4

749 109 2
                                    

"ခင်ဗျားဘာစကားပြောလိုက်တာလဲ!"

ယူဂျင်း ရှေ့မှ ကာလာရောင်စုံခြယ်မှုန်းထားသောအမျိုးသမီး၏စကားကြောင့် ဆွံ့အသွားသည်။

ထိုအချိန် အမျိုးသမီးမှာ ယူဂျင်းအား မဲ့ပြုံးပြုံးပြလာသည် သူမကသာ အနိုင်ရသည့်လူတစ်ယောက်လို။

"မင်းမကြားလိုက်ဘူးလား အကြားအာရုံတစ်ခုခုများချို့ယွင်းနေတာလား ကောင်လေး"

မကြားလို့မေးတာမဟုတ်ဘဲ မယုံနိုင်လို့မေးနေခြင်းဆိုတာ ထိုအမျိုးသမီးသိထားသည်။
ဒါပေမယ့် စကားကိုအချိုးမပြေစွာပြောဆိုလာတာကြောင့် တင်းတင်းဆုတ်ထားသောလက်တွေဟာနီရဲလာသည်အထိ ဒေါသထွက်သွားရသည်။

"မ ကြား လို့မေးနေတာမဟုတ်ဘဲ အတည်ပြုချင်လို့မေးနေတာ ကောင်းကောင်းဖြေ သိပ်ဘဝင်မြင့်မနေနဲ့ အမြင့်ရောက်လေလေ ပြန်ကျရင်အထိနာတတ်တာ ခင်ဗျားသိထားသင့်တယ်"

"အေး မင်းကြားချင်လဲထပ်ပြောရမှာပေါ့ ကင်ခ်ဂယူဗင်းနဲ့တို့က တွဲနေပြီ ဒီထက်ပိုသိချင်ရင် ကုမ္ပဏီကလူတိုင်းကိုမေးလို့ရတယ် ဟက်"

အကြောင်းသိလို့ ကိုကိုနဲ့အတူ အလုပ်တွဲလုပ်တဲ့အမျိုးသမီးထံ သတိပေးရုံသက်သက်ပြောလိုခြင်းကြောင့် ဆိုင်တစ်ဆိုင်တွင်ချိန်းလိုက်ခြင်းဖြစ်သည်။
တာဝန်ယူထားသော ပရောဂျက်ပြီးသွားပေမယ့် ကိုကို့ကုမ္ပဏီကို ချောင်းပေါက်မတတ်လာ၍ တွယ်ကပ်နေသည်ဟု သတင်းကြားခြင်းကြောင့်ဖြစ်သည်။
မထင်ထားစွာ ထိုအမျိုးသမီးထံမှ မဟုတ်မမှန်စကားတွေကြားနေရခြင်းဖြစ်၏။

ယူဂျင်းဒေါသထွက်သည်မှာ ထိုအမျိုးသမီး၏စကားကို အဟုတ်ထင်နေခြင်းကြောင့်မဟုတ် ကိုကို့ကို စကားဖြင့် လျှာရိုးမရှိထိပါးလာခြင်းကြောင့်ဖြစ်သည်။

"ခင်ဗျား ရှက်တတ်လား"

ယူဂျင်း ဒေါသတွေကိုအရည်ဖျော်၍ အေးစက်စက် ပြောလိုက်ပါလျှင် ထိုအမျိုးသမီး၏မျက်နှာ သိသိသာသာပျက်လို့သွားသည်။

"နောက်ပြီး ဘာကြောင့် ဒီအကြောင်းတွေကျွန်တော့်ကိုလာပြောနေတာလဲ ခင်ဗျားပြောတဲ့စကားတွေကို ပါပီလေးတွေတောင်ယုံမှာမဟုတ်တာ သိထားသင့်တယ်.."

P O S S E S S I O N (Complete)Where stories live. Discover now