နင်ရှောင် သည် မူလက ချစ်စရာကောင်းသော ယွန်ကီနာ ကို နည်းနည်းလေးသာ နှစ်သက်သည်ဟု ထင်ခဲ့သော်လည်း ယခုအချိန်တွင် သူမသည် ရုတ်တရက် တုန်လှုပ်သွားပြီး ထိန်းမနိုင်ဘဲ ပါးပြင်များ နီမြန်းလာသည်။နင်ရှောင်သည် အသက်ရှုသံကိုထိန်းပြီး ယွန်ကီနာ ကို ကြည့်ကာ
"ငါက မင်းပိုင်တယ်၊ မင်းကိုလည်း ငါပိုင်သားပဲ။ နင် ငါ့ကို လွှတ်ပေးနိုင်မလား၊ ငါ မင်းကို ပွေ့ဖက်ချင်တယ်"ယွန်ကီနာ သည် နင်ရှောင် ၏ မျက်လုံးများကို မလှုပ်ဘဲ စိုက်ကြည့်နေသည်။
သို့သော် နင်ရှောင် သည် သူမ၏ နားရွက်ထိပ်များ နီရဲနေသည်ကို သတိပြုမိသည်။
နင်ရှောင် ၏ အသံသည် ပို၍ပင် ပျော့ပျောင်းသွားပြီး
" ကီနာ ၊ ကြိုးကိုဖြည်ပါ ၊ မင်းကို ပွေ့ဖက်ချင်လို့၊ ဟုတ်ပြီလား"ဒီတစ်ခါ သူမစကားသံကြားတော့ ယွန်ကီနာ ရဲ့
အမူအရာပြောင်းသွားကာ သူမ နိုးကြားလာပြီး နင်ရှောင်နဲ့ ခပ်ခွာခွာနေကာ
"ငါ့ကို မလိမ်နဲ့ ၊ကြိုးကို ဖြည်လိုက်တာနဲ့ မင်းငါ့ကို သေချာပေါက် ထားသွားလိမ့်မယ်၊ ရဲက ငါ့ကို ဖမ်းခိုင်းပြီး ရှန်ရှာတန် ဆီ သွားမယ်မလား"နင်ရှောင် ၏မျက်လုံးများသည် နူးညံ့သိမ်မွေ့ကာ နီမြန်းနေပြီး "မဟုတ်ဘူး ကီနာ၊ ရှန်ရှာတန် ကို မကြိုက်တာကြာပြီ၊ ဘာလို့ ငါ့ကို မယုံတာလဲ"
ယွန်ကီနာ က ခေါင်းယမ်းလိုက်ပြီး တစ်ခုခုပြောဖို့ ပါးစပ်ကိုဖွင့်လိုက်တော့ အခန်းထဲမှာဖုန်းရုတ်တရက် မြည်လာတယ်။
နင်ရှောင် နှင့် ယွန်ကီနာ တို့၏ မျက်လုံးများသည် ကုတင်ဘေးစားပွဲပေါ်ရှိ မိုဘိုင်းလ်ဖုန်းပေါ်တွင် တစ်ချိန်တည်း ကျရောက်သွားပြီး နင်ရှောင် ၏ လက်ကိုင်ဖုန်းမျက်နှာပြင်
သည် ပွင့်လာပြီး တုန်ခါမှုနှင့်အတူ ခေါင်းလောင်းသံ မြည်လာသည်။ယွန်ကီနာ ရဲ့ အကြည့်က ရုတ်တရက်ပြောင်းသွားပြီး
"မင်းကို ဘယ်သူက ဖုန်းခေါ်နေတာလဲ ၊ရှန်ရှာတန်လား။""မည်သူမှ မခေါ်ဘူး။" နင်ရှောင် က ပြောသည်။
ယွန်ကီနာ သည် သူမ ဖုံးကွယ်ချင်သည်ဟု ထင်ကာ ဒေါသတကြီး ကုတင်ဘေးစားပွဲဆီသို့ လှမ်းကာ အဆက်မပြတ် တုန်ခါနေသော လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်သည်။