ဂယူ့ရင်ခွင်ထဲ၌ မေ့မျောသွားသည့်ကလေးငယ်မှာ ဘယ်လောက်တောင် နေမကောင်းဖြစ်နေခဲ့လဲမသိပါ။
အမှတ်တမဲ့ နေလိုက်ခြင်းက ဖျားနာခြင်းကိုပိုဆိုးသွားစေပြီး ဘာမှမစားဘဲနေတာကြာတော့ အားတွေပါနည်းလာသည်ထင်၏။"ဘာလို့ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရတာလဲ ကလေးရာ.."
နှခမ်းတွေဖြူဖျော့လျက် မျက်နှာလေးနွမ်းလျကွာ နဂိုထက်ပင် ပိန်ကျသွားတဲ့ခန္ဒာကိုယ်လေးအား မြင်ရသူ သူ့မှာ စိတ်၏ဖျားနားခြင်းတို့ ကူးစက်ကုန်၏။
ညကတည်းက မနက်အထိ အဖျားကျစေရန် ရေပတ်ဝတ်ဖြင့် တိုက်လိုက် ပြန်ချလိုက်ဖြင့် အလုပ်ရှုပ်နေခဲ့ရာ ကလေးနိုးလာရင် စားရန်ဘာတစ်ခုမှမပြင်ဆင်ရသေးကြောင်း အခုမှသတိရတော့သည်။
"ကိုယ် ကလေးကြိုက်ပေမယ့် မကြိုက်ချင်ယောင်ဆောင်ခဲ့တဲ့ဆန်ပြုတ်ပူပူလေး သွားပြုတ်ပေးမယ်နော်"
နဖူးလေးအား ဖွဖွနမ်း၍ ကလေးလေး မနိုးလာသေးပေမယ့် ခွင့်တောင်းမိသည်။
မီဖိုးခန်းထဲရောက်တော့ အစားအသောက်နှင့်ပတ်သက်တာဟူ၍ သူဒီအိမ်ကထွက်မသွားခင် ဝယ်ထည့်ထားခဲ့သည့် ပစ္စည်းတွေမှလွဲထပ်မတွေ့ရ။
ကလေးဟာ နေနိုင်လိုက်ပုံများ ဘာတွေများစားပြီးနေထိုင်နေခဲ့လဲ သူ့ကိုစိုးရိမ်လွန်ပြီး သေသွားစေချင်လို့လားမသိပါ အခုရက်ပိုင်းလေးတင် ခန္ဒာကိုယ်လေးပိန်ကျသွားတာကြောင့် ဂယူ့မှာ ကိုယ့်ကိုယ်ကိုသာအပြစ်တင်မိတော့သည်။
ဘာမှထပ်သွားမဝယ်တော့ဘဲ ရှိတဲ့ပစ္စည်းတွေနဲ့သာ ကလေးကြိုက်လောက်မယ့် အရသာမျိုးနှင့်ပင် ဆန်ပြုတ်ကြိုလိုက်တော့သည်။
ဆန်ပြုတ်ပြုတ်နေရင်းက အတွေးတွေဟာ လွန်ခဲ့တဲ့တစ်ရက်ဆီသို့...
.......
ယူဂျင်းကို သတိရတဲ့စိတ် တွေ့ချင်နေသည့်စိတ် စိတ်ပူနေသည့်စိတ် စသဖြင့် ရှုပ်ယှက်ခတ်နေတဲ့စိတ်ကို တည်ငြိမ်အောင် အလုပ်ထဲခေါင်းစိုက်နေတဲ့အချိန်တွင်ဖြစ်သည်။
"ကောင်လေးတစ်ယောက်အတွက်နဲ့ အဲလောက်တောင်ဘဲလား Kim သခင်လေး.."
YOU ARE READING
P O S S E S S I O N (Complete)
Fanfiction"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး"