Extra (3)

429 46 20
                                    


Song rcommend_Our Season(ZB1)

အကြံအစည်တွေနဲ့ မင်းကို ကိုယ့်အနားခေါ်ထားမိခဲ့တယ်~~

"ကလေးလေး ကိုယ်တို့ကစားပွဲတစ်ခုလောက် စမ်းကြည့်ကြမလား.."

မနက်ဖြန်အတွက် တက်ရောက်မည့်
ဧည့်သည်စာရင်းတွေအား စစ်ကြည့်နေတဲ့ ယူဂျင်းမှာ ကိုကိုပြောလာသောစကားကြောင့်

ကိုကိုကတော့ လုပ်ပြန်ပြီ ဟူသောအမူအယာလေးနှင့်ကြည့်လိုက်သည်။

"ကိုကို ဘယ်အချိန်ထိ အဲလိုမေးနေတော့မှာလဲ.."

ယူဂျင်း ပုံမှန်လေသံနှင့်ပြောလိုက်ပေမယ့် တိတ်ဆိတ်ကာ ရှောင်ထွက်သွားဖို့ လုပ်နေသည်ကိုကိုကြောင့် အမြန်ပင် ဆွဲထားလိုက်ရသည်။

"ဒါကဘယ်လဲကိုကို"

"ကလေးမှ ကိုယ့်ကို စိတ်မဝင်စားတော့တာ ကိုယ်ကရှောင်ထွက်သွားရုံပေါ့.."

စလာလေပြီ။
ကိုကိုနှင့်ဒရာမာ တစ်သိန်းတစ်သောင်း

"ကဲပါ ကဲပါ ဘာကစားနည်းလေးလဲ ပြောပါပါအုံး ယူဂျင်း နားထောင်ပေးမယ်"

ကိုကို့လက်အား အားနဲ့ဆွဲကာ အနားတွင်ပြန်ထိုင်စေ၍ တပ်ထားတဲ့မျက်မှန်အကြည်လေးအား ပင့်တင်ပြီး မေးထောက်ကာ ကိုကိုပြောလာမည်အား စောင့်ဆိုင်းနေလိုက်သည်။

"ကိုယ်တို့ အချစ်စမ်းတဲ့ကစားနည်း စမ်းကြည့်ကြမယ်လေ ဘယ်လိုလဲ?"

အသက်25နှစ်ပင်ကျော်နေပြီဖြစ်သောကိုကိုက  အချိန်တွေကြာလာတာနဲ့အမျှ ကလေးဆန်သည့်ဘက်သို့ တဖြည်းဖြည်းရောက်လာသည်မှာ သိသိသာသာပင်။

"ကိုကို ဘာလို့အဲလိုလုပ်နေတာလဲ..."

ယူဂျင်းအား နားမလည်ဟန် ကြည့်လာသောကိုကိုအား အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။
ကိုကို ဘယ်လိုပုံစံ ဘယ်လိုဖြစ်တည်မှုမျိုးပင် ဖြစ်နေပါစေ ယူဂျင်း ကိုကို့အပေါ်ထားရှိသောခံစားချက်တော့ ပြောင်းလဲတော့မှာမဟုတ်မှန်း ထိုအပြုံးမှတစ်ဆင့် ကိုကိုသိပါစေ။

သူ့ရှေ့တွင် ကြိုးစားလုပ်ယူထားသော အတုအယောင်ပုံရိပ်တွေကြား ကိုကို
မွန်းကြပ်နေပါလိမ့်မည်။
ခွဲခွာရမှာ ဆုံးရှုံးရမှာ ကြောက်ရွံ့ထိပ်လန့်နေခဲ့ရသည့်အချိန်တွင် ကိုကိုလဲ သူ့လိုဖြစ်နေရင်ကောင်းမယ် ဟု နည်းနည်းလေးတောင်
ယူဂျင်း မတွေးမိခဲ့ပါချေ။

P O S S E S S I O N (Complete)Where stories live. Discover now