Chapter 13 The Ugly Duckling 13

107 12 1
                                    

ဝူချင် တွေးတဲ့နည်းလမ်းကရိုးရှင်းပါတယ်။နင်ရှောင် ရှေ့တွင် တစ်စုံတစ်ယောက်က ယွန်ကီနာ ကိုဝန်ခံရပါမယ်။

အကယ်၍ နင်ရှောင် သည် ယွန်ကီနာ ကို အမှန်တကယ် နှစ်သက်ပါက ယွန်ကီနာ အား အခြားသူများလုယူခံရမည်ကို မလိုလားနိုင်ပါ။ ထို့ကဲ့သို့ သူမကို လှုံ့ဆော်ပေးမည်ဆိုပါက ယွန်ကီနာ အား သူမ၏ နှလုံးသားကို ပြသနိုင်မည်ဖြစ်သည်။

နင်ရှောင် သည်ယွန်ကီနာ ကို မကြိုက်ပါက ရိုးရှင်းပါသည်။ ယွန်ကီနာ သည် အခြားသူများ၏ လိုက်ခြင်းကိုခံရပြီး သူမသည် ထိုကောင်လေးကို သဘောကြပါက ရှန်ရှာတန် ကို ချစ်သော သူမ၏ပြိုင်ဘက်များထဲမှ တစ်ဦးကို ဆုံးရှုံးသွားမည်ဖြစ်သည်။

ချူရီရီ အနည်းငယ်စိုးရိမ်သွားပြီး 
"ယွန်ကီနာ က ရှောင်ရှောင်ကိုမကြိုက်ကြောင်း ငြင်းရင်တော့
ရှောင်ရှောင် ဒုက္ခရောက်မှာ သေချာပါသည်။"

ဝူချင် နှင့် ချန်မန် သည် ဤပြဿနာအတွက်လုံးဝစိတ်မပူပါ။ ဤကမ္ဘာတွင်၊ မျက်လုံးမဲ့ရှာတန် မှလွဲ၍ နင်ရှောင် ကို မကြိုက်မှာကို မစိုးရိမ်ပါ။

"ယွန်ကီနာ ရဲ့ မျက်လုံးတွေက မကန်းနေဘူးဆိုရင် ရှောင်ရှောင် ရဲ့ ဝန်ခံချက်ကို သူမလက်ခံမှာ သေချာပါတယ်။ ငါ ရှောင်ရှောင် ကိုဆိုင်မှာ ကြည့်ရုံသာမက ယွန်ကီနာ ကိုလည်း အတူတူ စောင့်ကြည့်နေခဲ့တယ်။ ရှောင်ရှောင်  က သူမကိုတိတ်တဆိတ် ကြည့်နေပေမယ့် ယွန်ကီနာ ၏ မျက်လုံးကတော့ ငြိမ်နေတယ်။သူမက ရှောင်ရှောင် အပေါ် ခံစားချက်ရှိမရှိကို သူမကိုအနီးကပ်စောင့်ကြည့်ကြမလား၊"

ချန်မန် စကားပြီးတဲ့အခါ ဝူချင် က
"ရှောင်ရှောင် နဲ့ ယွန်ကီနာ တို့ တစ်ယောက်ကို တစ်ယောက် သဘောကျလာအောင် ငါတို့ အစီအစဉ်တစ်ခုကို လုပ်ရလိမ့်မယ်"

ထို့နောက် သုံးယောက်သား အစီအစဉ်ကို ဆုံးဖြတ်ခဲ့ကြသည်။ ယွန်ကီနာ ကို ဝန်ခံမဲ့ကောင်လေးကို သူတို့ ရှာပါတော့တယ်။

ကျောင်း တွင် ရှန်ရှာတန် နှင့် ယှဉ်ပြိုင်နိုင်သော ယောက်ျားလေး အများအပြားမရှိသော်လည်း  လိုအပ်ချက်နဲ့ ကိုက်ညီတဲ့သူ တစ်ယောက် ရှိတယ်၊ ဒါပေမယ့် အဲဒီလူက အထက်တန်းပထမနှစ်က မဟုတ်ဘဲ တတိယနှစ်ကျောင်းသား
ဖြစ်သည်။

Vicious Female with Apex Spoils [Quick Pass]Where stories live. Discover now