13(Part_1)

511 77 4
                                    

ပုံပြင်လေးတစ်ပုဒ်ရှိသည်။
နှုးညံ့စွာချစ်မိပြီးသွား နာကျင်စွာကျန်ရစ်ခဲ့တဲ့ ဗီလိန်အမည်ခံကောင်လေးတစ်ယောက်အတွက်တော့ ထိုပုံပြင်လေးဟာ အကျည်းတန်လို့နေသည်။

ပုံပြင်လေး၏ အစတွင် မင်းသားလေးတစ်ယောက် သူချစ်တဲ့ကလေးငယ်ကို သူနဲ့နီးစပ်ဖို့ ဗိလိန်လေးကို အသုံးချခဲ့သည်တဲ့။

"မင်ဟီး မင်း ဟိုအရုပ်လိုချင်နေတာမလား"

ကိုကြီးက သူ့ကို ယူဂျင်းလက်ထဲက အရုပ်လေးကိုညွှန်ပြ၍ ပြောလာခြင်း။

လိုချင်ပေမယ့် ကိုကို့၏အလိုမကျစွာ ငြင်းဆန်ခဲ့ခင်းကြောင့် Daddyဆီမှ ပူဆာလို့မရခဲ့တဲ့အရုပ်လေးအား ခြံပေါက်ဝမှ မင်ဟီးငေးကြည့်နေခဲ့မိသည်။

အမြဲတမ်း သူ့ကို Daddyသားအရင်း မဟုတ်ဟု ပြင်းပြင်းထန်ထန်ပြော၍ ပစ်ပယ်ခဲ့သည့် ကိုကြီးက စကားတစ်ခွန်းပြောလာခဲ့သည်။

"မင်းလိုချင်တာရှိရင် ရအောင်ယူတတ်ရတယ်"

ထိုစကားအား 10နှစ်သားမင်ဟီးက ကိုကြီးကိုမျက်နှာလုပ်၍ ခေါင်းလေးငြိမ့်ကာထောက်ခံရှာသည်။

ထို့နောက် ကိုကြီးက ခဏနေမှ သူ့ကိုလာခေါ်မည် ယူဂျင်းနှင့်အတူဆော့ ၍ စောင့်နေပါဟုပြောလာခဲ့သည်။

ကိုကြီးစကားကို နားထောင်လိုက်မိတဲ့ မင်ဟီးဟာ နောက်ဆုံးတော့ ကိုကြီး၏မျက်နှာသာပေးမူလဲမရသလို အအော်ပါခံခဲ့ရသည်။

ကိုကြီးဆီမှာ အအော်ခံလိုက်ရတဲ့အခါ ၁၀နှစ်သားမင်ဟီးပေါက်စလေးမှာ ချောင်လေးတစ်ချောင်ထဲဝင်၍ ငိုနေမိခဲ့သည်ကိုတော့ ယူဂျင်းရော ကိုကြီးပါ မသိခဲ့ကြပါ။

သူနဲ့ပတ်သက်လို့ စိတ်မဝင်စားကြခြင်းကြောင့်လဲဖြစ်နိုင်ပါသည်။

ထိုအချိန်က ကိုကြီးဟာ ယူဂျင်းနင့်နီးစပ်ဖို့ သူ့ကိုအသုံးချခဲ့ခြင်းဖြစ်ကြောင်း ဦးနှောက်သေးသေးလေဟာ မတွေးတောနိုင်ခဲ့..။

ဆယ်ကျော်သက်အရွယ်ရောက်လာတော့ အသက်အရွယ်လဲတူပြီး ကျောင်းပါတူတဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူငယ်ချင်းလေး ဟန်ယူဂျင်းအပေါ် ခံစားချက်တွေပိုလာခဲ့သည်။

P O S S E S S I O N (Complete)Where stories live. Discover now