8

642 86 3
                                    

လွန်ခဲ့တဲ့၃ရက်ခန့်~~~~~

"မင်း ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ"

ဒီနေ့ အိမ်ပြန်ခေါ်ခြင်းမှာ သူ့ကိုဒါတွေပြောချင်၍ဖြစ်ကြောင်း ဂယူသိနှင့်နေပြီးသား။

"ကျွန်တော်ဖြေရှင်းလိုက်ပါ့မယ် Daddy"

ဂျီအွန်းမှာ ရှေ့ကသားဖြစ်သူအား ကြည့်မိတော့ သူ့လူငယ်ဘဝကို သတိရမိသေးသည်။

"ဂယူ ငါပြောတာ Social Mediaပေါ်ပျံ့နေတဲ့ကိစ္စကိုဖြေရှင်းခိုင်းနေတာမဟုတ်ဘူး မင်းနှလုံးသားထဲက ကိစ္စကိုဖြေရှင်းခိုင်းနေတာ"

ထင်မထားတာကြောင့် ဂယူ့ Daddyအား နားမလည်ဟန်

"Daddy ဘာကိုပြောချင်တာလဲ"

"ငါမသိဘူးထင်နေတာလား လွန်ခဲ့တဲ့6နှစ်ကစပြီးအခုချိန်ထိ မင်း အဲဒီကောင်လေးကို အရိပ်တကြည့်ကြည့်စောင့်ရှောက်လာခဲ့တာ ချစ်သူရည်းစားမထားဘဲ အဲဒီကောင်လေးနဲ့သာအတူနေပြီးဂရုစိုက်ပေးဖို့ငါ့ကိုအမြဲတောင်းဆိုခဲ့တာ
ထပ်ပြီး..."

"Stop!Daddy ကျွန်တော့်စိတ်က သေချာပေမယ့် ယူဂျင်းဘက် ကျွန်တော့်ကို အားကိုးရာ အစ်ကိုလို့ဘဲသဘောထားတယ်ဆိုရင်..."

သူနှင့်Daddyမှာ အခုလိုဆွေးနွေးတတ်တာမျိုး အရင်ကမရှိခဲ့ ပါပါးနဲ့သာ ကိစ္စအများစု ဆွေးနွေးတာမျိုးလုပ်ခဲ့ခြင်းဖြစ်သည်။

"အိမ်မက်ဆိုးတွေထပ်မက်သေးလား.."

ပြောနေသည့် အကြောင်းအရာဟာ မတူညီတော့..
စိတ်ဝင်တစားမေးနေသည့် Daddyကြောင့်
ဂယူ့စိတ်ထဲတစ်စုံတစ်ခု ရောက်ရှိလာသည်။
ဝမ်းနည်းခြင်းလား ကျေနပ်ခြင်းလား မရေရာ..

"Daddyသိတယ် အဲဒါကြောင့်မို့ အဲဒီကောင်လေးနဲ့အတူသွားနေမယ်လို့ သားလာပြောတုန်းက ခက်ခက်ခဲခဲ ခွင့်ပြုပေးခဲ့မိတာ"

အရင်တည်းက Daddyက သူ့ကိုတိတ်တဆိတ်ဂရုစိုက်ခဲ့သည်လား...။

"နောက်ပြီး အဲဒီကောင်လေးအပေါ် ခံစားချက်တစ်ချို့ရှိနေတယ်ဆိုတာလဲ Daddyသိတယ် ဂယူ Daddyမတားပါဘူး ဒါပေမယ့်
အဲဒီခရီး ကြမ်းတမ်းမှန်း၊ပူလောင်ရမှန်း သိထားသင့်တယ် သား...
တကယ်လို့ ဆုံးဖြတ်ထားပြီးသားဆိုရင်တောင် သားတစ်ယောက်တည်းမလျှောက်စေချင်ဘူး"

P O S S E S S I O N (Complete)Where stories live. Discover now