ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ရှန်ရှာတန် သည် စာရွက်ပေါ်ရှိ နံပါတ်များကို သေချာစိုက်ကြည့်နေသည်။
ဒါပေမယ့် အကြာကြီး စိုက်ကြည့်တော့ ဘာမှ မတွေ့ဘူး။ ရမှတ်ကို တစ်ကြိမ်တည်းဖြင့် ရေးမှတ်ထားပြီး ပြုပြင်ပြောင်းလဲရန် နေရာလုံးဝမရှိပါ။
ဟဲယွီ သည် နင်ရှောင် ၏ ရလဒ်များကို နားထောင်ရန် စောင့်ဆိုင်းနေပြီး ရှန်ရှာတန် သည် စာရွက်ကို ရုတ်တရက် မလှုပ်မယှက် စိုက်ကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။
ဟဲယွီ ၏ စိတ်ထဲတွင် ပထမဆုံးအတွေးကတော့ နင်ရှောင် ၏ ရလဒ်များ နည်းလွန်းသဖြင့် ရှန်ရှာတန် ကို အံ့သြသွားစေခဲ့သည်။
"ရှန်ရှာတန်၊ ဆက်ဖတ်ပါ။" ဟဲယွီ နင်ရှောင် ကို အဓိပ္ပါယ်ရှိတဲ့ အကြည့်ကိုပေးပြီး ရှန်ရှာတန် ကို ပြောလိုက်တယ်။
ရှန်ရှာတန် အံကြိတ်ကာ ဘာမှမပြောပေ ။
ဟဲယွီ သည် သံသယဖြင့် လျှောက်လာရင်း ရှန်ရှာတန် ၏လက်မှစာရွက်ကို ယူလိုက်ပြီး
"နင်ရှောင်.."နာမည်ဖတ်ပြီး ရပ်လိုက်တယ်။
စာရွက် စိုက်ကြည့်နေသော ဟဲယွီ ၏ နှုတ်ခမ်းများ အနည်းငယ် တုန်ခါသွားသည်။
ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ နင်ရှောင် သည် ဤကဲ့သို့သော ရလဒ်ကို မည်သို့ရနိုင်မည်နည်း။
ရှန်ရှာတန် နှင့် ဟဲယွီ ၏ အလွဲအချော်များကြောင့် စင်မြင့်အောက်ရှိ ကျောင်းသားများသည် နင်ရှောင် ၏ ရလဒ်များကို ခန့်မှန်းကာ နိမ့်သော အသံဖြင့် စတင်ပြောဆိုနေကြသည် ။
ယွန်ကီနာ က စိုးရိမ်စိတ်ဖြင့် နင်ရှောင် ကို ပြန်ကြည့်သည်။ နင်ရှောင် က သူမကို ရွှတ်နောက်နောက် မှိတ်ပြကာ မတ်တပ်ထရပ်ကာ စင်ပေါ်ကို လျှောက်သွားပြီး
"မင်း မပြောနိုင်ရင် ငါကိုယ်တိုင် ပြောလိုက်မယ်"အတန်းထဲကလူတိုင်းက နင်ရှောင် ရဲ့လက်ထဲက စာရွက်ကို စူးစူးစိုက်စိုက်ကြည့်နေကြတယ်။