမ မျက်လုံးများ မော့လိုက်ပြီး ချန်ယုဝေ ၏ အကြည့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည်  တုန်ခါသွားပြီး "ကောင်းပြီ" ဟု တိုးတိုးလေးပြောသည်။

နင်ရှောင် ရဲ့လက်ထဲက အပူချိန်က သူမကို သတ္တိရှိစေတယ်။ ယွနိကီနာ က အသက်ပြင်းပြင်းရှူပြီး ချန်ယုဝေ ကို
"မေမေ၊ စာအုပ်ယူဖို့ အခန်းထဲသွားလိုက်မယ်၊ နင်ရှောင် ကို ကျူရှင်ပေးဖို့  သူမရဲ့အိမ်သွားပြီး ညနေပြန်လာခဲ့မယ်။"

ချန်ယုဝေ က
"သွား၊ နင်ရှောင် ရဲ့အိမ်ကလူတွေ အထင်သေးလာအောင် မလုပ်မိစေနဲ့"

နင်ရှောင် က အေးစက်စွာပြောလိုက်သည်
"ဒါဆို မင်းမှားနေပြီ၊ ငါ့မိသားစုက ကီနာ ကို ဘယ်သူမှ မထီမဲ့မြင်ပြုမှာမဟုတ်ဘူး။ ကီနာ မင်းဒီနေ့ ငါ့အိမ်မှာနေလိုက်"

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now