10

655 85 8
                                    

တစ်ရက်~ နှစ်ရက်~ သုံးရက်~လက်ချိုးရေတွက်ကြည့်လိုက်တော့ တစ်ပတ်တိတိရှိသွားပြီ။
ကိုကိုနဲ့ မတွေ့ရတဲ့ရက်တွေမှာ ယူဂျင်း အဖျားတက်ပြီး အိပ်ယာထဲလဲနေခဲ့ခြင်းဖြစ်သည်။
သူလဲသိပ်ပင်ပန်းပါသည် အမှန်အတိုင်း ပြောရရင် သူတို့နှစ်ဦး၏တွေ့ဆုံမှုမှာ နှစ်ယောက်လုံးအပေါ်နာကျင်မှုတွေပေး၏ ဒဏ်ရာတွေဖြစ်စေသည်။
ဒါက တွေ့ဆုံမှုမှားယွင်းခြင်းလို့ ခေါ်ရမလားပင်။

ကိုကိုနဲ့နှစ်ယောက်အတူရှိနေရင် စိတ်တွေအေးချမ်းရပြီး ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ဖူးသည်။

ဘယ်အချိန်က ဘယ်အရာကစမှားယွင်းသွားလဲမသိပါ။
အခုချိန်တွင်တော့ ကိုကို အနားရှိနေလျက် ဝေးနေရသလို ဂရုစိုက်ခံရပေမယ့် ပစ်ပယ်သွားမလားဆိုတဲ့စိုးရိမ်စိတ်တွေကြောင့် ထိပ်လန့်ခဲ့ရပေါင်းလဲများပြီဖြစ်သည်။
ဒီလူကငါ့အပိုင် ဟူ၍လဲ မာန်တက်ပြလို့မရတဲ့အခြေအနေမှာ ကိုကို့အနားလာကပ်သမျှ မိန်းကလေးတွေအား နည်းပေါင်းစုံနှင့်ခွာထုတ်ပစ်ချင်မိသည့် စိတ်တွေဟာ ပူလောင်ရသည်။

ဒါကို ကိုကိုမသိပါ။သူတို့နှစ်ဦးဟာ နီးလျက်နဲ့ဝေးနေကြတဲ့ပြိုင်မျဥ်းတွေလိုပင် အရမ်းနီးကပ်နေပေမယ့် မဆုံတွေ့နိုင်တော့သလို...

ကိုကို့ကို နှလုံးသားထဲက ထုတ်ဖယ်ပြစ်လိုက်ရမလား..
ပထမဆုံးအကြိမ် အတွေးထဲဝင်ရောက်လာသည့်အချိန်ပင်။

တကယ်ဆို ဟန်ယူဂျင်းဆိုတဲ့ သူက သိပ်ကိုသနားဖို့ကောင်းသည်။
မိဘလဲမရှိ ဆွေမျိုးသားချင်းလဲမရှိ ကိုကိုသာမရှိရင် ပျက်စီးနေတဲ့ကလေးတစ်ယောက်သာသာဖြစ်ကောင်းဖြစ်နိုင်သည်။

အဲလိုအခြေအနေတွေနဲ့သူက ကိုကို့ကိုသာ နှလုံးသားထဲကဖယ်ထုတ်နိုင်လျှင် ဘဝရောနှလုံးသားပါ ဆုတ်ပြတ်သပ်သွားနိုင်သည်တဲ့။

အခုချိန်ကိုဘဲကြည့်..
ဖျားနေတဲ့သူ့ကို ဆန်ပြုတ်ပူပူနွေးနွေးလေး ချော့တစ်ခါခြောက်တစ်လှည့် တိုက်ပေးမယ့်သူ
ဆေးခါးခါးတွေကို ချိုပါတယ်ကွာ လို့ညာလို့ ဂရုတစိုက်တိုက်ပေးမယ့်သူ
အပူတွေတက်နေတဲ့ သူ့ကို အဖျားကျစေရန် စိတ်ရှည်လက်ရှည် ရေပတ်တိုက်ပေးမယ့်သူ
အနားတွင်အလုပ်မသွားဘဲ အတူရှိပေးမယ့်သူ

P O S S E S S I O N (Complete)Where stories live. Discover now