အပိုင်း (၁) Unicode

833 29 0
                                    

ရုန်းထွက်၍မရသော
မူရင်းရေးသားသူ - အီရန်
ဘာသာပြန်သူ - Penny

အပိုင်း ၁

"စာချုပ်ထဲမှာ သဘောတူထားတဲ့အတိုင်း ကွာရှင်းကြဖို့ ငါ တောင်းဆိုနေတာ"

သူ့အသံကတော့ အေးစက်မြဲ အေးစက်ဆဲပါ။ အစမှာ သူစိမ်းတစ်ယောက်က ပြောနေတယ်လို့တောင် ထင်ရတယ်။

ဟုတ်ပါတယ်။ ကျွန်မတို့တွေ လက်ထပ်ထားတာ သုံးနှစ်တောင် ရှိပြီဆိုတာ ယုံကြည်ဖို့တောင် ခက်ခဲလွန်းပါတယ်။

"မင်းက မျိုးရိုးဗီဇမြင့်တဲ့ အယ်(လ်)ဖာ တစ်ယောက်ကို မွေးပေးပြီးခဲ့ပြီ။ ငါ မင်းလိုချင်သလောက် ကွာရှင်းခ ပေးမယ်။ မင်းမှန်းထားတဲ့ ပမာဏတစ်ခု ရှိလား။"

တာဝန်တစ်ခုကို လုပ်ဆောင်နေသလိုမျိုး သူ့ရဲ့ ဆင်ခြင်တုံတရားရှိရှိ တည်တည်ငြိမ်ငြိမ် အမူအရာကို ကြည့်ရင်း ကျွန်မဘက်ကလည်း တစ်ခုခုကို ဖြေပေးသင့်တယ်လို့ ကျွန်မ ခံစားလာတယ်။ အကျင့် ထင်ပါတယ်။

ဒါပေမဲ့ ကျွန်မရဲ့ ဖွင့်ဟနေတဲ့ နှုတ်ခမ်းတစ်စုံက စကားတစ်လုံးမှ ပြောနိုင်စွမ်းမရှိ။

ဘာလို့လဲဆိုတော့ ကျွန်မဘက်က ဘယ်လောက်ပဲ စိတ်ရော ကိုယ်ရော ပုံအပ်ပြီး ကြိုးစား ကြိုးစား၊ သူကတော့ ကျွန်မကို ကျော်ပြီး သူ့ရဲ့ ဘီတာ ချစ်သူကို ရွေးချယ်မဲ့ ယောကျ်ားတစ်ယောက်ဖြစ်နေလို့ပါပဲ။ ကျွန်မက သူနဲ့ သုံးနှစ်လုံးလုံး အတူတူနေလာတဲ့ သူ့ရဲ့ အိုမီဂါဇနီးဆိုပေမဲ့လည်းပေါ့။

ကျွန်မ သူ့အပေါ် အမှတ်အသားပေးရဲခဲ့တယ်။ ဒါပေမဲ့ သူ ကျွန်မကို စွန့်ပစ်မသွားဖို့ ကျွန်မ တောင်းဆိုဖို့တောင် မရဲတဲ့အထိ သူနဲ့ ကျွန်မကြားမှာ သိသိသာသာ အကွာအဝေးတစ်ခု ရှိနေခဲ့တယ်။

ဒါပေမဲ့ ကျွန်မ စကားပြောကိုပြောရမယ်။ ကလေးကို စဉ်းစားရင်း ကျွန်မအတွက် စကားပြောဖို့ သတ္တိတွေမွေးလိုက်တယ်။

ကျွန်မ လက်တွေက ကျွန်မအင်္ကျီကိုကိုင်ဆုပ်ထားရင်း တုန်လှုပ်လာတယ်။ ကျွန်မအတွက် လည်ပတ်ကြိုးတစ်ကြိုးလောက်ကို ကောင်းတဲ့အချက်ကို အသိပေးဖို့က သတ္တိတော်တော်တော့ လိုပါတယ်။

"...ကျွန်မ ရှင့်ကို အမှတ်အသား ပေးလိုက်တယ်။"

စကားလုံးတွေက တိုပေမဲ့ အကြောင်းအရာကတော့ မတိုပါဘူး။ ဒီအထဲမှာ အဓိပ္ပာယ်အများကြီးပါပါတယ်။

