16

487 70 11
                                    

မတော်တဆမှုဟု လက်ခံထားတဲ့ ယူဂျင်းမှာ လုပ်ကြံမူတစ်ခုဖြစ်ကြောင်း သိလိုက်ရတဲ့အချိန် လက်မခံရဲလောက်အောင်ဖြစ်ရသည်။

ယခုထက်တိုင်း မေ့မရခဲ့တဲ့ ပုံရိပ်တွေဟာ ယူဂျင်းနှလုံးသားကို သွေးစိမ်းရှင်ရှင်ကျစေသည်။

ထိုနေ့က အိပ်ပျော်နေတယ့် ယူဂျင်းကို ကားပေါ်အသာပွေ့တင်လို့ မေမေတို့ ဖွားဖွားရှိရာဆီသွားရန်ပြင်ခဲ့ကြသည်။
အကြောင်းအရင်းမှာ ဖွားဖွား နေမကောင်းဘူးဟု သိရခြင်းကြောင့်ဖြစ်သည်။
ဒါပေမယ့် ထိုအကြောင်းအရာအား ယူဂျင်း ကိုမပြောပြခဲ့ကြ
ယူဂျင်းက အဖွားကိုသိပ်ချစ်သောကြောင့် ဝမ်းနည်းသွားမှာစိုး၍ဖြစ်မည်။

"မေမေ ယူဂျင်းတို့ဘယ်ကိုသွားနေတာလဲဟင်"

ကားစထွက်ပြီး သိပ်မကြာခင် အိပ်နေရာမှနိုးလာတဲ့
ယူဂျင်းလေးက မေးတော့ မေမေကပြုံး၍

"သားဖွားဖွားတို့ရှိတဲ့နေရာပေါ့ ဖွားဖွားက သားကိုလွမ်းလို့တဲ့ သားရော ဖွားဖွားကိုလွမ်းရဲ့လား"

"လွမ်းတယ် ယူဂျင်းလဲ ဖွားဖွားနဲ့တွေ့ချင်တယ်"

အဖွားနှင့်တွေ့ရမည်ဟု သိလိုက်ရတဲ့အချိန် ယူဂျင်းက ဝမ်းသာအားရ အော်ပြောလိုက်ခြင်းဖြစ်သည်။

ထိုသို့ ယူဂျင်း၏ ချစ်စရာအပြုမူလေးအား ဖေဖေနှင့်မေမေက သဘောကျစွာ ပြုံး၍ ကြည့်လာကြသည်။

အိပ်နေရာတွင် ဖွာနေသော ယူဂျင်းဆံနွယ်လေးတွေကို မေမေက သပ်တင်ပေး၍

"တွေ့ရမှာပေါ့ကလေးရယ် ဖွားဖွားကလဲ မေမေ့သားလေးကိုမျှော်နေမှာ"

ယူဂျင်းလေးက မေမေ့စကားကိုပြုံး၍ ထောက်ခံသည်။

"ဖေဖေ သားမွေးနေ့ကျရင် ဘာဝယ်ပေးမှာလဲဟင်"

ရုတ်တရက် မွေးနေ့အကြောင်း ထုတ်ပြောလာတဲ့ယူဂျင်းကြောင့် ဖေဖေနှင့်မေမေက အံ့သြသွားဟန်တူသည်။

"သားမွေးနေ့က လိုသေးတယ်လေကွာ ဖေ့သားက ဘာလိုချင်လို့လဲ မွေးနေ့မဟုတ်လဲ ဖေဖေကဝယ်ပေးမှာပေါ့ ကွ"

"နိုး နိုး! မွေးနေ့ရောက်ရင် ယူဂျင်းလိုချင်တာပြောမယ် အဲဒီအချိန်ကျရင် ဖေဖေ တကယ်ဝယ်ပေးရမှာနော်"

P O S S E S S I O N (Complete)Where stories live. Discover now