"ငယ်ထွေးအခုတလောငြိမ်နေတယ်လို့မထင်ဘူး
လားဖိုးထောင်...""အေးနော်...ငါလဲသတိထားမိတယ်
ဖိုးထောင်...မင်းစူပါကတ်နဲ့..ငယ်ထွေးအိမ်ဘက်
တစ်ချက်လောက်သွားကြည့်ပါလား..""သူ ကျောင်းဆရာကိုကျော်စွာနဲ့ ဟိုတလောက
မြို့တက်သွားတယ်လို့တော့ကြားတယ်
အေး...ငါတစ်ချက်လောက်သူ့အိမ်ဘက်သွားကြည့်
ဦးမယ်...အခုတလော...မပြိုင်ရလို့လားမသိဘူး
နေရထိုင်ရသိပ်မကောင်းဘူးကွ""သွား..သွား..."
ဖိုးထောင်နှင့်သာဂိ စူပါကတ်လေးဖွတ်ချက်ဖွတ်ချက်
နှင့် ငယ်ထွေးတို့ဝိုင်းဘက်သို့ရောက်လာသည်။"ဟ...ဖိုးထောင်...ငယ်ထွေးတို့ဝိုင်းရှေ့မှာ
ကားရပ်ထားတယ်ဟ""မြင်ပါတယ်ကွ"
ဝိုင်းရှေ့ရပ်ထားသည့် ဟိုင်းလတ်ကားတစ်စီးကို
မြင်တော့ ဖိုးထောင် တွေးစရာရသွားသည်။
သူတို့ကြည့်နေစဥ်မှာပဲ အိမ်ဝိုင်းထဲကထွက်လာ
သည့် ငယ်ထွေးနှင့်ငခွေးကြောင့် ဆိုင်ကယ်ကို
သရက်ပင်နောက်သို့တွန်း၍ ရပ်လိုက်ကာ သရက်
ပင်အကွယ်ကချောင်းကြည့်လိုက်သည်။"ငယ်ထွေး ကားမောင်းသွားတာကွ"
"ဒါဆို အဲ့ဒီကားက ငယ်ထွေးဝယ်ထားတာပေါ့"
"ဖြစ်နိုင်တယ်..သူအခုတလော ကျောင်းဆရာနဲ့
မြို့ကိုခဏခဏသွားနေတာ ကားဝယ်ဖို့ထင်တယ်""တောက်....ညံ့လိုက်တဲ့ငါကွာ...ဘာလို့မသိခဲ့ရ
တာပါလိမ့်...""ငယ်ထွေးကအရင်လိုမဟုတ်တော့ဘူးကွ
အရင်ကဆို သူတစ်ခုခုလုပ်မယ်ဆို ငါတို့ကြိုသိ
ရတယ်...အခုတော့ ကားဝယ်လိုက်တာတောင်
မသိလိုက်ရဘူး"ဖိုးထောင် မချင့်မရဲနှင့် သရက်ပင်ကို လက်သီးဖြင့်
ခပ်ဖွဖွထိုးလိုက်ရင်းက ရေရွတ်သည်။"ငါတို့ နောက်ကလိုက်ကြည့်ရင်ကောင်းမလား
ဖိုးထောင်...""အေး..လိုက်ကြည့်ရအောင်..."
...............
"ကိုကြီးသာမောင်...ဘယ်လိုမောင်းနေတာလဲ...
ဒုက္ခပဲ..ဒီလိုသာဆက်မောင်းနေရင်...လူကော
ကားကော တစ်စစီဖြစ်တော့မယ်..."
YOU ARE READING
ပုဝါပါးလေး စွန်းမှာဆိုး
Fantasyဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။