သူကြီး သမီး

4.1K 134 1
                                    


"လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ ။
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ် နည်းယူစေ ။
သုံးပါးရတနာ မိဘများနဲ့
ဆရာသမားကို ပူဇော်လေ ။
ချမ်းသာကိုပေး ဆက်ဆံရေး
မျှော်တွေး သုံးသပ်ပေ
အဲ့ဒါမှ ဗုဒ္ဓဝါဒ
ကမ္ဘာ့မင်္ဂလာတွေ "

ညောင်ပင်တန်းရွာ ရွာဦးဘုန်းကြီးကျောင်းဝန်း အတွင်းမှ
ကလေးများ၏ ကဗျာရွတ်သံက ကြည်နူးဖွယ် ပျံလွင့်
လာသည်။
ဓမ္မာရုံ ထဲမှာတော့ ရွာသူကြီး နှင့် ညောင်ပင်တန်းရွာမှ
ရပ်မိ၊ရပ်ဖလူကြီး တချို့ ဆွေးနွေးပွဲတစ်ခု ပြုလုပ်နေကြသည်။

"ကုန်းလမ်း ဖောက်လုပ်မယ်ဆိုရင် ကျုပ်တို့ ရွာတစ်ရွာ
အတွက်ပဲ မဟုတ်ပဲ တခြားရွာတွေ အတွက်လဲ အများ
ကြီး အထောက်အကူ ဖြစ်သွားမှာ "

"ဟုတ်တယ် သူကြီး ၊ ကျုပ်တို့ကတော့ လမ်း အမြန်
ဖောက်လုပ်ဖို့အတွက် အမြန်ဆုံး အကောင်ထည်ဖော်
စေချင်တယ်ဗျာ"

"ဒါကြောင့် လာမယ့် လဆန်း (၃) ရက်နေ့ ကျရင်
ဒီကိစ္စ ဆွေးနွေးတိုင်ပင်ဖို့အတွက် ၊ တခြားရွာက
သူကြီးတွေကို ကျုပ် အကြောင်းကြားထားပြီးပြီ။
အဓိကကတော့ ကိုယ်ထူကိုယ်ထ ဖောက်လုပ်မယ့်
လမ်းဖြစ်တာမလို့ ငွေတတ်နိုင်သူက ငွေအား ၊
ငွေအား မထောက်ပံ့နိုင်တဲ့လူကတော့ လုပ်အားနဲ့
ဝိုင်းကူ ပေးကြဖို့ပါပဲ "

သူကြီးဦးဘချစ်၏ စကားကို အားလုံးက သေသေချာ
ချာ နားစိုက်ထောင်နေကြသည်။

ညောင်ပင်တန်းရွာ ဆိုသည်မှာ ဧရာဝတီမြစ်ကမ်းနှင့်
နီးသော ရွာကြီးတစ်ရွာဖြစ်သည်။ ရွာအဝင် လမ်းတလျှောက် နှစ် ရာချီ သက်တမ်းရှိသော ညောင်ပင်အိုကြီး
များ စီတန်းပေါက်နေသောကြောင့် ညောင်ပင်တန်းရွာ
ဟု အမည်ခေါ်တွင်ခြင်း ဖြစ်သည်။

ညောင်ပင်တန်း ရွာသည် ဆန် ၊ ရေ ၊ စပါး
ပေါကြွယ်ဝကာ သီးနှံဖြစ်ထွန်းလှတာကြောင့် တခြား
ရွာနီးချုပ်စပ်မှ ရွာတွေနှင့်ယှဥ်လျှင် ငွေကြေးကြွယ်ဝ
သူ ပို၍များလေသည်။
ခရိုင်မြို့သို့ သွားမည်ဆိုပါလျှင်
လမ်းပန်းဆက်သွယ်ရေးမှာတော့ ရေလမ်းခရီးတစ်ခုကို
သာ အမှီပြုနေရသည်။
ကုန်းလမ်းခရီးကား မတွင်ကျယ်ချေ။ တစ်ရွာနှင့် တစ်ရွာ
ကြားဆက်သွယ်ထားသည်ကတော့ ကုန်းလမ်းခရီးသာဖြစ်သည်။
တခြားရွာတွေမှ ခရိုင်မြို့သို့ သွားမည်ဆိုပါလျှင်
ညောင်ပင်တန်းရွာ မှတဆင့် ရေလမ်းခရီးဖြင့် သွား
ရောက်နိုင်သည်။
သို့သော်လည်း ရေလမ်းခရီးနှင့် သွားရာတွင် ၊ သွားချင်
သည့်အချိန်သွား၍မရချေ။
တစ်ပတ်ကို နှစ်ရက်သာထွက်သော သင်္ဘော တစ်စီး
သာ ရှိတာကြောင့် မြို့သို့သွားစရာရှိလျှင် သင်္ဘော
ထွက်မည့်ရက်ကို စောင့်ရသည်။
ကျန်းမာရေးကိစ္စ အတွက် ညောင်ပင်တန်းရွာတွင်
ကျေးလက်ကျန်းမာရေး ဆေးပေးခန်း တစ်ခုသာ
ရှိပြီး ဆေးမှူးနှစ်ယောက်ရှိသည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now