21

458 70 6
                                    


ကိုကို ကအိမ်ခဏပြန်မယ်ပြောပြီး ထွက်သွားတာ ည7နာရီရှိနေပြီဖြစ်ပေမယ့် ရောက်မလာသေးတာကြောင့် ယူဂျင်းစိတ်ပူနေရသည်။

ယခုထိ သူ့မျက်လုံးရှေ့သူ့ကြောင့် ဓားထိသွားတဲ့ မင်ဟီး၏ ပုံရိပ်အား မေ့လို့မရနိုင်သေး။
အသက်ကိုအချိန်မှီ ကယ်ခဲ့နိုင်ပေမယ့် နိုးထမလာတော့တာလဲ ဖြစ်နိုင်သည်တဲ့။
ယခုလိုအချိန်တွင် ကိုကို့ မိဘတွေက ကိုကို့ကိုသူ့အနားဆက်ထားချင်တော့မည်မဟုတ်မှန်း ရိပ်မိနေပေမယ့် ကိုကို့အား လက်မလွှတ်နိုင်ပါ။
အိမ်ခဏ ပြန်မယ် ပြောတုန်းက သူတားလိုက်ရမှာ..
အခုတော့ သူ့ဆီပြန်ရောက်မလာတော့မည်ကို  ထိပ်လန့်နေရပြီ။
ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ယောက်တည်း ပစ်မထားခဲ့ပါနဲ့ကိုကိုရယ်...
နာရီကို ကြည့်နေတဲ့ ယူဂျင်းမျက်လုံးတွေမှာဝေဝါးဝါးရယ်..
ကျချင်နေတဲ့ မျက်ရည်ကို တင်းခံကာထိန်းချုပ်ထားသည်။
ကိုကို့အားယုံကြည်ထားသော စိတ်ကလေးကြောင့် ယူဂျင်း ကော်ဖီတွေဖျော်သောက်၍ ဆက်စောင့်နေဆဲ...

ည 8နာရီ~~~

နာရီသံတစ်ချက်ချက် မြည်သံနှင့်အတူ ယူဂျင်း စိတ်ကလေး ထိပ်လန့်နေရသည်။
ကိုကို့ကို ယုံကြည်ထားတာမို့ ပြန်ရောက်လာပေးပါ ကျွန်တော့်ကိုတကယ်ချစ်ရင်ပေါ့ ကိုကိုရယ်...

ည 9နာရီ~~~

ကိုကိုက သူ့ကို တစ်ယောက်တည်းထားခဲ့ဖို့ စိတ်ချနိုင်သည်လား။
သူ့အသက် မပြည့်သေးဘူးလေ ဘယ်လိုလုပ် တစ်ယောက်တည်းရပ်တည်နိုင်မှာလဲ...
ဟင့်အင်း သူရပ်တည်နိုင်တယ်ဆိုပြီး မာန်မာနတွေမထားချင် မရင့်ကျပ်ချင်ပါ။
သူဟာ ကိုကို့ရဲ့ ဂရုစိုက်မှုတွေနှင့် အသားကျနေပြီးသားမို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို စိတ်ချမထားပါနဲ့လား...။

ည 10နာရီ~~~

တင်းခံထားသည့်ကြားမှ ကျဆင်းလာသည့်မျက်ရည်ပူတွေ..
ကိုကိုက ယူဂျင်းကို ငိုအောင်ထပ်မလုပ်တော့ဘူးပြောပြီး အခုတော့ ကိုကို စကားမတည်တော့ပါ။
အကယ်၍များလေ ကိုကိုသာ ယူဂျင်းဆီ ရောက်မလာတော့ဘူး ဆိုလျှင်..
အတွေးနဲ့တင် ရင်တွေနာရသည်မှာ အဆမတန်။
ကိုကိုဘဲရှိတဲ့ယူဂျင်းကို တစ်ယောက်တည်းချန်ခဲ့တော့မလို့လား ကိုကိုရယ်..

P O S S E S S I O N (Complete)Kde žijí příběhy. Začni objevovat