Chapter 12 The Ugly Duckling 12

103 12 1
                                    


ဝူချင် က
"ဟင့်အင်း မင်းဘယ်လို ကောက်ချက်ချလိုက်တာလဲ"


ချူရီရီ က
"ရှောင်ရှောင်က ရှန်ရှာတန် ကိုငါးနှစ်‌တောင် ကြိုက်ခဲ့တာ။
ယောက်ျားလေးတွေကိုကြိုက်တာ သိသာပါတယ်၊ ယွန်ကီနာ ကို ဘယ်လို ကြိုက်နိုင်မလဲ။"

"ပြီးတော့ ယွန်ကီနာ ကကြည့်မကောင်းဘူး"
 ဝူချင် ကပြန်ပြောသည်။

နင်ရှောင် သည် ပုံမှန် ယန် ထိန်းချုပ်သူဖြစ်သည်။ ကျွန်တော် ငယ်ငယ်က သိခဲ့တဲ့ကောင်လေးတွေထဲမှာ ရှန်ရှာတန် က အကောင်းဆုံးပါ။ နင်ရှောင် က သူ့ကို သဘောကျနေတာ ကြာပါပြီ။ အဲဒါကြောင့် နင်ရှောင် သည် လိင်တူ နှစ်သက်သည်က အဓိပ္ပာယ်မရှိဟုဆိုနိုင်သည်။

"ရှောင်ရှောင် က ကောင်မလေးတွေကို ရုတ်တရက် ကြိုက်တယ်ဆိုရင်တောင် ငါတို့ သုံးယောက်ထဲက တစ်ယောက်ကိုပဲ သဘောကျရမယ်။ ယွန်ကီနာ နဲ့တွေ့တာက ရက်အနည်းငယ်ပဲ ရှိသေးတယ်။"
 ချူရီရီ ကချဉ်သော လေသံဖြင့်ပြောလိုက်တယ်။

ဝူချင် သည် သူမ၏ သူငယ်ချင်းကောင်းကို အခြားမိန်းမတစ်ယောက်က လုယူခြင်းခံရတော့မည်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။

ချန်မန် က စားပွဲကို ခေါက်လိုက်ပြီး
"နင်တို့နှစ်ယောက် ဘာ‌လုပ်နေတာလဲ၊ ငါသုံးသပ်ချက်ကို မင်းတို့မကြားချင်ဘူးလား၊ မင်းတို့ မနာလိုမှုက ရှောင်ရှောင် ရဲ့ ပျော်ရွှင်မှုထက် ပိုအရေးကြီးသလား"

ဝူချင် နှင့်ချူရီရီ တို့သည် ချန်မန် ကိုအပြစ်ရှိသလို တုံ့ပြန်ခဲ့သည်။

"ဟုတ်ပါတယ် ရှောင်ရှောင် ရဲ့ပျော်ရွှင်မှုကအရေးကြီးဆုံးပဲ"

ချန်မန် က သူတို့ကိုလက်ယပ်ခေါ်ပြီး တခြားသူတွေ မကြားဝံ့မိနိုင်အောင် ခေါင်းတညိတ်ညိတ်နဲ့ ချန်မန် က တိုးတိုးပြောတယ်
"နင်တို့ ရေချိုးခန်းထဲမှာ ယွန်ကီနာ ကို နင်ရှောင် ပြောတာ ကို မှတ်မိသေးလား။ မင်းတို့ ပထမစကားနည်းနည်း
ကြားလိုက်ပြီး နောက်ကအသံကိုတော့  ယောင်ဝါးဝါးကြားလိုက်ရတယ်မလား ။ မင်းတို့နှစ်ယောက်က
မကြားရပေမယ့် ငါအားလုံးကြားလိုက်ရတယ်!"

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now