အီရန် လက်တွေက သူ ကျွန်မကို ကွာရှင်းစာရွက်ပေးဖို့ လုပ်နေရင်း ရပ်တန့်သွားတယ်။ ဒါပေမဲ့လည်း သိပ်မကြာဘဲ သူ့မျက်နှာက ဘာမှမဖြစ်ခဲ့သလိုမျိုး ဂရုမစိုက်တဲ့ အမူအရာကို ပြန်ရောက်သွားတယ်။

စာရွက်တွေကို ကြည့်နေရင်း သူစကားပြောတယ်။ သူ့အသံကတော့ အလွန်အမင်း အေးစက်လို့နေပါတယ်။

"ငါက အဲဒါကို ဂရုစိုက်ရမှာလား။"

ကျွန်မ အမှတ်အသားပေးထားတဲ့ အယ်(လ်)ဖာ ဆီက ထွက်လာတဲ့ ငြင်းဆိုမှုက ကျွန်မကို မွန်းကျပ်သွားစေတယ်။ ကျွန်မ အသက်ရှူသံတွေ ရပ်တန့်သွားတယ်။ ကျွန်မရင်ဘတ်ကလည်း မခံနိုင်အောင် အောင့်လာတယ်။ ကျွန်မရဲ့ ကြေကွဲသွားတဲ့ နှလုံးသားကတော့ သူ့လုပ်ဆောင်ချက်တွေ ပျောက်ဆုံးသွားသလိုမျိုး မှားမှားယွင်းယွင်း ခုန်မြည်နေလေရဲ့။

ကျွန်မရဲ့ လမ်းကြောင်းမှားသွားတဲ့ အသက်ရှူသံတွေကိုတောင် ပြန်မထိန်းနိုင်ဘဲ သူ့ကိုသာ ဆက်ပြီး တောင်းဆိုနေခဲ့တယ်။

မဟုတ်ဘူး။ တောင်းပန်ခယနေခဲ့တယ် လို့ ပြောတာကမှ ပိုပြီး မှန်မယ် ထင်ပါတယ်။

"ကျွန်မတို့ ကလေးအတွက် ထည့်စဉ်းစားပြီး တစ်ကြိမ်လောက် ရှင် ထပ်ပြီး စဉ်းစားမပေးနိုင်တော့ဘူးလား။"

ကလေးက ခက်ခက်ခဲခဲနဲ့ ကြိုးစားမှ ရခဲ့တာပါ။ ကံမကောင်းစွာနဲ့ဘဲ ကျွန်မက မျိုးရိုးငုပ်နေတဲ့ အိုမီဂါ ဖြစ်နေခဲ့တယ်။ ကျွန်မက မျိုးရိုးမြင့် အယ်(လ်)ဖာတစ်ယောက်ရဲ့ မျိုးစေ့ကို ပုံမှန်နည်းနဲ့ရခဲ့တာ မဟုတ်တဲ့အတွက် ကိုယ်ဝန်ရဖို့ကလည်း ခက်ခဲခဲ့တယ်။

ကိုယ်ဝန်ပျက်ကျမှု များစွာဖြစ်ပြီးမှ ကလေးရခဲ့တာပါ။ ဒီလို ကလေးတစ်ယောက်ကို ချန်ထားခဲ့ရမှာ၊ ကျွန်မရဲ့အမှတ်အသားနှိပ်ထားတဲ့ အယ်(လ်)ဖာ ကို ချန်ထားခဲ့မှာ... ကျွန်မအတွက်တော့ သေမိန့်ကျလိုက်သလိုပါပဲ။

ကျွန်မ ရူးရူးသွပ်သွပ်နဲ့ ရှေ့တစ်လှမ်း တိုးလိုက်မိတယ်။ ကျွန်မခန္ဓာကိုယ်ကို ကျွန်မတို့နှစ်ယောက်ကြားက ရှေးဟောင်းခုံစောင်းပေါ်မှာ မှီရင်း ကျွန်မ သူ့ကိုထပ်ပြီး အသနားခံလိုက်တယ်။

" မရသေးဘူး... ကလေးက ကျွန်မရဲ့ ဖယ်ရိုမုန်း တွေ လိုသေးတယ်။ ကျွန်မ ကြားဖူးတာ ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ဆိုရင် ကလေးက မိခင် ဖယ်ရိုမုန်း ကို အနံ့ရနေရမှတဲ့။ အဲဒါကြောင့်..."

