Chapter 19 The Ugly Duckling 19

88 10 1
                                    

"နင်‌ေရှာင်၊ မင်းရေချိုးတာ နာရီဝက်ရှိနေပြီ၊ ငါအခုတစ်ယောက်ထဲ ကြောက်တယ်။"
ယွန်ကီနာ ၏ အသံသည် ပျော့ပျောင်းပြီး သိသိသာသာ ကြောက်ရွံ့နေပါသည်။

နင်ရှောင် ၏ မျက်လုံးများ တောက်ပလာသည် : ကယ်တင်ရှင် ရောက်‌လာပြီ ။

နင်ရှောင် သည် သူမ၏ အသံကိုတည်ငြိမ်အောင် ကြိုးစားပြီး
"ငါ အခုချက်ချင်း ထွက်ခဲ့လိုက်မယ်  အဟမ်း....၊ အင်္ကျီယူဖို့ မေ့နေတယ်၊ ​​တံခါးနားက ဗီရိုထဲမှာ အသစ်ရှိလားကြည့်ပြီး မင်းငါ့အတွက် ယူလာပေးနိုင်မလား"

ရေချိုးခန်းထဲမှာ အင်္ကျီယူဖို့ မေ့သွားပုံက နည်းနည်းတော့ မိုက်တယ်။ ယွန်ကီနာ ရေမချိုးမီတွင် သူမ ကြိုတင်ပြင်ဆင်ပေးထားသော်လည်း သူမအလှည့်ရောက်သောအခါ အင်္ကျီယူဖို့မေ့သွားသည်။

ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့တွေးနေမလား။

သူမသည် ယောက်ျားဖြစ်ပါက ရည်ရွယ်ချက်မှာ မသန့်ရှင်းနိုင်ပါ။

ကံကောင်းထောက်မစွာ၊ သူမသည် မိန်းမတစ်ယောက်ဖြစ်ပြီး ယွန်ကီနာ သည် သူမကို အထင်မလွဲနိုင်ပေ။

တက္ကစီထဲတွင် ယွန်ကီနာ သည် သူမကို ဒေါသထွက်ခဲ့သည်။ဒီအရာကြောင့် အနက်ရောင်တန်ဖိုး ထပ်ပြီး တိုးလာမှာကို သူမ အနည်းငယ် ကြောက်ရွံ့နေပါသည်။

တံခါးအပြင်ဘက်တွင် စက္ကန့်အနည်းငယ် ငြိမ်သက်နေပြီး "မင်းအတွက် ငါရှာပေးမယ်"

တံခါးတစ်ဖက်ရှိလူသည် အဝတ်မဝတ်ထားဟု ယွန်ကီနာ တွေးလိုက်သောအခါတွင် သူမ၏မျက်နှာမှာ ပူသွားသလို ခံစားလိုက်ရသည်။ သူမ ဗီရိုထံလျှောက်သွားကာ အောက်ခြေမှ တံခါးများကို တစ်ခုပြီးတစ်ခုဖွင့်‌ေတာ့ အတွင်းပိုင်းတွင် ဗလာဖြစ်ပြီး ရေချိုးဝတ်လုံလည်း မရှိပါ။

ယွန်ကီနာ သည် ရေချိုးခန်းတံခါးဆီသို့ ပြန်သွားကာ တံခါးကို ခေါက်လိုက်ပြီး 
"နင်ရှောင်၊ ဗီရိုထဲမှာ ဘာမှမရှိဘူး၊ တခြားနေရာမှာရှိလား"

နင်ရှောင် ဖြတ်သန်းပြီးနောက် နင်မိသားစု ၏အိမ်သို့ ပထမဆုံးအကြိမ် ပြန်လာခြင်းဖြစ်သည်။ စနစ် ၁၃၅၅၉ သည် ခန့်မှန်းခြေတည်နေရာကို ပြောပြသောကြောင့် ယွန်ကီနာ အတွက် ဖိနပ်၊ ရေချိုးဝတ်စုံနှင့် အခြားပစ္စည်းများကို ရှာဖွေ‌ေပးခဲ့ပြီး ရေချိုးဝတ်စုံ
တစ်ထည်တည်း ရှိသည်ကို သူမ မသိပါဘူး။

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now