ရှန်ရှာတန် ၏ စွက်ဖက်မှုကြောင့်နောက်ဆုံးတွင် နင်ရှောင် သည် စာသင်ခန်းမှ ထွက်မသွားေတာ့ဘဲ ဟဲယွီ ကိုပင် အလုပ်ထုတ်ခြင်း မပြုနိုင်ပေ။အတန်းပြီးသောအခါ ယွန်ကီနာ သည် ရှေ့တန်းမှ နင်ရှောင် ဆီသို့ လျှောက်လာပြီး
"နင်ရှောင်၊ အတန်းထဲမှာ မင်းပြောတာ မမှားဘူး"နင်ရှောင် သည်လက်ကိုမြှောက်လိုက်ပြီး ယွန်ကီနာ ၏ မေးစေ့ကိုသူမ၏ လက်ချောင်းထိပ်များဖြင့် ထိလိုက်ပြီး သူမပါးစပ်က
"ဟုတ်ပါတယ် ငါမှန်တယ်"နင်ရှောင် က အရမ်းထူးဆန်းနေတယ်၊ ဘာလို့ နူးညံ့တဲ့ အသံနဲ့ ပြောတာလဲ။အသံက အန္တရာယ်ကင်းရုံသာမက
နားမလည်နိုင်အောင်ချစ်ဖို့ကောင်းသည်။
ဒါကို ယွန်ကီနာ တွေးလိုက်တော့ သူမရဲ့ နားရွက်တွေက အနည်းငယ်နီရဲနေတယ်။ရှန်ရှာတန် သည် ယွန်ကီနာ ကို နင်ရှောင် မှခြိမ်းခြောက်ခံရ
မည်ကို တွေးကာမတ်တပ်ထရပ်ပြီး သူတို့ဆီသို့ သွားပြီး
ယွန်ကီနာ၏ ပခုံးကိုပုတ်ကာ
"ကီနာ ၊ သူမမင်းကိုထပ်ပြီး အနိုင်ကျင့်ရင်ပြောပါ မကြောက်နဲ့ ငါရှိတယ်" ဟု
ပြောကာ နင်ရှောင်ကို သတိပေးလိုက်သည်။ယွန်ကီနာ "..." နင်ရှောင် က သူ့ကို ဘယ်တုန်းက အနိုင်ကျင့်လိုက်တာလဲ။
နေမကောင်းရင် ဆေးသောက်သင့်တယ်လို့ ပြောချင်သည်။ ရှန်ရှာတန် က တကယ်ကို ပုံမှန်မဟုတ်တဲ့ပုံပါပဲ။
သူ့မှာ လွဲမှားနေသလား။ ?နင်ရှောင် က မျက်လုံးများကို မှိတ်မချနိုင်လောက်အောင်ပင်။ ယွန်ကီနာ ကိုသူမအနိုင်ကျင့်တယ်လို့ လူယုတ်မာက ပြောလိုက်တာလား။
"ရှာတန်၊ မင်းငါ့ကိုတကယ်နားလည်မှုလွဲနေတာ။ ငါ ယွန်ကီနာ ကိုအနိုင်ကျင့်တာမဟုတ်ဘူး။ မင်းငါ့ကိုမယုံရင်သူမကိုမေးလိုက်ပါ။"
နင်ရှောင် ကပြောပြီးနောက် သူမသည် ခေါင်းငုံ့ကာ ငိုနေသကဲ့သို့ ပုခုံးများ အနည်းငယ်တုန်လာသည်။ရှန်ရှာတန်က အေးစက်စွာဖြင့်
"ကီနာ ကမင်းရှေ့မှာပြောရင် နောင်မှာ မင်းသူမကို
ဘယ်လိုလက်တုံ့ပြန်မလဲ မသိဘူး"