Extra (2)

388 46 9
                                    

နှစ်ဖက်မိဘများ၏ကတောက်ကဆ~~~

"ကိုယ် သဘောမတူနိုင်ဘူး!"

Kim CEO၏ ပြတ်သားနေသောငြင်းဆိုမှုကြောင့် ဘေးမှ အမျိုးသားဖြစ်သူမှာ မျက်ရည်လေးတွေပင်ဝေ့လာရ၏။

"ကျွန်တော့် မိဘတွေလဲ သားရဲ့ လက်ထပ်ပွဲမှာရှိချင်ရှာမှာပေါ့ ဟျောင်းရယ် စိတ်နည်းနည်းလျော့ပေးလို့မရဘူးလား ဟင်"

"မင်းမိဘတွေရဲ့ ကိုယ်နဲ့မင်းအပေါ်လုပ်ခဲ့တဲ့လုပ်ရပ်တွေကို ကိုယ်အခုထိ မမေ့သေးဘူး မတ်ချူး"

"ကိုကို..."

"ကျစ်!"

လေသံအေးအေးနဲ့ချိုသာနေသော ခေါ်သံတစ်ခုကို "ကျစ်"ခနဲစုတ်သတ်လိုက်တာကြောင့် အမျိုးသားငယ်မှာ မကျေမနပ်ဖြစ်၍လာသည်။

"အခုတော့ အချိုးတွေ ပြောင်းနေပြီပေါ့ Mr.Kim ဟုတ်လား ကျွန်တော် "ကိုကို"ခေါ်တဲ့အသံကိုတောင် သဘောမကျနိုင်တော့ဘူးပေါ့လေ ဟုတ်လား ရတယ် တစ်သက်လုံးမခေါ်ဘူး ခင်ဗျားနဲ့ကျွန်တော် ဒီနေ့အပြတ်ဘဲ!"

စိတ်တိုနေသူအား တစ်ပြန် စိတ်ပြန်ကောက်သွားသူတစ်ဦး။

ဆော့မတ်ချူး...
အသက်ကြီးလာတာနဲ့အမျှ ပိုကာ အရစ်သန်လာတဲ့ ကောင်ငယ်လေးပါဘဲ။

"ဟူး..."

ဂျီအွန်း သက်ပြင်းချ၍ အသက်တိုမည်ဆိုလျှင် ကင်ခ်ဂယူ၏လက်ထပ်မည့်အချိန်တွင်တောင် အသက်ရှင်ကျန်နေခဲ့လိမ့်မည်မဟုတ်။

ခက်ပါဘိ..
သူတို့ နှစ်ဦး ဒီလိုအခြေအနေမရောက်ခင် မတ်ချူးမိဘများ၏ နှောက်ယှက်မှုမှာ မည်မျှ ကြီးမားကြောင်း မတ်ချူးကိုယ်တိုင်သိနေရက်နဲ့

သား၏ လက်ထပ်ပွဲအား ကနေဒါမှာလုပ်ချင်ပါသည်ဟု ဆိုလာပါသော အဆိုးလေး...
တစ်ဦးတည်းသောသားလဲဖြစ်ပြီး မတ်ချူးမိဘများမှာ ကင်ခ်ဂယူကိုတော့ဖြင့် သိပ်ချစ်ကြ၏။
ထိုသည်ကိုသိပေမယ့် သူတော့ဖြင့် ထိုလူတွေနှင့် မျက်နှာချင်းမဆိုင်ချင်ပါ။
စိတ်နာ၏ သွေးရင်းဖြစ်တဲ့ မတ်ချူးကခွင့်လွှတ်နိုင်တယ်ဆိုရင်တောင် သူကတော့ မည်သူ့ကိုမှခွင့်မလွှတ်နိုင်။

ထို့ကြောင့် သူဘယ်လိုမှ ကနေဒါသို့ ပြန်သွားဖို့မဖြစ်နိုင်။
ဒီတစ်ကြိမ်တွင်တော့ သူနှင့်စိတ်တူတဲ့ ကင်ခ်ဂယူကြောင့် စိတ်သက်သာရာရပါ၏။

P O S S E S S I O N (Complete)Where stories live. Discover now