13(Part_2)

500 90 14
                                    

12နှစ်အရွယ်တွင် ဟန်ယူဂျင်းမှာ ကိုကြီးအား အရမ်းကပ်တွယ်နေပြီဖြစ်ကြောင်း မင်ဟီးလက်ခံခဲ့ရသည်။
အရင်က အစ်ကိုရင်းတစ်ယောက်လို ခင်တွယ်နေတာဖြစ်​သည်ဟုထင်ခဲ့ပေမယ့် တဖြည်းဖြည်း ခင်တွယ်သည်ထက်ပိုသာလာခဲ့ကြောင်း သူ့မျက်လုံးနှင့် တပ်အပ်မြင်လိုက်ရခြင်း။

ထိုနေ့က အစ်မကြီးတစ်ယောက် ကိုကြီးဆီ ပန်းရောင်စာအိတ်လေးအား ယူဂျင်းမှတစ်ဆင့်ပေးခိုင်းလာခြင်း။

သူငယ်ယ်ငယ်ကတည်းက ကိုကြီးကို သဘောကျကြသော အစ်မကြီးတွေမှာ မုန့်ဖိုးတွေ မုန့်တွေ ပေး၍ အောင်သွယ်တော်လုပ်ခိုင်းခဲ့သည်။

သို့ပေမယ့် သူကလက်မခံ အဲဒီအစား ယူဂျင်းဆီလွှဲပေးလိုက်ခြင်းဖြစ်သည်။
ယူဂျင်း ကို ထိုအစ်မကြီးတွေစာသွားပေးတိုင်းလဲ မင်ဟီးက အခြေအနေကို စောင့်ကြည့်တတ်သည်။

အရင်ကတော့ ထိုစာများကို ဒီတိုင်းလက်ခံလိုက်ပြီး ထွက်သွားတဲ့ယူဂျင်းက ထိုနေ့ကတော့ အရင်နှင့်မတူစွာ ထိုအစ်မကြီး လဲကျအောင် တွန်းလိုက်ပြီး စကားအချို့လဲပြောလိုက်သည်ကို သူမြင်တွေ့လိုက်ရသည်။

တဖြည်းဖြည်း နီးစပ်လာတဲ့ ကိုကြီးနှင့်ယူဂျင်း ကြောင့် သူဟာ ဘာမှအသုံးဝင်သည့် ဖြစ်တည်မူနှင့် ဆက်လက်ရှင်သန်ရမှာကြောက်ရွံ့လာတော့သည်။

တစ်နေ့ ထိုသို့ပင် ကိုကိုနှင့်ရွယ်တူ အစ်မကြီးတစ်ယောက်မှတစ်ဆင့် စာတစ်စောင်ရေး၍ ယူဂျင်းလက်ထဲ ထည့်ပေးခိုင်းခဲ့သည်။

"ဂယူဗင်းက တစ်ချိန် မင်းဘဝထဲကထွက်သွားလိမ့်မယ်...
သူချစ်တဲ့လူတွေ့ရင် မင်းကိုထားပစ်ခဲ့မှာ
အဲဒါကြောင် အများကြီးမစွဲလမ်းရင် ကောင်းမယ် ယူဂျင်း"

ထိုစာကို သေချာဖတ်ကြည့်မယ်ဆိုရင် သူဆိုလိုချင်သည့်အဓိပ္ပာယ်ပေါ်နိုင်သည်ဟု ကလေးအတွေးနှင့်တွေးကာ ရေးပေးလိုက်ခြင်း။

သို့ပေမယ့် မီးတောက်ငယ်ကို လောင်စာပစ်ထည့်လိုက်သလို..
ဘာမှပုံဖော်လို့မရသေးတဲ့ ယူဂျင်း၏ခံစားချက်တွေကိုထင်ရှားစေခဲ့သည်လို့တော့ သူဘယ်ထင်လိုက်မည်လဲ..။

P O S S E S S I O N (Complete)Where stories live. Discover now