"ဒါဆို မင်းဘယ်လိုကျေးဇူးတင်ချင်လဲ"
နင်ရှောင်သည် ယွန်ကီနာအား ဆေးများဖြင့် ကျွမ်းကျင်စွာ ကူညီပေးပြီး မျက်လုံးများကို မော့ကာ မေးလိုက်သည်။ယွန်ကီနာ သည် သူမ၏ လေးနက်သောမျက်နှာကို စိုက်ကြည့်ပြီး
"ညစာစားဖို့ ဖိတ်လို့ရမလား?"သူ့မိဘတွေက သူမကိုမကြိုက်သောကြောင့် မုန့်ဖိုးအနည်းငယ်သာပေးပြီး သူမဘာသာစားဖို့ အသားနဲ့ အသီးအရွက်တွေ ဝယ်ဖို့ဝန်လေးပေမယ့် နင်ရှောင် ကိုစားဖို့ဖိတ်တဲ့အခါ ပိုက်ဆံအတွက် သူမ စိတ်မေလးပါဘူး
နင်ရှောင် သဘောတူခါနီးတွင် ယွန်ကီနာသည် ငွေမရှိသော ဆင်းရဲသားတစ်ဦးဖြစ်ကြောင်း ရုတ်တရက် သတိရမိသည်။ ငယ်စဉ်ကလေးဘဝမှ ဆုရရှိတဲ့ဆုငွေများကို မိဘများနှင့်
ညီအစ်မများက ဖြုန်းတီးခဲ့ပြီး တစ်ပြားတစ်ချပ်မှ သူမကို မပေးခဲ့ပေ။နင်ရှောင်က သူမအတွက်စိတ်မကောင်းဖြစ်ပြီး
"မဟုတ်ဘူး၊ ငါ မင်းကို ဖိတ်တယ်။"ယွန်ကီနာ က
"ဒါပေမယ့် ငါမင်းကို ကျေးဇူးတင်လို့ဖိတ်တာ မင်းကဘာလို့ ညစာစားဖို့ ဖိတ်တာလဲ။"နင်ရှောင် သည် ဆေးများကို ထုပ်ပိုးလိုက်ပြီး ယွန်ကီနာ ၏ ပျော့ပျောင်းသောဆံပင်များကို ပွတ်သပ်ကာ "ငါတစ်ယောက်တည်း စားရတာ အထီးကျန်တယ်၊ ကျေးဇူးပြုပြီး ငါနဲ့ အတူစားပါ"
နောက်နေ့မနက်မှာ ဟဲယွီ သည် စာသား၏ အလွတ်ကျက်မှုကို စစ်ဆေးမည်ဟု ပြောသည်ကို နင်ရှောင် သတိရမိသည်။ သူမမေ့သွား၍ စာကြောင်းတစ်ကြောင်းမျှ မကျက်ခဲ့ပါ။
တစ်နေ့တာ မှတ်ဥာဏ်စွမ်းရည်၏ ဘေးထွက်ဆိုးကျိုးကို ကြုံရပြီး နင်ရှောင်က စနစ်ကို
"မနေ့က အဖြစ်အပျက်ကို မမှတ်မိတော့ဘူး ကီနာ ကို ထပ်ပြီး ငါအနိုင်ကျင့်ခဲ့လား"စနစ် 13579 ကပြောသည်
[အိမ်ရှင်က မင်းသမီးကို အနိုင်ကျင့်ရင် အရမ်းကောင်းမှာပဲ... ဟေး။ ]
စကားပြီးတဲ့အခါ သက်ပြင်းချလိုက်တယ်။နင်ရှောင် ဟာ မနေ့က မင်းသမီးကို အနိုင်ကျင့်တာမဟုတ်ဘဲ သူမကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံရုံပါပဲ။ နင်ရှောင် က
အထီးကျန်တယ်လို့တောင်ပြောပြီး မင်းသမီးကို အတူစားဖို့ တောင်းဆိုခဲ့ပါတယ်။
![](https://img.wattpad.com/cover/341558135-288-k765824.jpg)