12

603 91 8
                                    

ကိုယ်တိုင်ချက်ပြုတ်ပေးဖို့စဥ်းစားထားတဲ့စိတ်ကူးလေးမှာ ရှေ့မှဆန်ပြုတ်လေး၏ဖြစ်ပျက်မှုကြောင့် ပျက်စီးသွားရသည်။

ထို့ကြောင့် အပြင်မှသာ မှာစားရန် နှစ်ယောက်သား လက်ခံလိုက်ရသည်။

"ကိုယ် ဖုန်းသွားယူလိုက်အုံးမယ် ဧည့်ခန်းမှာဘဲ စောင့်နေနော်ကလေး ပြန်မအိပ်နဲ့အုံး ဆေးသောက်ပြီးမှ အိပ်ရမယ် အိုခေ?"

"အိုခေ"

ဧည့်ခန်းထဲ၌ ယူဂျင်းအားစောင်ပါးလေးခြုံပေးလျက် အနှီးထုတ်လေးလို ချန်ထားခဲ့၍
ဂယူကတော့ ဖုန်းယူရန် အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

ထိုအချိန် ယူဂျင်းဖုန်းမှ Messageဝင်သံကြားတာကြောင့် အမှတ်တမဲ့ကြည့်လိုက်မိပါလျှင်

တွေ့လိုက်ရတဲ့စာနှစ်စောင်ကြောင့် ဂယူအပြုံးမမည်သောအပြုံး ပြုံးမိသွား၏။
ထိုအပြုံးက မြင်ရသူအဖို့ ကျောချမ်းစရာဖြစ်ကောင်းဖြစ်နိုင်သည်။
ချက်ချင်း messageကိုဖျက်လို့ ပို့လာတဲ့နံပါတ်ကိုပါ BLပစ်လိုက်သည်။

"မင်း​တော့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပြီ"

တစ်ယောက်တည်းခပ်တိုးတိုးရေရွက်လိုက်ခြင်းဖြစ်ပေမယ့် သေချာပေါက် တင်းမာနေတဲ့လေသံပင်။

သိပ်မကြာလိုက်ပါ မိနစ်ပိုင်းမျှသာ
မျက်နှာအမူအယာအားသေချာပြင်၍ ဖုန်းကောက်ယူကာ ကလေးနွေးနွေးထွေးထွေးရှိစေရန် အမွှေးပွ ကုတ်လက်ရှည်လေးယူပြီး အခန်းထဲမှထွက်လာခဲ့လိုက်သည်။

"ကိုကိုဖုန်းသွားယူတာကြာလိုက်တာ"

နေမကောင်းဖြစ်ချိန် ကြောင်ပေါက်လေးလို အနားကပ်ချွဲချင်နေတဲ့ကလေးက သူသွားတာကြာလို့ နှခမ်းလေးဆူထော်နေရဲ့။

"ပြွစ်"

ဆူနေတဲ့နှခမ်းပါးတွေကို စိတ်မထိန်းနိုင်စွာ အနမ်းပေးမိတော့ အင်အားကြီးတဲ့မျက်စောင်းက ဒိုင်းခနဲ

"ကိုကို ကျွန်တော့်နားအရမ်းကပ်နေရင် ကိုကို့ဆီ အဖျားကူးသွားလိမ့်မယ်နော်"

​ကိုယ့်ကို အဖျားကူးမယ် လို့ပြောနေတဲ့ကောင်လေးက ကိုယ်သူ့အနားထိုင်လိုက်တာနဲ့ ရင်ခွင်ထဲတန်းနေအောင်ဝင်နေတတ်သေး၏။

P O S S E S S I O N (Complete)Where stories live. Discover now