Chapter 31 The Ugly Duckling 31

92 10 1
                                    


ဖန်လီ သည် ဟဲယွီ ထံသို့ ဖုန်းနံပါတ် ပေးပို့ပြီးနောက်တွင် တစ်ခုခု မှားယွင်းနေသလိုခံစားရသည်။

သူက ရုံးခန်းမှာ မထိုင်နိုင်တော့ဘဲ ဖြစ်ပျက်ခဲ့တာကို ကြည့်ဖို့ အတန်းတစ်သို့ သွားလိုက်သည်။

ဇောင်မန်မန် သည် ရှန်ရှာတန် ၏ အနာဂတ်ဇနီးသည်ဖြစ်ပြီး  တစ်စုံတစ်ခုမှားသွားပါက သူ့တာဝန် အပြည့်ရှိသည်။

ဖန်လီ သည် အောက်ထပ် စာသင်ခန်းသို့ အမြန်သွားတော့ နင်ရှောင် နှင့်လူအနည်းငယ်ကို တွေ့လိုက်သည်။

နင်ရှောင် လက်များဖြင့် ချုပ်ထားသော ဇောင်မန်မန် ကို တွေ့လိုက်ရပြီး ထိတ်လန့်သွားသည်။ သူက နင်ရှောင် ထံ အမြန်လျှောက်သွားပြီး
" ရှောင်ရှောင်၊ ဘာကိစ္စရှိလို့လဲ။ ဇောင်မန်မန် ကို လွှတ်လိုက်ပါ။"

နင်ရှောင် က သက်ပြင်းချလိုက်ပြီး
"ဒါရိုက်တာဖန်၊ ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး။ ငါတို့နဲ့ ကျောင်းအုပ်ကြီးရုံးခန်းကို လိုက်ခဲ့ပါ"

ဖန်လီ အံသြသွားပြီး ထပ်မေးချင်‌ပေမယ့် ဟဲယွီ က ကြားဖြတ်ပြီး
"ဒါရိုက်တာဖန်၊ အချိန်မဖြုန်းနဲ့၊ ကျောင်းအုပ်ရုံးခန်းကို ရောက်တဲ့အခါ မင်းသိလိမ့်မယ်"

ဖန်လီ သည် ခေတ္တရပ်ကာ ဇောင်မန်မန် ၏မိဘများထံ ဆက်သွယ်ရန်အချက်အလက်ကို ဟဲယွီ မှတောင်းဆိုခဲ့သည်။ သူ တစ်ခုခုကို နားလည်လိုက်ပုံရသည်။ သူသည် မတားတော့ဘဲ ကျောင်းအုပ်ကြီးရုံးခန်းသို့ အတူတူသွားသည်။

ကံကောင်းထောက်မစွာ အတန်းစာသင်ချိန်ဖြစ်၍ သူတို့အဖွဲ့ဟာ လမ်းမှာဘယ်သူနဲ့မှ မတွေ့ခဲ့ရပါဘူး။ သူတို့သည် ကျောင်းအုပ်ကြီး၏ရုံးခန်းရှေ့သို့ ရောက်သောအခါ ဖန်လီ သည်ရှေ့သို့လှမ်းပြီး တံခါးကိုခေါက်လိုက်သည်။

"ဗွမ်းဗွမ် စန်း!"

"ကျေးဇူးပြုပြီး ဝင်ပါ။" တံခါးပွင့်လာပြီး ကျောင်းအုပ်ကြီး၏ အတွင်းရေးမှူး က
"ဒါရိုက်တာဖန်၊ ဘာလို့ ဒီကို ရောက်နေတာလဲ"

ဖန်လီ က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူ့နောက်က လူလေးယောက်ကို ထုတ်ဖော်ပြောရင်း
" အတွင်းရေးမှူးလန် ၊ ကျွန်တော်သူတို့နဲ့ လာတာပါ "

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now