Chapter 17 The Ugly Duckling 17

94 11 4
                                    


နင်‌ေရှာင် ၏မိဘတွေက အလုပ်အရမ်းရှုပ်ကြပြီး မနေ့က သူမ ပြန်လာတဲ့အတွက်ကြောင့်သာ သူတို့ အိမ်ပြန်လာကြတယ်။ များသောအားဖြင့် နေ့ဘက်တွင် အလုပ်လုပ်ရပြီး ညဘက်တွင် ကုမ္ပဏီတွင် နေထိုင်လေ့ရှိသည်။

နင်ရှောင် နှင့်ယွန်ကီနာ သည် တက္ကစီပေါ်တက်ပြီး ယဉ်မောင်းကို လိပ်စာ ပြောသည် ။ ယာဉ်မောင်းက ခဏလောက် အံ့အားသင့်သွားပြီး
"တောင်ပေါ်တက်ဖို့ ကုန်ကျစရိတ်က ယွမ်ငါးဆယ် ထပ်ပေးရလိမ့်မယ်"

နင်ရှောင် က ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီ။" ငါးဆယ်သည် သူမအတွက် ဘာမှမဟုတ်ပေ ။

တက္ကစီသည် ယွန်ကီနာ အသိုင်းအဝိုင်းမှ ထွက်ခွာလာခဲ့သည်။

နင်ရှောင် က သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ယွန်ကီနာ  က စကားမပြောဘဲ ခေါင်းငုံ့နေတာကို တွေ့လိုက်ရပြီး သူမပုခုံးကို လှမ်းကိုင်လိုက်ပြီး
"ဘာကိစ္စရှိလို့လဲ၊ မင်း ဘာတွေတွေးနေတာလဲ"

ယွန်ကီနာ အာရုံတွေပြန်ဝင်လာပြီး 
"အတန်းဖော်‌ရဲ့အိမ်ကို တစ်ခါမှမရောက်ဖူးဘူး၊ မင်းမိဘအတွက် လက်ဆောင်ဝယ်ပေးရမှာလား"

နင်ရှောင် က ရယ်ပြီး
"ဒါဆို စိတ်မပူပါနဲ့၊ ငါ့မိဘတွေက WeChat က‌နေ မက်ဆေ့ချ်ပို့ထားတယ်။ ဒီနေ့ အလုပ်တွေရှုပ်ပြီး ညဘက် ကုမ္ပဏီမှာ တိုက်ရိုက်အိပ်မှာဆို‌တော့ သူတို့ပြန်မလာတော့ဘူး။ ."

နင်ရှောင် က ယွန်ကီနာ ရဲ့ မျက်နှာကို ချဉ်းကပ်ပြီး 
" စိတ်မပူပါနဲ့ ငါတို့ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်
နေလို့ရတယ်"

ယွန်ကီနာ သည် နင်ရှောင် ချဉ်းကပ်လာသည်နှင့်  သူမ၏ အမွှေးအကြိုင်များ နှာခေါင်းထဲသို့ စိမ့်ဝင်လာကာ ရုတ်တရက် မျက်နှာနီမြန်းလာပြီး လည်ချောင်းများ ခြောက်သွေ့လာကာ စကားပင် မပြောနိုင်တော့ပေ။ .

ယွန်ကီနာ သည် ခေါင်းငိုက်စိုက်ကျကာ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး နူးညံ့သော ဆံပင်များဖြင့် သူမ၏ နီရဲနေသောမျက်နှာကို ဖုံးအုပ်ထားသည်။

Vicious Female with Apex Spoils [Quick Pass]Dove le storie prendono vita. Scoprilo ora