Chapter 5 The Ugly Duckling 5

121 10 1
                                    


နင်ရှောင် မှ စိတ်ရှည်စွာဖြင့် ရေကူးရန် သင်ကြားပေးခြင်းခံရသောအခါ ယွန်ကီနာသည်ပို၍ စိတ်ရှုပ်လာသည်။
နင်ရှောင် သည် အမှန်တကယ် သူမနှင့်ဆန့်ကျင်ဘက်များ
ဖြစ်ကြသည်။ နောက်ဆုံးစက္ကန့်တွင် သူမနှင့်ရန်ဖြစ်ခဲ့ပြီး နောက်တစ်စက္ကန့်တွင် သူ့လက်ကောက်ဝတ်ကို ကြင်နာစွာဖြင့် ပွတ်သတ်‌ေပးသည်။
နင်‌ရှောင် ၏အနိုင်ကျင့်မူအတွက် သူမခွင့်လွှတ်သည်။ နင်ရှောင်သည် ရှန်ရှာတန် ကို သဘောကျတာသိပေမယ့် ဘာကြောင့် သူမ၏လက်ကောက်ဝတ်ကို ပွတ်သပ်ကူညီပေးတာလဲ၊ ဘာကြောင့် ရေကူးတတ်အောင် သင်ပေးတာလဲ။

[အိမ်ရှင်၊ မင်းသမီးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိသည်၊ သင်သည် ထင်ရှားနေပုံရသည်။ ]
စနစ် 13559 သည် ပျော်ရွှင်စွာ ရေကူးသင်ပေးနေသော နင်ေရှာင် ကို သတိပေးသည်။

နင်ရှောင် ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး
"အာ.. ငါ့ကို သံသယရှိလို့လား "

နင်‌ရှောင်က အနားယူဖို့ သူမကိုရေကူးကန်‌ပေါ်သို့ ခေါ်သွားပြီး ရေကူးကန်ထဲက တခြားလူတွေကို ကြည့်ရင်း "ယွန်ကီနာ ၊ ငါ မင်းကို ရေကူးသင်ပေးမယ်၊ မင်းသဘောတူလား "

ယွန်ကီနာသည် သူမ၏ တောက်ပြောင်သော အနက်ရောင်မျက်လုံးများသည် ချစ်စရာကောင်းသော နင်ရှောင် ၏ မျက်နှာကိုကြည့်ပြီး
"ကျေးဇူးတင်ပါတယ်" လို့ တိုးတိုးလေး ပြောလိုက်တယ်။

နင်ဇောင်က ရယ်မောလိုက်ပြီး
"ယွန်ကီနာ၊ ကျေးဇူးတင်ရုံနဲ့ မလုံလောက်ဘူး။ ကျေးဇူးသိတတ်ရင် ရှာတန်နဲ့ ဝေးဝေးနေပါ။ ရှန်ရှာတန် က မင်းကိုချဉ်းကပ်ရင် ရှောင်နေသိလား"

"အင်း"
ယွန်ကီနာသည် အဘယ်ကြောင့်မှန်းမသိဘဲ သူမ၏ နှလုံးသားသည် အနည်းငယ်မှုန်မှိုင်းသွားသည် ။
နင်ရှောင် က ဘယ်လိုလူလဲဆိုတာသူမသိခဲ့ပြီး သူမရဲ့
စကားကြောင့် စိတ်မကောင်းဖြစ်စရာအကြောင်းမရှိပါဘူး။
ဒါပေမယ့် သူမ အခု စိတ်မသက်မသာဖြစ်နေပြီ သူမရဲ့ အနက်ရောင်မျက်လုံးတွေက အလင်းရဲ့အရိပ်အယောင်
မရှိဘဲ မှိုင်းနေပုံရသည်။

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now