15

461 77 18
                                    

"ကျွန်တော့်ကို ဒီလောက်ဘဲရက်စက်ပါတော့..."

ထိုစကားက ဘာအဓိပ္ပာယ်လဲ
သူ 6နှစ်လုံးလုံး ယူဂျင်းကို ရက်စက်မိခဲ့တာလား
အားကိုးရာမရှိတဲ့ကလေးမို့ အားကိုးစေခဲ့သူ
6နှစ်တိုင် ဒီကလေးနှင့် အသက်ဆက်ခဲ့တဲ့သူက..
အခုတော့ ထိုကောင်လေးက သူ့ကိုရက်စက်တယ်လို့သုံးနှုန်းနေပြီတဲ့လား...။

ဟန်ယူဂျင်းရာ ကိုယ့်မေတ္တာတွေဟာ မင်းကြောင့် သည်းထဲရေသွန်..။

ထပ်ပြီး မင်းအတွက်ပြောစရာစကား ရှာမရတော့ဘူး။
ထပ်ပြီး မင်းကို နားလည်ပေးခွင့်လွှတ်ပေးဖို့ မကြိုးစားချင်တော့ဘူး။
ကိုယ်ကလွဲပြီး အားလုံးကိုယုံကြည်နေတဲ့မင်းက ကိုယ်ဘာပြောပြော လက်ခံမှာမှမဟုတ်ဘဲ။

မင်းသာ ဒီလိုပြောလို ကျေနပ်မယ်ဆိုရင် ကိုယ့်ရင်ကိုဓားနဲ့ခွဲသလို နာကျင်ရမယ်ဆိုရင်တောင် ကိုယ်နားထောင်ပေးပါ့မယ်။
ထပ်ပြီး  မင်းကိုတော့ဖြင့် ကိုယ့်ကိုယုံပါ လို့ မပြောတော့ဘူးကလေးရယ်...။

ထိုနေ့က ဂယူတို့စကားများပြီးနောက် ကားကို နောက်ပြန်လှည့်လို့ ပြန်လာခဲ့ကြသည်။

အဲလိုနဲ့ သူတို့၏ ပထမဆုံးခရီးစဥ်လေး ပျက်စီးသွားရသည်ပေါ့။

~~~~~

"အခြေအနေဘယ်လိုလဲ..."

"နှစ်ယောက် စကားများကြတယ်ထင်ပါတယ် ဆရာ မကြာခင် ဆက်ဆံရေး ပြတ်တောက်သွားနိုင်ပါတယ် ခရီးလဲမထွက်ဖြစ်တော့ပါဘူး"

တပည့်ဖြစ်သူ၏ စကားကြောင့် အသက် ၃၀နားနီး လူကြီးတစ်ယောက်၏ မျက်နှာမှာကျေနပ်သည့်အရိပ်အယောင်တို့ ပေါ်လာ၏။

"ကောင်းတယ် အဲဒါမှ ဟန်ယူဂျင်းဆိုတဲ့ကလေးကိုအလွယ်တကူရှင်းပြစ်လို့ရမှာ Kimအိမ်တော်က သားအကြီးကြောင့် သူ့ကိုဘာမှမလုပ်ဘဲထိုင်ကြည့်နေရတာ ခံပြင်းဖို့ကောင်းတယ်!"

ထိုလူကြီးက တွေးဆဆပြောတော့ တပည့်ဖြစ်သူက ခေါင်းငြိမ့်ကာထောက်ခံ၏။

သူတို့ပိုင်ဆိုင်ရမည့် ရတနာ ကြီးအား မြင်သာမြင်မကြင်ရဆိုသလိုပင်။
ဥက္ကဌဟန် ၏ ပိုင်ဆိုင်မှုက တော်ရုံမဟုတ်ကြောင်း ဥက္ကဌရှိစဥ်က အတွင်းရေးမူးလုပ်ခဲ့သည် သူ့ဆရာကသိသည်။
ထို့ကြောင့် ဖြတ်လမ်းနည်းဖြင့် ထို ပိုင်ဆိုင်မှုကို လုယူရန်ကြိုးစားတော့ ကံကောင်းတဲ့ ဟန် မျိူးရိုး ကလေးတစ်ယောက်က အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

P O S S E S S I O N (Complete)Where stories live. Discover now