"ရပ်လိုက်တော့"

သူက ကျွန်မရဲ့ ရူးရူးမူးမူး စကားတွေကို လွယ်လွယ်နဲ့ ဖြတ်တောက်ပစ်လိုက်တယ်။ သူ့လက်ထဲကိုင်ထားတဲ့ ကွာရှင်းစာချုပ်ကို ကျွန်မဆီ လှမ်းပေးလာတယ်။

"စာချုပ်ထဲကအတိုင်းဆိုရင် မင်းက ငါ့ကို အမှတ်အသားမပေးသင့်ဘူး... မင်း မေ့တော့ မမေ့ဘူးမို့လား။"

"..."

လက်ထပ်မှုလို့ခေါင်းစဉ်တပ်ထားတဲ့ ဒီအပေးအယူထဲမှာ အမှတ်အသားပေးတာနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းထားခဲ့တယ်။

[ - ပေါ့ပေါ့ဆဆ အမှတ်အသား မပေးမိပါနှင့် ]

ဒီလို အကြောင်းအရာ တိတိကျကျ ထည့်ရေးထားတဲ့ စာချုပ်ကို ကျွန်မဘက်က ချိုးဖောက်ခဲ့တာတော့ မှန်ပါတယ်။ အဲဒီ အမှတ်အသားပေးတာက ကျွန်မ အလိုကျလုပ်ခဲ့တာ မဟုတ်ခဲ့ဘူး ဆိုရင်တောင်ပေါ့။

ဒါကြောင့်မို့လည်း ဒီအကြောင်းကို အခုထက်ထိ ကျွန်မ အစဖော်ဖို့ မရဲခဲ့တာပါ။

အမှတ်အသားပေးတယ်ဆိုတဲ့ အမူအရာက ကျွန်မရဲ့ အသက်ကို ပေးပစ်လိုက်သလိုပါပဲ။ ဒါက ကျွန်မ အနာဂတ်ကို တားဆီးနိုင်တယ်လို့ ပြောတာနဲ့ သိပ်မကွာပါဘူး။

ဒါပေမဲ့လည်း ကျွန်မ အဲဒါကို ပြောချင်တယ်။

ကျွန်မ ရှင့်အပေါ် အမှတ်အသားပေးနိုင်တဲ့အထိ ကျွန်မ ရှင့်ကို ချစ်ခဲ့တာ လို့။

ကျွန်မ သတ္တိမွေးပြီး ပြောထားရတဲ့ စကားတွေက ကျွန်မဆီ ဓားသွားတွေလို ပြန်လာခဲ့မယ်ဆိုရင်တောင် ကျွန်မ အဲဒါကို ပြောချင်တယ်။

ကျွန်မ မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲလာတယ်။ ဒါပေမဲ့ ကျွန်မ ထိန်းထားလိုက်တယ်။ ဒီနေရာမှာ ကျွန်မ မျက်ရည်တွေသာ ပြလိုက်ရင် ဒီထက်ပိုဆိုးတဲ့ အောက်ထစ်တစ်ခုဆီ ကျွန်မ ရောက်သွားမယ်လို့ ထင်မိလို့။

သူတို့ အယ်(လ်)ဖာ အပေါ် အမှတ်အသား နှိပ်ထားတဲ့ အိုမီဂါတွေ ဘယ်လို ဆက်ဆံခံရတယ် ဆိုတာ ကျွန်မက သူများတွေထက်ပိုပြီး မတွေ့ဖူးဘူးလား။ ပြီးတော့ သူတို့တွေ ဘယ်လိုမျိုး သနားစရာကောင်းတဲ့ ဘဝမှာ နေနေရတယ်ဆိုတာရော။

ရုတ်တရက် ကျွန်မအမေ ပြောခဲ့တာတွေကို ကျွန်မ သတိရသွားတယ်။

"ငါ့ သမီး မင်းက ဒီအမေနဲ့ သိပ်ကို တူလွန်းတယ်။ ဒါပေမဲ့ သမီးလေး သမီးက အမေ့လိုမျိုးတော့ မဖြစ်သင့်ဘူး... "

အရမ်းသနားစရာကောင်းတဲ့ အရာတစ်ခုကို ထွေးပွေ့သလိုမျိုး အမေက ကျွန်မကို အဆုံးမရှိ ညင်ညင်သာသာ ပွေ့ဖက်ခဲ့တယ်။

သူ့လို မျိုးရိုးဗီဇမြင့် အိုမီဂါ မဟုတ်ဘဲ မျိုးရိုးငုပ်နေတဲ့ အိုမီဂါကျွန်မအတွက် သူ အရမ်း စိုးရိမ်နေခဲ့တယ်။

