ထမင်းစားခန်းသည် နောက်ဖေးပန်းခြံဘေးတွင်ရှိပြီး
စားပွဲဘေးရှိ ပြတင်းပေါက်များမှ တစ်ဆင့် နောက်ဘက်ဥယျာဉ်၏ မြင်ကွင်းကို တိုက်ရိုက်
ကြည့်ရှုနိုင်သည်။ပြတင်းပေါက် အပြင်ဘက်မှာ တောက်ပနေတဲ့ နေရောင်နဲ့ ယှဉ်လိုက်ရင် နင်ရှောင် ရဲ့ စိတ်က တိမ်မည်းတွေနဲ့ဖုံးလွှမ်းပြီး မိုးရွာနေသကဲ့သို့ ခံစားရသည်။
မိန်းကလေးတစ်ယောက်ရဲ့စိတ်က ခန့်မှန်းရခက်မှန်း သူမ သိပေမယ့် ယွန်ကီနာ ရဲ့စိတ်က ခန့်မှန်းရခက်မယ်လို့ သူမမျှော်လင့်ထားပါဘူး။
အနက်ရောင်တန်ဖိုး၃၀% နားမလည်နိုင်စွာ တက်သွားသည်။
နှစ်ယောက် ထမင်းစားပြီးသည်နှင့် ခေတ္တအနားယူကြပြီး ယွန်ကီနာ က နင်ရှောင် ကို သင်ခန်းစာများ ဆက်လက်ကူညီပေးခဲ့သည်။
သင်ခန်းစာပြီးသောအခါတွင် နင်ရှောင် သည် ယွန်ကီနာ ၏အမူအရာကို ဂရုတစိုက်ကြည့်သော်လည်း အမှားအယွင်း မရှိပေ။
နေ့ခင်းတစ်ခုလုံး လျင်မြန်စွာ ကုန်လွန်သွားပြီး နင်ရှောင်
သည် ညစာကို တရုတ်အစားအစာချက်ပြုတ်ရန် စားဖိုမှူးချန်း ကို အထူးတလည်တောင်းဆိုခဲ့သည်။
ညစာကို သတိထားစားပြီးနောက် ယွန်ကီနာ ၏ အမည်းရောင်တန်ဖိုးသည် ထပ်မတက်တော့ကြောင်း သူမတွေ့ရှိခဲ့သည်။နေ့ခင်းမှာ မည်းမှောင်လာရတဲ့ အကြောင်းရင်းက ယွန်ကီနာ အသားကင်ကို မကြိုက်လို့လား?။
နင်ရှောင် သည် ဝတ္ထုကို သူမ ဖတ်ဖူးသော်လည်း ယွန်ကီနာ
ကို လုံလောက်စွာမသိသေးကြောင်း သူမသိလိုက်သည်။ယွန်ကီနာ ဘာစားချင်လဲ၊ ဘာကိုစိတ်ဝင်စားလဲ၊ သူမရဲ့အိပ်မက်က ဘာလဲဆိုတာ သူမမသိပါဘူး။
ဒီည ယွန်ကီနာ နဲ့ စကားပြောဖို့ လိုအပ်သည်။
ခုနစ်နာရီခွဲတွင် နင်ရှောင် သည် ယွန်ကီနာ ကို ဥယျာဉ်သို့ ခေါ်ဆောင်သွားပြီး လမ်းလျှောက်ကြသည်။ ညနေလေက သူမအသားအရေ အေးချမ်းမှု ယူဆောင်လာသည်။ နင်ရှောင် သည် သူမဘေးမှ ယွန်ကီနာ ကို တစ်ချက်ကြည့်လိုက်သည်။