7

632 90 4
                                    

ယူဂျင်းအသက် 12နှစ်
ကင်ခ်ဂယူဗင်း အသက်16နှစ်
နှစ်ယောက်အတူမနေခင် တစ်လအလို~~~~

"ကိုကို ဘာလို့အဲလိုလုပ်တာလဲ!!!"

ယူဂျင်းက ၃ရက်လောက်ပျောက်ပြီးမှ ပြန်ရောက်လာတဲ့ကိုကို့အား စိတ်ဆိုးမာန်ဆိုးကစားနေကျအရုပ်တွေနှင့်ပစ်ပေါက်မိသည်။

"ကိုကို ဘာလုပ်မိလို့လဲ ကလေးရယ်"

ကိုကိုက ကြင်ကြင်နာနာမေးလာပါလျှင်
ယူဂျင်းက မျက်ရည်များပိုကျချင်လာ၏။
သူအများကြီး ကိုကို့အပေါ်ခင်တွယ်မိနေပြီလား..

"ကိုကိုက ယူဂျင်းကိုမချစ်တော့ဘူး"

​ထိုနေ့က ရုတ်တရက်ကြီး ထိုင်ချ၍ ထအော်ငိုလာသောယူဂျင်းကြောင့် ကိုကိုပြာယာခတ်နေခဲ့၏။

"ကိုကို့ ကို မမတစ်ယောက်နဲ့အတူတွေ့လိုက်တယ်လို့!! အီးဟီး ကိုကို ယူဂျင်းကိုချစ်ရင် ကောင်မလေး မထားလို့ရမလား ယူဂျင်းမကြိုက်ဘူး"

ပြောရင်း ငိုရင်း ကိုကို့အားအရုပ်နှင့်ပစ်ပေါက်နေဆဲဖြစ်သည်။
အနားလဲအကပ်မခံ အော်ဟစ်နေမြဲ..
ကိုကိုကလဲ စိတ်ရှည်လက်ရှည် ယူဂျင်းကိုချော့ဖို့ကြိုးစားလျက်ရှိသည်။

"ကလေးတွေ့လိုက်တာ မင်ဟီးကို ဂိုက်သင်ပေးတဲ့အစ်မပါ သူ့ကို လမ်းထိပ်ထိ လိုက်ပို့ပေးရုံပါဘဲ ကိုကိုတို့ ဘာမှမပတ်သက်ပါဘူးကလေးရယ်"

ကိုကိုအား ယူဂျင်း မယုံသလိုကြည့်လိုက်သည်။
သေချာပေါက်ပြုံးနေခဲ့တာ ထိုအစ်မနဲ့အတူရယ်မောနေခဲ့သော ကိုကိုမှာ တကယ်အမှန်ကိုပြောနေတာလား ဖုံးကွယ်ဖို့ကြိုးစားနေတာလား ယူဂျင်းသေချာမသိခဲ့ပေမယ့်...

"ဒါဆို ဘာလို့ 3ရက်တောင် ယူဂျင်းဆီရောက်မလာတာလဲ ဟင့်"

ရှိုက်သံလေးတစ်ချက်ချက် ထွက်လာပြီး ယူဂျင်းမေးခွန်းထုတ်မိတော့ ကိုကိုက မျက်နှာပျက်သွားသည်။

"ဒီတိုင်း ကိုကို့Daddyက ကိစ္စလေးတစ်ခုခိုင်းထားလို့ပါ"

ပျက်သွားတဲ့မျက်နှာကို ပြန်ထိန်း၍ ပြန်ဖြေလာသောကိုကို့အား ယူဂျင်း မျက်နှာသေလေးဖြင့်ငေးကြည့်မိသည်။
ဘာစကားမှထပ်မမေးတော့ ဘာမှလဲမသိချင်တော့..
ကိုကိုက သူ့လို ကလေးအရွယ်ကို အမှန်တွေပြောပြဖို့ဆိုတာမဖြစ်နိုင်။

P O S S E S S I O N (Complete)Where stories live. Discover now