ကျွန်မရဲ့ ဖယ်ရိုမုန်းတွေဟာ ဘီတာလည်းမကျ အိုမီဂါအထိလည်း မရောက်တဲ့အထိကို ဖျော့တော့နေခဲ့တယ်။

ကျွန်မက တရားမဝင်ကလေးတစ်ယောက် မဟုတ်ဘူးဆိုတာတောင်မှ ကျွန်မရဲ့ အဖြစ်က အဲဒီလိုအခြေအနေမှာ ရှိနေခဲ့တာပါ။ ဒါကြောင့်မို့လည်း အီရန်က ကျွန်မကို အဲဒီလိုမျိုးမြင်မိတာ ဖြစ်ပါလိမ့်မယ်။

ဘာမှအသုံးမကျတဲ့ အရာတစ်ခုကို သူအိမ်ယူလာမိသလိုမျိုးပေါ့။ ကျွန်မက ကိုယ့်အခြေအနေကိုယ်မသိဘဲ သူ့အပေါ် ခံစားချက်တွေထားမိခဲ့တယ်လို့တောင် ကျွန်မပြောရဲပါတယ်။ သူက ကျွန်မကို ကျိန်ဆဲတယ်ဆိုရင်တောင် ကျွန်မမှာ ဘာမှပြန်ပြောစရာမရှိပါဘူး။

ဒါပေမဲ့လည်း ဒီကြောက်မက်စရာအမှတ်အသားက အယ်(လ်)ဖာရဲ့ အေးမြလန်းဆန်းတဲ့ ဖယ်ရိုမုန်းကို နောက်ဆုံးတစ်ကြိမ်ပဲဖြစ်ပါစေ ရှူသွင်းလိုက်ဖို့ ကျွန်မကို နှိုးဆော်နေတယ်။ ဒါကြောင့်မို့လို့ ကျွန်မဆန္ဒရှိတဲ့အတိုင်း ကွာရှင်းစာချုပ်ပေါ်မှာ ဘောပင်တင်ပစ်လိုက်တယ်။

ကြည့်ရတာ ကျွန်မကသာ သူလိုချင်တာကို ပေးမယ်ဆိုမှ သူကလည်း ဒီလို အရှက်တရားကင်းမဲ့တဲ့ အကူအညီလေး ကျွန်မကို ပေးမယ်ထင်ပါတယ်။

ပြီးဆုံးအောင်ထိုးလိုက်ဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ လက်မှတ်ထိုးအပြီးမှာ ကျွန်မ ထိန်းချုပ်ထားတဲ့ စကားလုံးတွေကို ဖွင့်ချလိုက်တယ်။

"...ရှင် ကျွန်မကို နောက်ဆုံးတစ်ကြိမ်အနေနဲ့ ဖယ်ရိုမုန်းနည်းနည်း ပေးနိုင်မလား။"

သူက မျိုးရိုးဗီဇမြင့်တဲ့ အယ်(လ်)ဖာ ဆိုပေမဲ့ သူ့ရဲ့ ဖယ်ရိုမုန်းတွေကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်တယ်။ သေရေးရှင်ရေးလို အခြေအနေမျိုးကလွဲလို့ တခြားအချိန်တွေမှာ တစ်ခါမှ ထုတ်မပြဖူးပါဘူး။

အထက်တန်းလွှာထဲက မျိုးရိုးမြင့်သူတွေ ပြောလေ့ရှိတာကတော့ သူက လိင်စိတ်ကင်းမဲ့သူ မဟုတ်ရင် လူကြီးလူကောင်း လူရည်မွန်တွေထဲမှာကိုမှ နံပါတ်တစ် လူရည်မွန်တဲ့။

ဒါပေမဲ့ ဘယ်သူကမှ သိလိမ့်မှာမဟုတ်ဘူး။

အိပ်ရာထဲမှာဆိုရင်တော့ သူက လိင်စိတ်ကင်းမဲ့သူ မဟုတ်သလို လူရည်မွန်လည်း မဟုတ်ပါဘူး။ သူက အပေါ်ကနေ အုပ်မိုးတဲ့သူပါ။ သူ့ရဲ့ ရွှေရောင်မျက်လုံးတွေကလည်း ပိုတောင်မှ  အရောင်တောက်လာပါသေးတယ် -- ဗီဇသွေးတွေနဲ့ လှုံ့ဆော်မိတဲ့ တိရစ္ဆာန်တစ်ကောင်လိုမျိုး။

သူ့ရဲ့ ကြီးမားကျယ်ပြန့်တဲ့လက်တွေနဲ့ ကျွန်မရဲ့ ပါးလျတဲ့ ဒူးတွေ လက်ဆစ်တွေကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်လိုက်ပြီး ခပ်ကြမ်းကြမ်း လှုပ်ရှားလိုက်တဲ့အခါ အဖြူရောင်လွင်ပြင်ထဲ ရောက်သွားသလို ကျွန်မခေါင်းထဲမှာ ဗလာအတိ ဖြစ်နေခဲ့တယ်။

ပူပြင်းတဲ့ အသက်ရှူငွေ့တွေနဲ့ ပြင်းထန်တဲ့ ဖယ်ရိုမုန်းတွေ ကျွန်မကို ဖုံးအုပ်လိုက်ရင် ရက်အနည်းငယ်ကြာတဲ့အထိ ကျွန်မ လှုပ်ရှားလို့တောင် မရတော့ပါဘူး။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် အဲဒါက အရမ်းခံစားလို့ကောင်းပါတယ်။

ကျွန်မရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သူ့အလေးချိန်တစ်ခုလုံး အုပ်မိုးမပြီးမချင်း ကျွန်မကို ချုပ်နှောင်ထားတဲ့အချိန် ဒီယောကျာ်းရဲ့မျက်နှာက ဘယ်လောက်တောင်မှ ရမ္မက်သွေးတွေကြွနေပြီး ယစ်မူးနေတဲ့ပုံပေါက်နေသလဲဆိုတာကို ဘယ်သူမှ မသိသွားစေဖို့ ကျွန်မ မျှော်လင့်ခဲ့တယ်။

အခုတော့ သူ့ရဲ့ အရောင်ဖျော့နေတဲ့ စင်းလုံးချော ခန္ဓာကိုယ်က ချွေးတွေနဲ့ လွှမ်းတဲ့အခါ ဘယ်လောက်တောင် ခက်ထန် ပူပြင်းလိုက်သလဲဆိုတာကို သူ့ချစ်သူတောင် သိသွားတော့မယ်။ အမှောင်အတိပြီးတဲ့ ညကောင်းကင်ကနေ ရက်လုပ်ထားတဲ့ပုံပေါက်တဲ့ သူ့ရဲ့ အနက်ရောင်ဆံပင်တွေက သူ့နဖူးအပေါ်မှာ ဘယ်လိုမျိုး ကပ်မိနေသလဲ ဆိုတာမျိုးကိုပေါ့။

မဟုတ်ဘူး သူ(မ) သိတောင် သိပြီးနေလောက်ပါပြီ။

အဲဒီအကြောင်းတွေးလိုက်တာနဲ့တင် ကျွန်မ ပင့်သက်ရှိုက်မိသွားတယ်။

ကျွန်မရဲ့ အယ်(လ်)ဖာကို တခြားမိန်းမတစ်ယောက်ဆီ ပေးလိုက်ရမယ်ဆိုတဲ့ အချက်က... အဲဒါနဲ့တင်ကို ကျွန်မ ရူးသွပ်သွားမိတယ်။

ဒါပေမဲ့ သူ့ရှေ့မှာ ကျွန်မရဲ့ အကျည်းတန်တဲ့ရုပ်ကို ထပ်မပြချင်တော့ဘူး။ ဒါ့အပြင် ကွာရှင်းဖို့ကနေ မိနစ်အနည်းငယ်ပဲ လိုတော့တဲ့ အနေအထားမှာ ကျွန်မလုပ်နိုင်တာဆိုလို့လည်း ဘာမှ မရှိတော့ပါဘူး။

ကျွန်မတောင်းဆိုလိုက်တဲ့အခါ သူ ကျွန်မကို ခဏလေး ကြည့်နေခဲ့တယ်။ သူ ကျွန်မကို စိတ်တိုင်းမကျတဲ့၊ ဟန်ပျက်သွားတဲ့ မျက်လုံးမျိုးတွေနဲ့ စိုက်ကြည့်ခဲ့တယ်။

ဒါက ခုနတုန်းကလို အေးစက်စက်အကြည့် မဟုတ်တော့ဘူး။

ရုန်းထွက်၍မရသော[ ဘာသာပြန်]Donde viven las historias. Descúbrelo ahora