19

477 74 14
                                    

လူတိုင်း လူတိုင်း  မသိထားသင့်သည့်အချက် မပြောသင့်သည့်စကား မထိသင့်တဲ့လူကို တော့ သိထားသင့်သည်။
ဘာကြောင့်လဲဆိုပါလျှင် ထိုအရာတွေဟာ အသက်ဆက်ရှင်နိုင်ဖို့ အကြောင်းအရင်းဖြစ်သလို ကိုယ့်အသက်ကို လာထိပါးနိုင်တဲ့
အကြောင်းအရင်းတွေလဲဖြစ်နေသောကြောင့်ပင်။

အခု ဂယူ့ရှေ့မှ လူကတော့ ထိုအချက်တွေထဲက တစ်ခုဖြစ်တဲ့ မထိသင့်တဲ့လူကို လာထိထားခြင်းဖြစ်ပေသည်။

"ပြောချင်တဲ့စကားရှိလား?"

အခုတော့ ဂယူ့မှာ Suitအပြည့်ဖြင့် ဂိုထောင်တစ်ခုလုံးတွင် တစ်ခုတည်းသော ရှိသော ထိုင်ခုံတစ်ခုပေါ်တွေ ခြေချိတ်ထိုင်၍
ရှေ့မှလူအား မေးလိုက်ခြင်း။

ဒါက အပြစ်လျော့ပေါ့ပေးဖို့ အယူခံဝင်ခိုင်းနေတာမဟုတ်ကြောင်း သူ့ဘေးမှ သက်တော်စောင့်တွေတော့ သိနေပါလိမ့်မည်။

မေးတာကို ချက်ခြင်းမဖြေဘဲ မျက်နှာလွှဲသွားတဲ့လူကြောင့် ခြေချိတ် ထိုင်နေရာမှ သူ့​ခြေတန်ရှည်တွေ ထိုလူမျက်နှာဆီ ဦးတည်လိုက်သည်။

"ဖောင်း!"

ခြေတန်ရှည်ဖြင့် ထိုလူ့မျက်နှာအား လွှဲကန်လိုက်ခြင်းဖြစ်သည်။

"Okey!ခင်ဗျားက ဒီလိုဆိုတော့လဲ ကိုယ် လေကုန်ခံမေးမနေတော့ဘူး သူ့ပါးစပ်ကိုတိပ်ကပ်လိုက်!"

သူ့အမိန့်ကြောင့် ဘေးမှတစ်ယောက်က ထိုလူ့ပါးစပ်ကို တိပ်ဖြင့် အထပ်ထပ်ကပ်၏။

"သောက်သံ ထွက်လာရင် မင်းတို့ အသက်တွေကိုပါ နုတ်မယ် ဆိုတာသိထား!"

အကြည့်တစ်ချက်နှင့် ထပ်ပြောလိုက်တော့ ထိုလူ့ပါးစပ်တွင် တိပ်ဟာခပ်ထူထူဖြစ်သွားသည်။
အဝတ်စတို့ ဘာတို့ စီးထားလို့ရပေမယ့်
သူမလုပ် ဝူးဝူးဝါးဝါး အသံတွေ နားမခံနိုင်လို့ဖြစ်သည်။

အားလုံးပြီးစီးသွားတော့ သူထိုင်ခုံမှ ထရပ်လိုက်ကာ အပေါ် Suitကိုချွတ်လိုက်သည်။
Suitအောက်တွင် ခံဝတ်ထားတဲ့ Suit လက်ရှည်အဖြူသာ ကျန်တော့ပေမယ့် လည်စေ့နားမှာ ကြယ်စေ့နှစ်လုံးပါထပ်ဖြုတ်လိုက်သည်။
ထို့အပြင်လက်ကောက်ဝတ်နားကိုလဲ ထပ်ဖြုတ်လိုက်သည်က ..သူ့အတွက် အနည်းငယ်လွတ်လပ်သွားစေဖို့ဖြစ်သည်။

P O S S E S S I O N (Complete)Where stories live. Discover now