Description [Unicode]

3K 45 1
                                    

Author - 핑크림

Translator - Penny

"ကျွန်မတို့နှစ်ယောက်က စာချုပ်နဲ့လက်ထပ်ရမယ်တဲ့လား"

မယ်လစ်ဆာ, ရို့စ်ဝုဒ်နယ်စားမင်းရဲ့ တရားမဝင်သမီး, အိုမီဂါ။ သူ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပြီး သူ့ဘေးမှာ အမြဲရှိပေးခဲ့တဲ့ တစ်ဦးတည်းသောသူ  သူရဲ့အမေ ဆုံးပါးသွားတဲ့အခါ။

"... ဒါက နယ်စားမင်းရဲ့ နာရေးခန်းမ မဟုတ်ဘူး။"

" မင်းဖယ်ရိုမုန်းတွေက အရမ်းဖျော့လို့ ငါ မသေမချာဖြစ်နေတာ။ ဒါပေမဲ့ အမှန်ပဲ။ မင်းက အိုမီဂါပဲ။"

သူ(မ)ဘဝရဲ့ ဒီအခိုက်အတန့်မှာ မယ်လစ်ဆာက တိုင်းမင်းအိုကြီးတစ်ယောက်ရဲ့ ဇနီး ဖြစ်လုဆဲဆဲအချိန်။  ဒါက သူ့မိသားစုအတွက် သူလုပ်ပေးရမဲ့ စွန့်လွှတ်မှုတစ်ခုပဲ။
ဒါပေမဲ့ အီရန်က သူ့ရှေ့ပေါ်လာပြီး သူလုပ်နိုင်တဲ့ နောက်ဆုံးရွေးချယ်မှုတစ်ခုကို ပေးခဲ့တယ်။

"စာချုပ်ရဲ့ အဓိကအပိုင်းက ရိုးရိုးလေးပဲ။ အိမ်တော်အတွက် အမွေလက်ခံနိုင်တဲ့ အယ်(လ်)ဖာတစ်ယောက် မွေးပေးဖို့ပဲ။"

ဒီလိုမျိုးအစပြုခဲ့တဲ့ စာချုပ်အိမ်ထောင်ရေးဟာ ချိုပြီးရင်းချိုနေတဲ့သံစဉ်လေးလိုပါပဲ။ ဘဝတစ်ခု ဝါးမျိုခံရတော့မယ်မှန်း သိထားပေမဲ့လည်း ဂရုမစိုက်နိုင်ပါဘူး။ သူ(မ) ဒီချိုမြိန်မှုကို စွဲလမ်းမိနေတာကိုး — ရုန်းထွက်နိုင်ခြင်းမရှိဘဲလေ။

Swara Webnovel Translation

ရုန်းထွက်၍မရသော[ ဘာသာပြန်]Where stories live. Discover now