ယူဂျင်း 12နှစ်အရွယ် ကိုကို16နှစ်အရွယ်တွင်ဖြစ်သည်။
"ယူဂျင်းလေး မောင်လေးက ဂယူဗင်းနဲ့ရင်းနှီးတယ်မလားဟင် ဒီစာလေးပေးပေးပါ့လား မောင်လေးကို အစ်မ ပြန်ကျေးဇူးဆပ်ပါ့မယ်"
ကိုကိုကအထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီဖြစ်တာကြောင့် ကောင်မလေးတွေဝိုင်းဝိုင်းလည်နေသည်။
အခုလဲ ရှေ့မှ အစ်မကြီးတစ်ယောက်က ယူဂျင်းကိုအကူညီတောင်းနေခြင်းအား မနှစ်မြို့ပေမယ့် သည်းခံနေသည်။"အစ်မက ကိုကို့ကိုကြိုက်တာလား"
စကားဟာ ကြားရတာတစ်မျိုးဖြစ်ပေမယ့် ယူဂျင်းကဒါတွေကိုဂရုစိုက်ရမည့်အရွယ်မဟုတ်သေးဟု ယူဆထား၏။
"ဟို ဟို.."
ရှေ့မှ မိတ်ကပ်အထူသားဖြင့် ဆံပင်ကောက်ကွေးနှင့်အစ်မကြီးမှာ တော်တော်နှင့် စကားဟာလိုရင်းမရောက်နိုင်။
"အစ်မ ယူဂျင်းရဲ့ကိုကို့ ကို သဘောကျပါတယ်"
ယူဂျင်းကို ကလေးတစ်ယောက်လို ချစ်စနိုးဖြင့် ပါးကိုလာဖဲ့၍ ပြောလာသူအစ်မကြီးကြောင့် ယူဂျင်း မှာ သတိမပြုမိပါဘဲ အစ်မကြီး၏လက်ကို ပုတ်ထုတ်လိုက်သည်။
ယူဂျင်းက အားပါ၍လား ထိုအစ်မကြီး ပျော့ညံ့၍လားတော့မသိ အနောက်သို့လဲကျသွားသည်။
လဲကျသွားသော အစ်မကြီးအား ယူဂျင်းသေချာကြည့်လျက်
"နံပါတ်(1)ကင်ခ်ဂယူဗင်းကို ကိုကိုလို့ခေါ်ခွင့်မရှိဘူး။
နံပါတ်(2)ကျွန်တော့်ပါးကို ထိခွင့်မရှိဘူး။
နံပါတ်(3)ကိုကို့ကို ပိုင်ဆိုင်ဖို့ စိတ်ကူးတောင်မယဥ်နဲ့ "ပြောစရာရှိတာပြောပြီး ထိုအစ်မကြီးအားချန်ခဲ့၍လှည့်ထွက်လာခဲ့သည်။
လက်ထဲအတင်းထိုးထည့်ပေးသော စာအိတ်လေးအား တစ်စစီဖြစ်အောင် ဖိနပ်ဖြင့် ခြေမွှခဲ့သေးသည်။
သည်းခံနားထောင်နေတာ ကိုယ့်ပါးကိုလာထိခွင့်ပေးတာမျိုးမဟုတ်။
ကိုကိုကမှာထားသည်
'ယူဂျင်း ပါးဖောင်းဖောင်းလေးကို ဘယ်သူ့ကိုမှပေးမကိုင်ပါနဲ့'တဲ့
ယူဂျင်း၏ပါးအိအိလေးအား ကိုကို့ကိုအပိုင်ပေးထား၍ ကျန်တဲ့သူလာထိခွင့် တားမြစ်ထားသည်။
YOU ARE READING
P O S S E S S I O N (Complete)
Fanfiction"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး"