ပုဝါပါးလေးစွန်းမှာဆိုး(၁၅)

1K 95 14
                                    


"ဆရာမလေး...ကျုပ်မနက်စာလာပို့တာ"

"ဝင်ခဲ့လေ ကိုသာအောင် "

ရုံးခန်းတံခါးဝ၌ရပ်၍ သူမကိုလှမ်းအသိပေးလာ
သည့် ကိုသာအောင်ကို စကားဖြူ ရုံးခန်းထဲသို့
ဝင်လာစေလိုက်သည်။
သာအောင်က သုံးဆင့်ချိုင့်ကို စားပွဲပေါ်သို့တင်
ပေးလိုက်ရင်းမှ

"အထွေးနဲ့ငခွေး မြို့တက်သွားကြလို့ ကျုပ်လာပို့
တာ ဆရာမလေး..."

"ဟင်...မြို့တက်သွားကြတယ်.."

"ဟုတ်တယ်ဆရာမလေး..မြလေးကိုသွားခေါ်ကြတာလေ...မြလေးပြန်လာတော့မှာ"

"ဟယ်...ဟုတ်သားပဲ...ကျွန်မအလုပ်ရှုပ်နေတာနဲ့
အဲ့ကိစ္စကိုမေ့နေတာ...ထွေးတော့ပျော်နေတော့မှာ
ပဲ."

"ဟုတ်တယ်ဆရာမလေးရေ...မနက်အစောတည်းက
တက်ကြွနေတာ..ဖြီးလိမ်းပြင်ဆင်ပြီး ထွက်သွား
ကြလေရဲ့..မြလေးကငယ်ထွေးနဲ့တော့ စာအဆက်
သွယ်အမြဲရှိနေတာဆိုတော့ အထွေးပဲလာကြိုလို့
ပြောလို့လေ..."

သာအောင်က အာပေါင်အာရင်းသန်သန်နှင့်
ငယ်ထွေးတို့အကြောင်း ဖောက်သည်ချနေသည်။
စကားဖြူ ပြုံး၍ နားထောင်နေရင်းမှ မသိစိတ်
တွင် တစ်မျိုးတစ်မည်ခံစားနေရသည်။

"ကဲ..ကျုပ်ပြန်ဦးမယ် ဆရာမလေး"

"ဟုတ်ကဲ့ကိုသာအောင်..."

သာအောင် ရုံးခန်းထဲမှ ပြန်ထွက်သွားသည်။
စကားဖြူ သုံးဆင့်ချိုင့်ကို လှမ်းယူလိုက်ရင်းမှ
ထိုင်ခုံတွင်လေးပင်စွာ ထိုင်ချလိုက်သည်။

..............

ကားကိုဂရုတစိုက်မောင်းနေသည့် ငယ်ထွေးကို
ကြည့်ကာ မြလေးငုံ ပီတီဖြစ်နေသည်။
ဒီတစ်ခေါက်သူမတို့ တစ်နှစ်ကျော်လောက်
မတွေ့ဖြစ်ခဲ့ကြဘူးလေ။
ဘွဲ့တစ်ခါတည်းယူပြီးမှ ရွာကိုပြန်လာတာဆိုတော့
မတွေ့ရသည့်အတောတွင်း ငယ်ထွေးပုံက တည်ငြိမ်
ရင့်ကျက်လာသလို ခံစားရသည်။
အမြဲ ပေပေတေတေနေတတ်သည့် ငယ်ထွေးက
အခုတော့ သပ်သပ်ရပ်ရပ်နှင့်နေတတ်လာပြီ။
သူမဝယ်ပေးထားသည့် အင်္ကျီလေးနှင့်အရမ်း
လိုက်ဖက်ကာ ကြည့်ကောင်းနေသည်။
ငယ်ထွေးက မြို့ကိုခဏခဏရောက်ဖြစ်သည်
ဆိုတော့ အရင်လိုမဟုတ်တော့ပဲ ဝတ်တတ်စား
တတ်ကာ လူရည်လာလာပြီဟုဆိုရမည်။
ဒေါ်လေးနှင့်စကားပြောဆိုပုံကိုကြည့်သည်နှင့်
ငယ်ထွေး ဘယ်လောက်ပြောင်းလဲလာသလဲ
ဆိုတာ မြလေး သိရသည်။

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now