2

871 122 12
                                    

ဒီနေ့က ဂယူ့ အရေးကြီးတဲ့ပရောဂျက်တစ်ခုကို ဆိုရှယ်မီဒီယာတွင် စပြီးမိတ်ဆက်ပေးခြင်းဖြစ်သည်။
အရမ်းအရေးကြီးတဲ့ ပရောဂျက်ဖြစ်တာကြောင့် တာဝန်ယူထားရသူမှာ ဂယူ့တစ်ယောက်တည်းမဟုတ် အရည်အချင်းရှိသော အမျိုးသမီးတစ်ယောက်လဲပါဝင်သည်။ဂယူတစ်ယောက်တည်းလုပ်နိုင်ပေမယ့် Daddyရဲ့အကြံပေးချက်ကြောင့် ထိုအမျိုးသမီးနှင့်တွဲဖက်လုပ်ရခြင်းဖြစ်သည်။

နာမည်ကြီး ဟိုတယ်တစ်ခု၏ခန်းမထဲသတင်းထောက်တွေ၏အမေးကို  ဂယူ တို့ဖြေကြားနေခြင်းဖြစ်သည်။ပရောဂျက်ကိုလဲချပြရင်း သတင်းထောက်တွေပါခေါ်ထားခြင်းဖြစ်သည်။ထိုideaမှာ တွဲဖက်အမျိုးသမီး၏ideaဖြစ်သည်။

"အစ်ကိုတို့က အရမ်းလိုက်ဖက်ညီတာဘဲနော် ဒီလို အရေးကြီးတဲ့အလုပ်တစ်ခုကို နှစ်ယောက်အတူလုပ်ရတော့ နှစ်ယောက်သားအတော်လေးရင်းနှီးကြမှာဘဲနော်"

သတင်းထောက်အမျိုးသမီးတစ်ဦး၏အမေးကြောင့် ပြုံးနေရင်းမှတည်သွားသူမှာ Kim Group၏အမွေဆက်ခံသူ သားကြီး ကင်ခ်ဂယူဗင်းဖြစ်သည်။
ထိုအမေးကြောင့် လူမှုရေးအရ  ဘေးမှအမျိုးသမီးကိုကြည့်လိုက်တော့ ရှက်ပြုံးပြုံးနေသည်ကိုတွေ့လိုက်ရ၏။

ဂယူ နှခမ်းစွန်းတစ်ချက်မဲ့မိလိုက်သည်။

"ကျွန်တော်တို့က အလုပ်တစ်ခုကိုအတူလုပ်ရတယ်ဆိုတာ ကျွန်တော့်Daddyရဲ့မိတ်ဆက်ပေးမှုကြောင့်ပါ ရင်းနှီးလားဆိုတော့..
အလုပ်ကိစ္စကလွဲရင် စကားသိပ်မပြောဖြစ်ကြတော့ အင်း..လုပ်ဖော်ကိုင်ဖက်ပေါ့"

တည်တည်ကြည်ကြည်ဖြေသွားသော ဂယူ့စကားကြောင့် ဘေးမှအမျိုးသမီးရော သတင်းထောက်အမျိုးသမီးပါ မျက်နှာပျက်ကုန်သည်။
ဒါပေမယ့်လဲ ဂယူ ကဂရုမစိုက်ပါ..

"ဟုတ်ကဲ့ရှင့် နောက်ထပ် ပရောဂျက်တွေမှာလဲ အစ်ကိုတို့နှစ်ဦးတွဲလုပ်ဖြစ်အုံးမလားသိချင်ပါတယ်ရှင့်"

သေချာသည် ဂယူ့အတွေ့အကြုံအရ ထိုသတင်းထောက်အား ဘေးမှအမျိုးသမီး ၏လူဖြစ်ကြောင်းရိပ်မိလိုက်သည်။

"အဲဒါကတော့ ပြောဖို့မသေချာဘူးဗျ မလုပ်ဖြစ်တော့ဖို့တော့များပါတယ် ဒါနဲ့ ကျေးဇူးပြုပြီး အလုပ်အကြောင်းဘဲအဓိကထားမေးပေးပါ့လား ကျွန်တော့်Personalတွေ ပြောရတာ သိပ်မကြိုက်ဘူး!"

P O S S E S S I O N (Complete)Where stories live. Discover now