ဆေးရုံတစ်ခု၏ VVIP လူနာခန်းလေးထဲတွင်ဖြစ်သည်။
"အဲဒါဘဲ ကိုယ်ပြောရင် ကိုယ်ဘဲလူဆိုးကြီးဖြစ်အုံးမယ်"
"ဘာတွေတစ်ယောက်တည်း အဘိုးကြီးလို
ပွစိပွစိ ရေရွက်နေတာလဲ ကိုကို"မနက်ကတည်းက တစ်ယောက်တည်းစကားများနေတာ ဆေးရုံရောက်လာသည်အထိပင်။
ဒီနေ့ မင်ဟီး ဆေးရုံဆင်းမှာမို့ သူတိူ့နှစ်ဦး ရောက်လာခြင်းဖြစ်သည်။"တစ်ယောက်တည်း မပြောပါဘူး မင်ဟီးကိုပြောနေတာ"
ကိုကို့အပြောကြောင့် မင်ဟီးဘက်ကြည့်လိုက် တော့ ဆေးရုံကုတင်ပေါ်တွင် သူတို့ကိုကျောပေးလျက်အိပ်ပျော်နေဟန်ရှိသည်မို့
"ကိုကိုက မလိမ်တတ်ဘဲလိမ်ပြန်ပြီ"
ကြာလာတာနဲ့အမျှ အဘိုးကြီးပုံစံတူတူလာတဲ့ ကိုကိုပါပင်။
ကိုယ်တိုင်လဲသိနေလိမ့်မည် တစ်ခါတစ်ခါဆို"ကိုယ်က အသက်တွေတစ်နှစ်ထက်တစ်နှစ်ကြီး ကြီးလာတော့ ကလေးက ကိုယ့်ကိုစိတ်ပျက်သွားမှာ ကိုယ်သိပ်ကြောက်တယ်"ဟု ကလေးလိုထထရစ်တတ်သေး၏။
ကလေးဆန်သည့်အဘိုးကြီးပေါက်စလေးပေါ့..။
ချစ်ခြင်းမေတ္တာတွင် အသက်အရွယ် ရုပ်ရည်အပိုင်းအခြား ဘာတစ်ခုမှအကန့်အသတ်မရှိကြောင်း ထိုလူကြီး မသိလေရော့သလား။ယခုလဲ မနက် အိမ်ကထွက်လာတည်းက
ဒူးဖုံးဘောင်းဘီတို ဝတ်ခဲ့မိတဲ့ သူ့ကြောင့် တစ်လမ်းလုံး တစ်ယောက်တည်း မကျေမနပ်ဖြစ်နေခြင်းပင်။
အခုချိန်ထိ ကိုကိုဟာ အလိုမကျဖြစ်နေတုန်းပါဘဲ။"မင်ဟီးကိုမေးလိုက်ပါအုံး ကိုကိုပြောတာကြားရဲ့လားလို့"
"မင်ဟီး ကိုကြီးပြောတာကြားတယ်မလား အခုခေတ်ကလေးတွေက တကယ်ကိုမနိုင်စိန်တွေ ဒူးပေါ်တွေဘာကြောင့် ဝတ်တတ်ကြလဲ စဥ်းစားမရဘူး မင်ဟီး တောင်မှ အဲလိုတွေမဝတ်တတ်ဘူးနော် ဟုတ်တယ်မလား"
ကိုကို့စကားကို မင်ဟီးက အိမ်မက်ကမ္ဘာထဲရောက်နေသည်မို့ မထောက်ခံနိုင်။
ဒါကိုလဲ ကိုကိုက ဂရုမပြုစွာ ဆက်ပြောနေပြန်၏။"တစ်ချို့တစ်ချို့တွေများ မသိချင်ယောင်ဆောင်ကြတယ် သိလား လူကြီးက ကောင်းစေချင်လို့ပြောတာမှန်းမသိ အဟမ်း သဝန်တိုလို့ပြောတာမှန်းမသိနဲ့ ကလေးတွေများ သိပ်ခက်ပါဘိ"
YOU ARE READING
P O S S E S S I O N (Complete)
Fanfiction"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး"