အပိုင်း (၈) Unicode

57 3 0
                                    

ရုန်းထွက်၍မရသော

မူရင်းရေးသားသူ - 핑크림
ဘာသာပြန်သူ - Penny

အပိုင်း - ၈

အခု ကျွန်မ အသက်လည်း ပြည့်သွားပြီဆိုတော့ ဒီအတိုင်း ပျောက်ကွယ်သွားပြီး အပြင်မှာ တစ်ယောက်တည်းနေလို့ရော မရဘူးလား။

ကျွန်မတို့ကို ဒီခေါ်လာတဲ့သူက သေသွားတဲ့ ကျွန်မအဖေလေ။ သူက ကျွန်မကို မိသားစုစာရင်းထဲတောင် မသွင်းခဲ့ဘူး။ ဒါကြောင့်မို့လို့ ဒီနယ်ကလူတွေက ကျွန်မအတွက်တော့ သူစိမ်းသက်သက်ပါပဲ။

သူတို့တွေက ကျွန်မကို ဒီလောက်တောင် မုန်းနေကြတာ။ ကျွန်မသာ ထွက်သွားလိုက်ရင် သူတို့တွေက ဝမ်းသာကြမှာပါ။

အဲဒီလို တွေးမိတော့ ကျွန်မစိတ်ထဲ ပေါ့သွားတယ်။ အဲဒီလိုတွေးလိုက်တော့ ရင်ထဲမှာ ပျို့တက်လာတယ်။ ဒီလောကထဲမှာ တစ်ယောက်တည်းပဲ ကျန်ခဲ့တယ်ဆိုတဲ့ အတွေးက ကျွန်မကို ဝမ်းနည်းစေတယ်။ ဒါကြောင့် အမေ့ကို နာကြည်းမိပြီး အရမ်းလည်း သတိရတယ်။

လည်ပင်းညာဘက်အောက်နားလေးပေါ်က အမာရွတ်ကို ပွတ်နေရင်း ညည်းတွားမိတယ်။ ငယ်ငယ်တုန်းက အမေ မတော်တဆ ခြစ်မိတဲ့ ဒီအမာရွတ်က သိပ်ပြီး အကျည်းတန်နေတာတော့လည်း မဟုတ်ဘူး။ အခုတော့ ဒီအမာရွတ်လေးကပဲ အမေ့ရဲ့ နောက်ဆုံး အငွေ့အသက်လေးအဖြစ် ကျန်ရစ်ခဲ့တယ်။

"အမေ... ဒီတစ်လမ်းပဲ သွားစရာရှိတော့တာလား။"

အဖေ့ဘေးမှာ နေရတာက အရမ်းကို နာကျင်ရတယ်ဆိုရင် သူ ကျွန်မကို တိုင်ပင်သင့်တယ်။ ဒါမှ ကျွန်မတို့ ပေါင်းပြီး နည်းလမ်းလေး ဘာလေး ရှာလို့ရတာပေါ့။

တောထဲမှာတုန်းကဆိုရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်ခဲ့သလဲ။

ဘာလို့လဲ။ သေကြောင်းကြံတာကပဲ တစ်ခုတည်းသော အဖြေလား။

ကျွန်မ လုံးဝ နားမလည်နိုင်ဘူး။ သူ အရမ်းမုန်းတယ်ဆိုရင် ဘာလို့ အဖေ့အတွက် စဉ်းစားပြီး အဝတ်အစားတွေ ရွေးနေခဲ့ရတာလဲ။ အဖေခေါ်တဲ့အခါတိုင်း ဘာလို့ တစ်ချက်ကလေးတောင် မငြင်းဘဲ သွားခဲ့ရတာလဲ။

နာကြည်းမုန်းတီးမှု၊ ဝမ်းနည်းမှု၊ သောက၊ နာကျင်မှု၊ အထီးကျန်မှု။

ကျွန်မခန္ဓာကိုယ်သေးသေးလေးထဲမှာ ခံစားချက်တွေ ပေါင်းစုံပြီး လေမုန်တိုင်းတစ်ခု ဖြစ်လာခဲ့တယ်။

ဒီမုန်တိုင်းလေးက တဖြည်းဖြည်းနဲ့ ပြင်းထန်လာပြီး ကျွန်မတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတယ်။ ကျွန်မ ခေါင်းတလားပေါ် လဲကျသွားပြီး အဆုံးအစမရှိ ငိုကြွေးနေခဲ့တယ်။

ပန်းကလေးတစ်ပွင့်သာ ပါရှိတဲ့ အမေ့ခေါင်းတလားကို ပွေ့ဖက်ရင်း မျက်ရည်တွေ တောက်လျှောက် စီးကျခဲ့တယ်။

ကောင်းတာတစ်ချက်ကတော့ ဒီကို ဘယ်သူကမှ လာမှာ မဟုတ်တာပဲ။ ဒါကြောင့် ကျွန်မ ကျယ်လောင်စွာ ငိုကြွေးနိုင်တယ်။ ကျွန်မက ကလေးတစ်ယောက်လို အရှက်မရှိ ငိုကြွေးနေလည်း ကျွန်မကို ဝေဖန်မဲ့သူ တစ်ယောက်မှ မရှိဘူး။

ကျွန်မ ဖြတ်လျှောက်သွားတိုင်း လူတွေက ကျွန်မနောက်ကွယ်မှာ တီးတိုးပြောကြတယ်။ အမြဲတမ်း ကြားရတဲ့ စကားလုံးတွေကတော့ "တရားမဝင် သမီး" ဆိုတာနဲ့ " အရှက်မရှိတဲ့ အိုမီဂါရဲ့ သမီး " ဆိုတာပဲ။

ဒါကြောင့်မို့လို ကျွန်မက သာမန်မျိုးရိုးက လာတယ်ဆိုပေမဲ့လည်း အထက်တန်းလွှာတစ်ယောက်နဲ့တူအောင် ကြိုးစားခဲ့တယ်။ ကျွန်မက အရှက်မရှိတာမျိုး မဟုတ်ဘူးဆိုတာကို သက်သေပြချင်ခဲ့တယ်။

မိုနီကာအနိုင်ကျင့်တာ ခံရတာတောင်၊ အဖေနဲ့ အဲလက်(စ်) ဥပက္ခောပြုတာ ခံရရင်တောင် ကျွန်မ ဇွဲမလျှော့ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အမေ့မှာ အကြောင်းပြချက် ရှိကိုရှိရမယ်ဆိုတာကို ကျွန်မ သိလို့ပဲ။ ပြီးတော့ ကျွန်မက တရားမဝင်ဘူးဆိုရင်တောင် အဖေ့သမီးပဲလေ။

တရားမဝင်သမီးလို့ ပြောတာကို ငြင်းချင်တာထက် အိုမီဂါတွေက အရှက်မရှိဘူးဆိုတဲ့ စကားကို ငြင်းချင်တာက ပိုများတယ်။ လူတွေမသိပေမဲ့လည်း ကျွန်မက အိုမီဂါပဲလေ။

ထုတ်ပြောလို့လည်း မဖြစ်၊ ခိုင်ခိုင်မာမာ ငြင်းဆိုလို့လည်း မရတဲ့ အခြေအနေက စိတ်တိုဖို့ ကောင်းတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တော့ ရှိသေးတယ်။

ကျွန်မ ကြိုးစားလို့ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်။

အခု အဲဒါကတောင် မှားနေသလိုပဲ။

" အဟင့် အမေ..."

ကျွန်မဘာသာကျွန်မ ငိုနေတုန်း တံခါးဖွင့်သံ ကြားလိုက်ရတယ်။ ဘေးအိမ်လေးရဲ့ အပြင်ပိုင်းက တခြားအဆောက်အအုံတွေနဲ့ အတူတူပါပဲ။ အထဲကတော့ တော်ရုံတန်ရုံလို့ပဲ ပြောလို့ရတယ်။ တံခါးဖွင့်တဲ့ အသံကို ကြားလိုက်ရတော့ ကျွန်မ အံ့ဩပြီး အငိုရပ်သွားမိတယ်။

ကျွန်မ ဘယ်သူမှ လာမယ်မထင်လို့ လည်ကပ်ကို ချွတ်ထားမိတယ်။

အဲဒီလာတဲ့တစ်ယောက်က ဘီတာသာဆိုရင် တစ်ခုခု ပြောင်းလဲသွားနိုင်မလား။

ကျွန်မ လှည့်မကြည့်ဘဲနဲ့တောင် မမျှော်လင့်ဘဲ ရောက်လာတဲ့သူက ဘယ်သူလဲဆိုတာကို တန်းသိခဲ့တယ်။ ဘာလို့လဲဆိုတော့ အေးမြတဲ့ ရနံ့က တစ်ခန်းလုံးကို နေရာယူသွားလို့ပါပဲ။

ရင်းနှီးနေတဲ့ ဖယ်ရိုမုန်းရဲ့ ပိုင်ရှင်ကတော့ တခြားသူ မဟုတ်ပါဘူး။ အီရန်ပါပဲ။

ဘာလို့ သူ ဒီကို ရောက်လာခဲ့တာလဲဆိုတာက အခုထက်ထိ ကျွန်မအတွက်တော့ ပဟေဠိ ဖြစ်နေဆဲပဲ။ သူ ဘာလို့ အဖေ့နာရေးဆီကို မသွားဘဲ အမေ့နာရေးဆီ လာခဲ့ရတာလဲ။

လီလီပန်းတစ်ပွင့် ကိုင်ထားတဲ့ အီရန်ကို ကျွန်မ ကြောင်ပြီး ကြည့်နေခဲ့တယ်။ စကားတစ်လုံးမှမပြောဘဲ ကြမ်းပြင်မှာ ထိုင်နေတဲ့ ကျွန်မကိုပဲ သူ ငုံ့ကြည့်နေခဲ့တယ်။ ရယ်စရာတော့ ကောင်းတယ်။ ဒီလိုလေးနဲ့တင် နှစ်သိမ့်ခံလိုက်ရတယ်လို့ အမြင်တွေ မှားမိတယ်။

ငယ်ငယ်တုန်းက သူ ကျွန်မကို ကယ်ခဲ့တဲ့ အချိန်ကတည်းကစပြီး အဲဒီအခိုက်အတန့်ကလေးကို တစ်စက္ကန့်မှတောင် ကျွန်မ မမေ့နိုင်ခဲ့ဘူး။ ကျွန်မ စိတ်ထဲမှာ သူ့ကို တိုးတိုးတိတ်တိတ်လေး တွယ်တာမိခဲ့တယ်။

သူက အင်ပါယာထဲမှာရှိတဲ့ တစ်ခုတည်းသော မဟာတိုင်းရဲ့ အမွေဆက်ခံသူ။ ပြီးတော့ သူက တော်ဝင် ရဲစွမ်းသတ္တိဘွဲ့ရ သူရဲကောင်း တစ်ဦး။ သူက ရို့စ်ဝုဒ်မိသားစုနဲ့ ရင်းနှီးပြီး မိုနီကာနဲ့ အဲလက်(စ်) ရဲ့ ငယ်သူငယ်ချင်း။

ဒါကြောင့် အီရန်က ရို့စ်ဝုဒ်နယ်ကို မကြာခဏ အလည်လာတယ်။ ရေကန်မတော်တဆမှုအပြီးမှာ မိုနီကာက အမြဲတမ်း ကျွန်မကို သူ့ရှေ့ခေါ်ပြီး လှောင်ပြောင်လေ့ရှိတယ်။ ကျွန်မ အရမ်း အရမ်းကို ရှက်မိတယ်။ ဒါပေမဲ့ ကျွန်မ လုပ်နိုင်တာလည်း ဘာမှ မရှိဘူး။

အဲဒီတုန်းက မိုနီကာ ဘာလို့ ကျွန်မအပေါ်  အဲဒီလို လုပ်သလဲဆိုတာကို နားမလည်ခဲ့ဘူး။ အခု ပြန်စဉ်းစားကြည့်တော့ ကျွန်မ ခန့်မှန်းနိုင်ပြီ။

ကျွန်မလို တရားမဝင်သမီးတစ်ယောက်က ကိုယ့်နေရာကိုယ် မသိဘဲ ရာရာစစ သူ့အပေါ် ခံစားချက်ထားမိတယ်။

ကျွန်မ သူနဲ့ နီးစပ်ဖို့ တစ်ခါမှ မကြိုးစားခဲ့ဘူး။ ကျွန်မ သူ့အပေါ် တစ်ဖက်သတ် ကြိုက်မိရုံပါ။ ဒါပေမဲ့ မိုနီကာက ကျွန်မအပေါ် ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ကျွန်မ အခုထက်ထိ နားမလည်နိုင်ဘူး။

အီရန်ရဲ့ အေးစက်စက်မျက်နှာက မိုနီကာ့ကို ကြည့်တဲ့အခါမှပဲ ပျော့ပျောင်းသွားလေ့ရှိတာကိုပဲ ကျွန်မ မြင်မိတယ်။ အဲဒီလို ဖြစ်တဲ့အခါတိုင်း ဘေးကနေ သူတို့နှစ်ယောက်ကို ကြည့်နေရင်း ဖော်ပြလို့မရနိုင်တဲ့ မနာလိုမှုမျိုးနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။

"... ဒါက မဟာနယ်စားမင်းရဲ့ နာရေး မဟုတ်ဘူး"

သူ‌ နေရာမှားပြီး လာမိတယ်လို့ ကျွန်မ ထင်သွားတယ်။ ဒါပေမဲ့ သူက ကျွန်မ မှန်းထားတဲ့အဖြေ မဟုတ်ဘဲ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်တယ်။

"ထင်ထားတဲ့အတိုင်းပဲ..."

"...ဟင်"

သူ့မျက်လုံးတွေက ကျွန်မကို အကဲခတ်နေတယ်။ အရင်တုန်းကလည်း သူ့မျက်လုံးတွေက ကျွန်မကို ကြည့်ရင် ထူးဆန်းတယ်။ ဒါပေမဲ့ ဒီနေ့လောက် တစ်ခါမှ မပြင်းထန်ဖူးဘူး။

"မင်းဖယ်ရိုမုန်းတွေက အရမ်းဖျော့တော့ ငါ မသေချာခဲ့ဘူး။ ဒါပေမဲ့ အမှန်ပဲ။ မင်းက အိုမီဂါပဲ။"

ကျွန်မ ချက်ချင်း ဘာက မတူတာလဲဆိုတာကို သိလိုက်တယ်။

မျက်လုံးတွေ မဟုတ်ဘဲ ဖယ်ရိုမုန်းတွေက ကွဲပြားနေတာ။

ကျွန်မတို့ စတွေ့တုန်းကတော့ သူ့ဖယ်ရိုမုန်းတွေကို ကောင်းကောင်း မခွဲနိုင်ခဲ့ဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ဖယ်ရိုမုန်းတွေကို ကျွန်မ ကောင်းကောင်းကြီး ခွဲနိုင်ခဲ့တယ်။

အဲဒီချိန်တုန်းက သူ့ဖယ်ရိုမုန်းလို ဆွဲဆောင်မှုအားပြင်းတဲ့ ဖယ်ရိုမုန်းမျိုးကို ဘီတာတွေ မသိနိုင်တာက နှမြောစရာပဲလို့တောင် တွေးမိသေးတယ်။

ကျွန်မကတော့ သူ့ဖယ်ရိုမုန်းကို ဖျော့ဖျော့ကလေးပဲ အနံ့ရရင်တောင် သူမှန်း တန်းသိတယ်။

ဒါပေမဲ့ အခုချိန်မှာ ဘာလို့လဲမသိ သူ့ဖယ်ရိုမုန်းအရသာက ကွဲပြားနေတယ်။ အကြောင်းရင်းကို သဘောပေါက်လိုက်တဲ့အချိန်မှာ ကျွန်မတစ်ကိုယ်လုံး ကြက်သီးထသွားတယ်။

သူက သန္နိဋ္ဌာန် ချထားသလိုမျိုး ဖယ်ရိုမုန်းတွေကို တမင်သက်သက် လွှတ်နေတာ။

သူ့ဖယ်ရိုမုန်းတွေက ထွက်ပြေးလို့ မရတဲ့အထိ ကျွန်မဆီကိုပဲ တိုက်ရိုက်ဦးတည်နေတဲ့အတွက် ကျွန်မ အသက်တောင် ရှူလို့မရတော့ဘူး။

ဖယ်ရိုမုန်းတွေက လေကို ဝါးမျိုလိုက်သလိုမျိုးပဲ။ ဒါကြောင့် ကျွန်မ နှလုံးက ကြောက်လန့်တကြားနဲ့ မြန်မြန်ဆန်ဆန် ခုန်နေခဲ့တယ်။

လက်ဖျားထိပ်က တုန်လှုပ်မှုတွေ တစ်ကိုယ်လုံးဆီ ပျံ့နှံ့သွားတဲ့အခါမှာ မရင်းနှီးတဲ့ ခံစားမှုရသကြောင့် ကျွန်မ လန့်သွားမိတယ်။ စိုစွတ်တဲ့ အရည်ကြည်တွေ ကျွန်မ ခန္ဓာကိုယ်အောက်ပိုင်းကနေ စိမ့်ထွက်လာပြီး အတွင်းခံတစ်ခုလုံး စိုသွားခဲ့တယ်။

ရေနဲ့ပက်လိုက်သလိုမျိုး စိုသွားတဲ့အတွင်းခံက ကျွန်မအသားကို လျင်လျင်မြန်မြန်နဲ့ ကပ်သွားတယ်။ အခုအခြေအနေက ဘာဖြစ်နေတာလဲဆိုတာကို နားမလည်နိုင်သေးတဲ့အတွက် မျက်တောင်တွေကို ပုတ်ခတ် ပုတ်ခတ်လုပ်မိတယ်။



Swara Webnovel Translation

ရုန်းထွက်၍မရသော[ ဘာသာပြန်]Where stories live. Discover now