Chapter 9 The Ugly Duckling 9

109 8 1
                                    

ရန်ဝေ မိသားစုမှာ တစ်ခုခုဖြစ်သွားသောကြောင့် သူခွင့်တစ်ရက်ယူပြီး ဒီနေ့တွင် နင်ရှောင် ၏အကြောင်း‌များ
ပြည့်နှက်နေတာကို တွေ့ရှိခဲ့သည်။

သူငယ်ချင်းကောင်း ရှန်ရှာတန် ပင်လျှင် နင်ရှောင် ကို မကြိုက်တော့ရန် ဆွဲဆောင်ခဲ့သည်။

ရှန်ရှာတန် က မထီမဲ့မြင်ပြုလျက်
" မနေ့က အတန်းထဲမှာ နင်ရှောင် ကဆရာမနဲ့ ငြင်းခုံနေတာ မင်း မတွေ့ဘူး၊ မဟုတ်ရင် မင်းအမြင်မှားတာကို သေချာသိလိမ့်မယ်။"

ရန်ဝေ က အနည်းငယ် လွဲမှားမူကို
"မဟုတ်ဘူး၊ ဆရာမကတစ်ခုခုကို နင်ရှောင်စိတ်ဆိုးအောင် မတရားပြောတာမဟုတ်ရင် ၊သူမက ဆရာမ ကိုဘာလို့ မျက်နှာချင်းဆိုင် ငြင်းခုံရမှာလဲ။"

ရန်ဝေ က သူ့မျက်လုံးကို ယုံကြည်သည်။သူကြိုက်တဲ့တစ်ယောက်ကို သဘောထားကွဲလွဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါက သူတို့၏ဆရာမ
အကျိုးအကြောင်းမရှိတာပါ။
ရှန်ရှာတန် က သူ့ကို မုန်းတီးမှုဖြင့် ကြည့်ကာ
"မင်း လူကောင်းသူကောင်းကိုတော့ မရှာဘူး။ မင်းဘာလို့ သူမဆီက ဆွဲဆောင်ခံလိုက်ရတာလဲ"

ရန်ဝေ က
"ဒီထက် ပိုလှလို့လား? ဒါကိုမပြောတတ်‌ေတာ့ဘူး။ နင်ရှောင် ရဲ့ ဝန်ခံချက်အပေါ် မထီမဲ့မြင်ပြုတာက မင်းရဲ့ အလှတရားကို
မြင်ပုံက ပြဿနာတချို့ ရှိနိုင်တယ်"

ရှန်ရှာတန် က သူ့ကို ရှင်းပြဖို့ ပျင်းလွန်းတယ်။
"ဟုတ်မှာပါ"
ရှန်ရှာတန် သည် ရုံးခန်းသို့သွားသောအခါ အမှတ်တမဲ့ကြားလိုက်ရသည်ကို သတိရမိပြီး
"နင်ရှောင် က အတန်းတစ်က‌နေထွက်တော့မယ်။"
ပြုံးကာ‌ေပြာလိုက်သည်။

ရန်ဝေ အနည်းငယ်စိုးရိမ်သွားပြီး
"ဘာလို့လဲ၊ သူမပြောင်းမှာ မြန်လိုက်တာ၊ လစဉ်စာမေးပွဲမဖြေခင် နှစ်ပတ်ကျော်လောက်ရှိသေးတယ်"

" မင်းမသိဘူးလား။ ဆရာမဟဲ နဲ့ အခု နှစ်ယောက်ကြားက သဘောတူညီချက်တွေ ပြောင်းသွားပြီ။ နင်ရှောင် က အတန်းမတက်ခင် တစ်ရက်အလိုမှာ သင်ယူခဲ့တဲ့ တရုတ်စကားတွေကို အလွတ်ကျက်ပြီး နောက်ပြန်ဇောက်ထိုး
ရွတ်ရမယ်တဲ့။ ဟဲ... ဒါက မဖြစ်နိုင်ဘူး။"

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now