Chapter 14 The Ugly Duckling 14

97 9 1
                                    

နင်ရှောင် ကစာဖတ်ပြရင် ဘယ်တော့မှမမေ့ဘူးဆိုတာ ဟဲယွီ သိပြီးကတည်းက သူမကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး။

ဘိုမင်ကိုယ်ပိုင်အထက်တန်းကျောင်း သည် အိပ်ဆောင်စနစ်ဖြစ်ပြီး ကျောင်းသားများသည် တစ်လလျှင် တစ်ကြိမ် အနားယူခွင့်ရှိကြသည်။

ထိုအနားယူရက်သည် နှစ်ရက်အလိုတွင် ဖြစ်ပြီး
ကျောင်းသားများသည် အားလပ်ရက်မှ
ပြန်လာသောအခါလစဉ်စာမေးပွဲကို တိုက်ရိုက်ဖြေဆိုကြမည်။

ထို့ကြောင့် လူများစွာသည် အိမ်တွင်စာမေးပွဲအတွက် ပြင်ဆင်ပြီး အဆင့်နောက်ဆုံးဖြစ်လျှင် နောက်အတန်းသို့ ပြန်ရဖြစ်မည်ကို ကြောက်ရွံ့သောကြောင့် စာအုပ်‌ေတွထည့်ထားသည့် အိတ်တစ်လုံးနှင့် အိမ်ပြန်ကြသည်။

ထိုလူများထဲတွင် ယွန်ကီနာ လည်းပါ ပါတယ်။

ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က စာအုပ်‌ေတွထည့်ထားတဲ့ အိတ်ကြီးနှစ်လုံးကို ကိုင်ထားတော့ ဘယ်လောက်သနားဖို့ကောင်းလဲ။

နင်ရှောင် သည် သူမထံမှ အိတ်ကြီးကို လှမ်းယူကာ
"ငါ မင်းကိုကူညီမယ် ငါကသန်မာတယ်"

"ကျေးဇူးတင်ပါသည်။"
ယွန်ကီနာ ကတိုးတိုးလေးပြောလိုက်သည်။

နင်ရှောင် က တောက်ပစွာ ပြုံးပြလိုက်ပြီး သူမရဲ့ နှင်းဖြူဖွေးဖွေး အသားအရေက နေရောင်အောက်မှာ အပြစ်အနာအဆာ မရှိဘဲ သူမမျက်လုံး‌ကို ကြည့်လိုက်ပါက စမ်းရေထဲ ပျော်ဝင်သကဲ့သို့ ဖြစ်သည် ။
နင်ရှောင် ကိုကြည့်နေစဉ် ယွန်ကီနာ သည် သူမ၏
နှလုံးခုန်သံကို မထိန်းနိုင်ဘဲ နီရဲနေသောနားရွက်များဖြင့်
ခေါင်းကို ရှက်ရွံ့စွာ လှည့်လိုက်သည်။

နင်ရှောင် သည် သူမကို အမြဲလိုလိုမတော်တဆ နောက်ပြောင်ကျီစယ်သော်လည်း သူမအား သူငယ်ချင်းအဖြစ်သာ ဆက်ဆံနေခြင်းဖြစ်သည်။

၎င်းသည် ယွန်ကီနာ ၏ နှလုံးသားကို နှိုးဆွစေခဲ့ပြီး သူမသည် နင်ရှောင် ကို မည်သို့ ရင်ဆိုင်ရမည်ကို မသိခဲ့ပေ။

ဘိုမင်ကျောင်းဂိတ်ဝသို့ ရောက်သွားသောအခါ
အပြင်ဘက် ကားပါကင်နေရာသည် ဇိမ်ခံကားမျိုးစုံဖြင့် နေရာယူနေပြီဖြစ်သည်။ နင်ရှောင် ထွက်လာသည်နှင့် တပြိုင်နက် ကုတ်အင်္ကျီ ဝတ်ထားသော ကားသမားတစ်ယောက် ရောက်လာပြီး နင်ရှောင် အား
အနည်းငယ် ဦးညွှတ်ကာ
"မစ္စ၊ မင်းမိဘတွေက လာကြိုခိုင်းတယ်၊ သူတို့နှစ်ယောက် မင်းကိုအိမ်မှာ စောင့်နေကြတယ်"

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now